ကန့်ဘလူခရိုင်၏ မန်ကျည်းသီးမှည့် ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ကြသည်။ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်း သီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များကို လူကြိုက်များ ၍အရောင်းအဝယ်ပိုဖြစ်သည်။ အစေ့လွတ်မန်ကျည်းသီးမှည့်ရရှိရန်အတွက် မန်ကျည်းသီးမှည့် အတောင့်များကို အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။
ကန့်ဘလူခရိုင်၌ မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များကလည်း အသုံးပြုကြောင်း၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း အစေ့လွတ် မန်ကျည်းသီးမှည့် အဟောင်းတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ (၅၀)ကျပ်သားလျှင် ၆၇၀၀ကျပ်၊ အစေ့ ပါမန်ကျည်းသီးမှည့် အသစ်တစ်ပိဿာလျှင် ၃၀၀၀မှ ၃၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန် ကျည်းသီးမှည့်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)