ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၈.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၄၂၅၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၄၀ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၃၂၀ နှင့် ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၃၀ နှင့် ဈေးနှုန်းများမှာ ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၆၃၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၇၈၂ အိတ်၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၈၅၆၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၉၃၊  ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၆၃ ၊ ဈေးနှုန်းများမှာ ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၉၄၀၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၄၀၅၈၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၉၁၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၄၇၆၊ ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၄၂၀၊ ဈေးနှုန်းများမှာ ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ဆန်ကွဲ အိတ်ရေ ၄၈၉၂ အိတ်၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။      ၈.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(ရှေ့)၊ ပဲခူး(နောက်) နှင့် ဧရာဝတီတိုင်းတို့မှ ရှယ်စစုစုပေါင်း အိတ် ၁၂၀၉၀၊ ဆန်ကြမ်းထိပ်စ ၁၀၆၈၇၊ လတ်စ ၇၃၈၉၊ ၂၅ မတ်ဆန် ၁၄၂၀၊ ဆန်ကွဲ ၄၈၉၂၊ စုစုပေါင်း ၅၀၈၄၃ အိတ်တို့ဝင်ရောက်ခဲ့ပြီး ဆန်ဈေးအနည်းငယ်ပြောင်းလဲသွားကြောင်း သိရှိရပါ သည်။

DOCA (ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

   ၉.၁၀.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်း များမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၄၀၀ မှ အများဆုံး ကျပ် ၅၇၀၀၊ ညောင်ဦးဆေးရှယ်ကျပ် အနိမ့်ဆုံးဈေး ၅၄၀၀ မှ အများဆုံး ကျပ် ၆၈၀၀၊ ညောင်ဦး ဆေးရှယ် (ထန်းရော)  အနိမ့်ဆုံးဈေး ကျပ် ၄၄၀၀ မှ အများဆုံး ကျပ် ၄၅၀၀၊ ပခုက္ကူ ကြမ်း ကျပ် ၅၆၅၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၆၈၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၅၀၀၊ ကြံသကာ (သကြားရော) ကျပ် ၅၂၀၀၊ မန်ကျည်းသီးများ ဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ ကျပ် ၉၃၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၄၀၀ မှ ကျပ် ၄၆၅၀ တို့ အသီးသီးဖြစ် ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါ သည်။

DOCA(ရန်ကုန်)

မအူပင်မြို့နယ်တွင် ရောင်းချနေသော ကွမ်းသီးမှည့် ဈေးနှုန်းကျဆင်း

         မအူပင်မြို့နယ်တွင် ဘိတ်၊ ကော့သောင်း ကွမ်းသီးမျိုးခံ၍ စိုက်ပျိုးနေကြပြီး မအူပင်မြို့နယ် အနီးကျေးရွာများတွင် စိုက်ပျိုးထွက်ရှိလျက်ရှိပါသည်။ ဘိတ်ကွမ်းသီးများကိုလည်း လက်ဝယ်ဒိုင်များက နှစ်စဉ်မှာယူရောင်းချနေပြီး တစ်ပါတ်လျှင်  ၆ဘီးကား (၃)စီး၊ ၁၂ဘီကား (၃)စီး မအူပင်မြို့သို့ ဝင်ရောက်နေကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း၌ မအူပင်ဈေးကွက်တွင်ရောင်းချသော ကွမ်းသီးဈေးနှုန်းများမှာ ကွမ်းသီးအကြီးအလုံးလှ ၁လုံးလျှင် ၁၅၀ကျပ်၊ အလတ် ၁၀၀ကျပ်၊ အသေး ၈၀ကျပ်ဖြင့် လုံးကောက်ရောင်းချနေကြောင်း တွေ့ရှိရသည်။ ကွမ်းသီးတစ်အိတ်လျှင် အလုံး၁၀၀၀ပါဝင်ပြီး ၁အိတ်ဈေး  ငွေကျပ် ၈၀၀၀၀-၁၀၀၀၀၀-၁၅၀၀၀၀ကျပ်ဖြင့် မှာယူရောင်းချရပြီး တစ်ပါတ်လျှင် ကွမ်းသီးအိတ် ၅၀အိတ် ၁၀၀ ထိရောင်းချရကြောင်း မအူပင်ဈေးကွက်အတွင်းရောင်းချသူထံမှ သိရသည်။

        ဇူလိုင်လက ကွမ်းသီးအကြီးအလုံးလှ ၁လုံးလျှင် ၂၅၀-၃၀၀ကျပ်၊ အလတ် ၂၀၀ကျပ်၊ အသေး ၁၅၀ကျပ်ဖြင့် လုံးကောက်ရောင်းချနေကြောင်း တွေ့ရှိရသည်။ ကွမ်းသီးဈေးများကျဆင်းလာပြီး ဈေးနှုန်းကွာခြားမှုအနေဖြင့် ၁၅၀ကျပ်ထိ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ကွမ်းသီးအခွံချွတ် ၁ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချနေပြီး ယခင်ဈေးနှင့် ၁၀၀၀ကျပ် ကျဆင်းလာကြောင်း တွေ့ရှိရသည်။ ဒေသတွင်း ကွမ်းသီးစိုက်ပျိုးသူများပြားလာခြင်း ကွမ်းသီးထွက်ရှိမှု များပြားလာမှုကြောင့် ဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး နှင့် ဩဇာသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ရာသီစာ အသီးအနှံ မာလကာသီးနှင့်ဩဇာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မာလကာသီးနှင့် ဩဇာသီးသည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ် သည်။ မာလကာသီး နှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

   ၉.၁၀.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောရေထွက်ကုန်ပစ္စည်း များ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချိုသေးရှယ် ကျပ် ၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၈၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၁၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီး ကြပ်တိုက်သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၇၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀ ၊ ငါးရံ့ခြောက် လတ်ကျပ် ၇၀၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၆၅၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၂၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၇၀၀၀၊ ငါးတံခွန်မျှင်ကြီးရှယ်  ကျပ် ၂၃၀၀၀၊ ငါးတံ ခွန်လုံးကြီး ကျပ် ၅၅၀၀၀၊ ငါးနှပ်ခြောက် ကြီး(ရှယ်) ကျပ် ၅၅၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၂၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၉၀၀  ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့တွင် ရောင်းချနေသော သံပရာသီးနှင့် ရှောက်သီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် သံပရာသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ သံပရာသီးနှင့် ရှောက်သီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့် သံပရာသီးနှင့် ရှောက်သီးများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိ ကြောင်းသိရှိရပါသည်။   

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းမှာ သံပုရာသီး အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံး လျှင် (၁၅ဝိ/-) ကျပ်မှ (၇)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး (အသေး) (၁)လုံး လျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး (အကြီး) (၁)လုံးလျှင်(၅၀၀)  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မအူပင်မြို့နယ်မှ ရောင်းချနေသော ငါးရံ့ခြောက်ဈေးနှုန်း အခြေအနေ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ငါးရံ့ခြောက်များထွက်ရှိပြီး ငါးရံ့စိုကိုခွဲ၍ ငါးရံခြောက်လှန်ပြီး ပြန်လည်ရောင်းချသော လုပ်ငန်းများရှိသည်။ ယခုကာလတွင် ငါးရံများပေါ်များထွက်ရှိလာပြီး ငါးရံအစို အကောင်သေး ၁ပိဿာကို ၁၅၀၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

      ငါးရံ့ခြောက်ဈေးနှုန်းအနေဖြင့် အောက်တိုဘာလက ၁ပိဿာလျှင် ၁၄၀၀၀၀-၁၅၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ငါးခြောက်ရောင်းချသော လုပ်ငန်းထံမှ သိရသည်။ ယခုရောင်းချနေသော ငါးခြောက်သည် မနှစ်ကထွက်ရှိသော လက်ကျန်ငါးရံ့ခြောက်ဖြစ်ပြီး ဒေသထွက် ငါးရံ့ခြောက်များ ထွက်ရှိမှနည်းပါးနေခြင်းကြောင့် ဈေးနှုန်း ကြီးမြင့်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်းထွက်ရှိသော ငါးရံ့ခြောက်များ ထွက်ရှိလာပါက  ဈေးနှုန်းကျဆင်းနိုင်ကြောင်း ငါးရံခြောက်ရောင်းချသူ ကိုတင်အေးနှင့်မသူဇာ ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

၉.၁၀.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

   ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၉.၁၀.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၈၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၇၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၆၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပါတ်တွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် ၇၇၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၇၈၀၀ ကျပ်ခန့် မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်ရှိရာမှ ၇၅၀၀ ကျပ်ခန့် နှမ်းနက်မှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၆၆၀၀၀၀ ကျပ်ရှိရာမှ ၆၇၀၀၀၀ ကျပ်ခန့် ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် ၁၅၈၀၀ ဝန်းကျင်ရှိရာမှ ၁၆၀၀၀ ရှိမည်ဟု ခန့်မှန်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

၉.၁၀.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

  ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ် အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၉.၁၀.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၈၂၄၀၀၀) ကား (၁၀၃) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၄၇၀၀၀) ကား (၂၅) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၃၈၈၀၀)  ကား (၂၇) စီးဝင်ရောက်ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး စက်တင်ဘာလ (၃၀) ရက်နေ့ မှ အောက်တိုဘာလ () ရက် နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပြင်ဦးလွင်မှ အာတာလွတ်ဥ တစ်ပိဿာ ကျပ် ၄၀၀၀၊ တောင်ကြီးမှ ထောပတ်သီး အိတ်ကြီးတစ်အိတ် ကျပ် ၃၀၀၀၀၊  တိုက်ကြီး မှ ကလောဥ တစ်ပိဿာ ကျပ် ၁၂၀၀၊ ပုပ္ပါးမှ ဩဇာသီး အလုံးကြီး ဂျပ်ဖာ ကျပ် ၂၅၀၀၀၊  မော်လမြိုင်မှ ကျွဲကောသီး ကျပ် ၆၀၀၀/၅၀၀၀/၂၀၀၀၊ မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၂၅၀၀/၆၀၀၀၊ ပုပ္ပါး၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၃၀၀၀၀/၂၀၀၀၀/၁၅၀၀၀၊  အောင်ပန်းမှ လိမ္မော်သီး တစ်ပိဿာ ကျပ် ၈၀၀၀၊  အင်းမ မှ ဖရဲသီး(211) အလုံးကြီး ကျပ် ၆၀၀၀/၅၀၀၀/၂၀၀၀၊  တိုက်ကြီး၊ မှ မာလာကာသီး အိတ်ကြီး တစ်အိတ် ၄၅၀၀၀/၁၀၀၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၈၀၀၀၀၊ ရှမ်းပြည်မှ ပန်းသီး တစ်သေတ္တာကျပ် ၈၅၀၀၀၊ တောင်ငူမှ ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀၀/ ၁၅၀၀၀/ ၁၀၀၀၀    ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ် နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း