ကန့်ဘလူမြို့မဈေးတွင် ငါးရံ့၊ ငါးဘတ်ဈေးငြိမ်ပြီး တီလားဗီးယားငါးဈေးနှုန်းကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီးယားငါး အကြီး(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တီလားဗီးယားငါး (၁)ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း ငါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)








