ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ Octane(92) တစ်လီတာလျှင် (၃၇၈၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၅၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၀၀၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

     ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၇၆၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၂၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၁၀၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၇၅) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၂၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၃၅)ကျပ် ဈေးနှုန်းမြှင့်တက်လာကြောင်း၊  ပရီမီယမ်ဒီဇယ် တစ်လီတာလျှင်(၉၅)ကျပ်၊ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၇၅) ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ရာသီစာ မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  မန်ကျည်းပင်သည် အေးမြသောအရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် (၃၈၀၀)ကျပ်၊ မန်ကျည်းသီးစိမ်း(၁)ဘူးလျှင် (၅၀၀)ကျပ်နှင့် မန်ကျည်းရွက်နု(၁)ပုံလျှင် (၃၀၀)ကျပ်နှင့် မန်ကျည်း ရွက်နု(၂)ပုံလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့် မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုများအား  အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ပူစီနံနံရွက်နှင့် တရုတ်နံနံဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံနံပင်နှင့် တရုတ်နံနံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

          ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက်နှင့် တရုတ်နံနံများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ပူစီနံနံရွက်နှင့်တရုတ်နံနံများကို အစည်းလေးများစည်း၍ ရောင်းချရာ(၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ (၇)စည်းလျှင် (၁၀၀၀)ကျပ်နှင့် တရုတ်နံနံ (၁)စည်းလျှင်(၃၀၀)ကျပ်၊ (၂)စည်းလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တရုတ်နံနံကို အိမ်ရှင်မများဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြကြောင်း၊ ပူစီနံနံရွက်များ ကိုဒံပေါက်ဆိုင်များနှင့် ထမင်းဆိုင်များမှဝယ်ယူသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော သကြားခွေနှင့် ဇီးပြား ဈေးနှုန်း

          ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် သကြားခွေနှင့် ဇီးပြားများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ဇီးပြားဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင်(၈၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၁၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း သကြားခွေ ဈေးနှုန်းအနေဖြင့် သကြားခွေ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေး နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဇီးပြားဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းပြန်လည်ကျဆင်းလာသော ‌ရွှေပဲသီးနှင့် ဘိုစားပဲသီး

          ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ရောင်းချလျက်ရှိသော  ‌ရွှေပဲသီးဈေးနှုန်းမှာ  ရွှေပဲသီး တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းများဖြင့်လည်းကောင်း ဘိုစားပဲသီးဈေးနှုန်းများမှာ ဘိုစားပဲသီးအပြား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ဘိုစားပဲသီးအလုံး လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဥ်လျှင် ရွှေပဲသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘိုစားပဲသီးအပြား တစ်ပိဿာလျှင်(၂၀၀၀)ကျပ်နှင့် ဘိုစားပဲသီးအလုံး တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်း လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသော မုံလာဥဖြူ ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် မုံလာဥဖြူကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင်ရောင်းချကြပါသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယအပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  မုံလာဥဖြူဈေးနှုန်းမှာ မုံလာဥဖြူအကြီး()လုံးပါ တစ်တွဲလျှင်(၈၀၀)ကျပ်၊ ()တွဲလျှင်(၁၅၀၀)ကျပ်၊ (၁၀)တွဲလျှင်(၇၅၀၀)ကျပ်နှင့် မုံလာဥဖြူအသေး()လုံးပါ()တွဲလျှင်(၇၀၀)ကျပ်၊(၁၀)တွဲလျှင်(၆၈၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မလိုင်လုံးနှင့် ကုလားပဲချောင်း ဈေးနှုန်း

         ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံး၊ မလိုင်ချောင်းနှင့် ကုလားပဲချောင်းများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက် ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် မလိုင်လုံးနှင့် ကုလားပဲချောင်းများကို ရောင်းချလျက်ရှိရာ မလိုင်လုံးဈေးနှုန်းအနေဖြင့် မလိုင်လုံး တစ်ပိဿာလျှင်(၁၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း တစ်ပိဿာလျှင်(၁၀၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ဒေသထွက် ဖရဲသီးနှင့် ဩဇာသီး ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီးဈေးနှုန်းများမှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊  အသေး(၃၃၀၀)ကျပ်နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင် (၃၀၀)ကျပ်၊ ဩဇာသီးဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၅၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၄၀၀/၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး  ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးမျိုးစုံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် ဈေးနှုန်း

            သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၃၅၀၀)ကျပ် နှင့် အသေး တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အကြီးတစ်ထုတ်လျှင်(၄၀၀၀)ကျပ်၊ အသေး (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဥ်လျှင်(၁၅၀၀)ကျပ် ပြန်လည်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ဒညင်းသီးဈေးနှုန်း/ ဈေးကွက်

          ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီပေါ်အစားအစာများ၊ အသီးအနှံများကို ရောင်းချလျက်ရှိသည့်အပြင် ဒညင်းသီးများကိုလည်းရောင်းချလျက်ရှိပါသည်။ ဒညင်းသီးများကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့မှလည်း သယ်ယူရောင်းချကြကြောင်း၊ ဒညင်းသီးများမှာ လှိုင်လှိုင်ထွက်ရှိ၍ ဒညင်းသီးများကို အစိမ်းလိုက်သော်လည်းကောင်း၊ အရံသင့်စားသုံးရန်အတွက် ဒညင်းသီးများကိုပြုတ်၍သော်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဒညင်းသီးအစိမ်းကို အချိန်ဖြင့်ရောင်းချ၍ ဒညင်းသီးပြုတ်ကို အလုံးရေဖြင့်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယ) ပတ် တွင် ဖြစ်ပေါ်နေသော ဒညင်းသီးဈေးနှုန်းမှာ (၂၅)ကျပ်သား လျှင် (၁၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချပြီး ဒညင်းသီးပြုတ်ဈေးနှုန်းမှာ (၅)လုံးလျှင် (၁၀၀ဝိ/-)ကျပ် ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း