ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ မြို့မဈေးတွင် ရောင်းချနေသော ပျားရည်ဈေးနှုန်း

           ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိ သလို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ ထိုလက်လုပ်လက်စားလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက်နှင့် ပျားရည်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြပါသည်။

             ပျားရည်သည် ဆေးဘက်ဝင်သော အရာတစ်ခုဖြစ်၍ တနှစ်ပတ်လုံး ဆေးအသုံးပြုရန်အတွက် ကြိုတင်ဝယ်ယူကြသလို ၊ ပျားရည်ကို သောက်သုံးခြင်းဖြင့် အားပြည်သည်ဟု သိရှိရသဖြင့် ရေနှင့် ဖျော်ပြီး သောက်သုံးကြရန်အတွက်လည်း ဝယ်ယူခြင်း၊ မြို့ကြီးပြကြီးတွင် သဘာဝ ပျားရည်အစစ် ရှားသည့်အတွက် မြို့ကြီးပြကြီးရှိ ဌာနပေါင်းစုံလူကြီးများ/ မိတ်ဆွေ အပေါင်းသင်းများကို လက် ဆောင်ပေးရန်အတွက်လည်းဝယ်ယူကြပါသည်။

            ယခု ဖေဖော်ဝါရီလ ဒုတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားရည် ဈေးနှုန်းအနေဖြင့် ပျားရည် တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်နှုန်း၊ ပျားရည်(၄၀)ကျပ်သားဝင် ပုလင်း တစ်လုံးလျှင်(၁၅၀၀၀)ကျပ်၊ ပျားရည်(၂၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၈၀၀၀)ကျပ် နှင့် ပျားရည်(၁၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ပျားရည်ရောင်းချနေသည် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းအခြေအနေ

            ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

           ယခုအခါ နှမ်းဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း နှမ်းနက်(စမုံ) တစ်တင်းလျှင်(၂၂၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၁၃၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၇၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင်(၃၀၀၀)ကျပ် ကျဆင်းသွား ကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဇလွန်မြို့နယ်တွင် ဂေါ်ဖီထုပ်များ စတင်ထွက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ရာသီအလိုက်လုပ်ကိုင်ကြပြီး ယခုနှစ်‌ဆောင်းရာသီတွင် ဂေါ်ဖီထုပ် များကို အများဆုံးစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ဂေါ်ဖီထုပ်မျိုးအနေဖြင့် သက်လျင မျိုးနှင့် သက်ကြီးမျိုး ဟူ၍ ရှိပြီး ဇလွန်မြို့နယ် သဲကုန်းကျေးရွာတွင် သက်လျင်ဂေါ်ဖီထုပ်မျိုးကိုသာ စိုက်ပျိုးကြပါသည်။ (၆.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဇလွန်မြို့နယ်တာဝန် ခံ ဦးသန့်ဇင်ဦးမှ သဲကုန်းကျေးရွာနေ တောင်သူ ဦးခင်ဝင်း စိုက်ပျိုးထားသော (ဒဿမ ၂၀)ဧကရှိ သက်လျင် ဂေါ်ဖီထုပ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းရာ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးသော ဂေါ်ဖီထုပ်များသည် ဖေဖော်ဝါရီလ ပထမပတ်တွင် စတင်ခူးစွတ်ရောင်းချနေပြီဖြစ်ကြောင်း၊ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး(ဒဿမ ၂၀)ဧကတွင် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုးစေ့တစ်ထုပ်လျှင်(၁၈၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရပြီး  သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၅ သိန်းခန့် ကုန်ကျပြီး၊ အထွက်နှုန်းအနေဖြင့် ဂေါ်ဖီအထုပ်ရေ ၁၅၀၀ ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။  ဈေးနှုန်းအနေဖြင့် ဂေါ်ဖီတစ်ထုပ်လျှင် ၁၄၀၀ ကျပ်ဖြင့် ရောင်းချရပြီး ၁၆ သိန်းကျပ်ဝန်းကျင် အကျိုးအမြတ်ရရှိကြောင်း တောင်သူ ဦးခင်ဝင်းထံမှ သိရသည်။  ဈေးကွက်အနေဖြင့် ဒေသတွင်း ရောင်းချမှုအပြင် အဝယ်ဒိုင်များမှ တစ်ဆင့် အခြားဒေသများသို့လည်း  တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ဈေးကွက်

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၇၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာအလုံး လှပြီးအကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများ ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

               ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၅၀၀၀)ကျပ်နှင့် ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲသီးနှံဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ မတ်ပဲ(မျက်ကွင်းဖြူ)တစ်တင်းလျှင်(၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

              ယခုအခါ ဈေးကွက်အတွင်း မတ်ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း မတ်ပဲဈေးနှုန်း တစ်တင်းလျှင်(၅၀၀၀)ကျပ်ကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးနှုန်း

             အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင် အညာဒေသ၏အမှတ်အသား ဖြစ်သည့် မန်ကျည်းပင်များ ပေါများစွာပေါက်ရောက်လျက်ရှိပြီး မန်ကျည်းပင်သည် အရိပ်အာဝါသ ပေးသော အပင်ဖြစ်သည့်အပြင် အသီးကို အစာအာဟာရအဖြစ်သော်လည်းကောင်း၊ ကျန်းမာရေးအတွက် ဆေးအဖြစ်သော်လည်းကောင်း အသုံးပြကြပါသည်။ မန်ကျည်းပင်တစ်ပင်လုံး၏ အသုံးဝင်ပုံမှာ မန်ကျည်းရွက်နု၊ မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်ဟူ၍ ကဏ္ဍအလိုက် အသုံးဝင်သော အသီးဖြစ်သည်။

            မန်ကျည်းသီးအစိမ်းကို ထောင်းစား၍သော်လည်းကောင်း၊ ချဉ်ရေချက်၍သော်လည်းကောင်း စားသုံးကြပြီး မန်ကျည်းသီးမှည့်ကို မှည့်သည့်အချိန်တွင် အစေ့ထုတ်ကာ ဆားဖြင့်နယ်ပြီး နှစ်ရှည်ခံ အောင် ဖန်ဘူးများ၊ စဉ့်အိုးလေးများဖြင့် လေလုံအောင်သိမ်းဆည်းထားပါက နှစ်ပေါက်စားရသော အသီးဖြစ်သည်။ အလွန်ပူအိုက်သောရာသီဖြစ်သည့် နွေရာသီတွင် မန်ကျည်းသီးမှည့်များကို မန်ကျည်းဖျော်ရည် အဖြစ်ရောင်းချချကြောင်း၊ အခါကြီးရက်ကြီးနေ့များတွင် ဘုရားကျောင်း ကန်များ၌ မန်ကျည်းဖျော်ရည်အဖြစ် လှူဒါန်းကြကြောင်း၊ ရွှေဘိုမြို့တွင် မန်ကျည်းစိမ်းပေါ်ချိန်၌ နို့ဆီဘူး(၁)ဘူးလျှင် (၇၀ဝိ/-)ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယ) ပတ်တွင် ပေါ်ဉီးပေါ်ဖျား မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ  အစေ့ပါ(၁)ပိဿာလျှင် (၁၂၀၀ဝိ/-) ကျပ်၊ အစေ့လွတ်(၁)ပိဿာလျှင်(၂၀၀၀ဝိ/-)ကျပ်၊ မန်ကျည်းသီးမှည့်အဟောင်း (၁)ပိဿာလျှင် (၈၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၇၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၄၅၀)ကျပ်၊ ဥသေးတစ်လုံးလျှင်(၄၂၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၈၀၀) ကျပ်၊ ဥသေးတစ်လုံးလျှင် (၇၅၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီးယခင်လကာလတူဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများမှမိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း ကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုန့်ညှင်းရွက် ဈေးနှုန်းဈေးကွက်

             မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့် ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

             မုန့်ညှင်းရွက်သည် မြေမရွေးသော်လည်း မြေဆီသြဇာ ပြည့်စုံမှုရှိရန် အထူးအရေးကြီး သည်။ မုန့်ညှင်းကို မြန်မာပြည်တွင် မေလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်သည်။စိုက်ချိန်တွင် မြေ အစိုဓါတ် လုံလောက်စွာရရှိနေရန် အရေးကြီးသည်။စိုက်ပြီး(၂၅-၃၀)ရက်ကြာသော် မုန့်ညှင်းရွက်များကို စားသုံးနိုင်ပြီးဖြစ်သည်။

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ရောင်းချနေသော ကုန်စိမ်း သည်များထံမှ မုန့်ညှင်းစျေးနှုန်း (၅၀၀-၇၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းကျဆင်းနေသည့် ခရမ်းချဉ်သီးနှင့်အာလူးသီးဈေးကွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံး စွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

           စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များ မှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ခရမ်းချဉ်သီးများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၃၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၁၀၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေကျပ် (၇၀၀၀)ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁)ပိဿာ လျှင်ငွေကျပ်(၅၀၀)နှင့် အားလူးသီး(၁)ပိဿာလျှင်ငွေကျပ်(၃၀၀၀) ဈေးနှုန်းကျဆင်းလာပြီးပုံမှန်အ တိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်နေသော နှင်းဆီပန်း ဈေးနှုန်းအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေများကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

          နှင်းဆီပန်းသည် ပန်မန်စိုက်ပျိုးရေးတွင် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်သည်။ အခြားပန်း များနှင့်မတူ ရာသီအရွေးထွက်ရှိသော ပန်းတစ်မျိုးဖြစ်သည့်အတွက် နေရာအနှံအပြားတွင် အရောင် အဆင်း အစုံလင်စိုက်ပျိုးကြကြောင်းတွေ့ရှိရပါသည်။ နှင်းဆီပန်းသည် ဘုရားပန်းကပ်လှူပူဇော်ယုံ သာမက နေအိမ်၊ ဈေးဆိုင်များတွင် အလှပန်းအိုးထိုးခြင်း၊ တရားဓမ္မသဘင်ပွဲများတွင် အလှပန်း ထိုးခြင်း များ၊ အမေများနေ့ ချစ်သူများနေ့ နေ့ထူးနေ့မြတ်များတွင် လက်ဆောင်ပန်းစည်းများပြုလုပ်ခြင်းများ စသည် တို့အသုံးပြုကြပါသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် နှင်းဆီပန်း ဈေးနှုန်းဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၅၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်)တစ်ပွင့်လျှင်(၃၅၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၃၀၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာ ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း