ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်း

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာ ကို ရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း နေကြာတစ်တင်းလျှင် (၅၇၀၀၀)ကျပ်ဖြင့်အရောင်းအ ဝယ်ဖြစ်ခဲ့ပြီး ယခုလတတိယပတ်အတွင်း နေကြာတစ်တင်းလျှင် (၅၆၀၀၀)ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိသောကြောင့် ဆီနေကြာတစ်တင်းလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ဒေသ တွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ခရမ်းသီးခြောက်ဈေးနှုန်း

          ရွှေဘိုမြို့ရှိ ဈေးများတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းသီးခြောက်များကို ရောင်းချလျက်ရှိပါသည်။ ခရမ်းသီးမျိုးများမှာ ပဒေသာသီး(ခေါ်)ခရမ်းညိုသီး၊ အက်တောသီးနှင့် ခရမ်းသီး(အစိမ်း)သီးဟူ၍ (၃)မျိုးရှိကြောင်း၊ ခရမ်းသီးများလှိုင်လှိုင်ပေါ်သည့်အချိန်တွင် နေပူ အခြောက်လှမ်းကာ ရောင်းချကြကြောင်း၊ ပေါ်ဉီးပေါ်ဖျားခရမ်းသီးခြောက်များမှာ တပို့တွဲလမှ စတင်၍ လှိုင်လှိုင်ပေါ်ကြောင်း၊ ခရမ်းသီးခြောက်များကို နှစ်ပေါက်စားသုံးရန်နှင့် လက်ဆောင်ပေးရန် ဝယ်ယူကြကြောင်း၊ ခရမ်းသီးခြောက်များကို ရွှေဘိုမြို့နယ်အပြင် ရေဉီးမြို့နယ်မှလည်း လာရောက် ရောင်းချကြောင်း သိရှိရပါသည်။

          အချို့ဒေသများတွင် ခရမ်းသီးခြောက်များကို ပြည်ချင့်ရောင်းချသည့်အပြင် ရွှေဘိုမြို့တွင် အလေးချိန်ဖြင့် ရောင်းချချကြောင်း၊ ရွှေဘိုမြို့၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယ)အပတ်တွင် ရောင်းချသည့် ခရမ်းသီးခြောက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင်(၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မြို့မဈေးရှိ ငါးရံ့ ဈေးနှုန်း/ဈေးကွက်

ငါးရံ့သည် အသားကျစ်လစ်၍ အရိုးနည်းသည့်အတွက် စားသုံးမှုများသည့်အပြင် အခြောက် လှမ်း၍ ရသော ငါးရံ့‌ခြောက်ကိုလည်း လူအများက နှစ်သက်စွာ စားသုံးကြသည်။  ငါးရံ့‌‌ခြောက်များကို  ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော  ငါးရံ့ ဈေးနှုန်းများ အနေဖြင့် ငါးရံ့ (အကြီး ) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ် နှင့် (၂၅ ) ကျပ်သားလျှင် (၈၀၀၀) ကျပ်၊ ငါးရံ့(အ‌သေး)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀) ကျပ်သား လျှင် (၁၀၀၀၀)ကျပ် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်၊ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ မြို့မဈေးကြီးနှင့် ပွဲရုံများတွင် ကြက်သွန်ဖြူ(အသစ်)ဈေးနှုူန်းများ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရှိ မြို့မဈေးကြီးနှင့် ကြက်သွန်ရောင်းချသည့် ပွဲရုံများတွင်  ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)အပတ်မှ စတင်၍ ကြက်သွန်ဖြူ (အသစ်)များ စတင် ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်ဖြူ(အသစ်)များမှာ ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုန်းရွာ၊ သမံသာရွာ၊ ကျောက်တိုင်ရွာများမှ လာရောက် ရောင်းချချကြ သည့်အပြင် ရေဦးမြို့နယ်များမှလည်း လာရောက်ရောင်းချချကြောင်း သိရှိရပါသည်။

            ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယ)အပတ်တွင် ရောင်းချသည့် ကြက်သွန်ဖြူ(အသစ်) ဈေးနှုန်းများမှာ အရွယ်အစားအကြီးအသေးပေါ်မူတည်၍ (၁)ပိဿာလျှင် (၉၀၀ဝိ/-)ကျပ်မှ (၁၃၀၀ဝိ/-)ကျပ်ထိ ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရောင်းချသည် လုပ်ငန်းရှင်ထံမှ သိရှိ ရပါသည်။      

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ကြက်သွန်နီ(အသစ်)များ ဝင်ရောက်

              စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရှိ ဈေးများတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)အပတ်မှ စတင်၍ ကြက်သွန်နီ (အသစ်)များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန် နီ(အသစ်)များမှာ ဝက်လက်မြို့နယ်ရှိ သမံသာရွာ၊ မင်းကျီရွာနှင့် ကျောက်တိုင်ရွာများမှ လာရောက် ရောင်းချချကြသည့်အပြင် ရေဦးမြို့နယ်များမှလည်း လာရောက်ရောင်းချချကြောင်း သိရှိရပါသည်။

            ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယ)အပတ်တွင် ရောင်းချသည့် ကြက်သွန်နီ(အသစ်) ဈေးနှုန်းများမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၅၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်ထိ ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရောင်းချသည် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော စွန်တာနီပဲ(ခေါ်)ပဲနီရေပွ ဈေးနှုန်း/ ‌ဈေးကွက်

ရက်စွဲ၊ ၁၆..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ စွန်တာနီပဲ (ခေါ်)ပဲနီကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပဲနီကို ကန့်ဘလူမြို့ပွဲရုံများနှင့်မမြို့ပေါ်ဈေးကွက်သို့ လာရောက် ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          စွန်တာနီပဲ(ခေါ်)ပဲနီရေပွသည် ဘာသာမရွေး လူသားတိုင်း ကြိုက်နှစ်သက်ပြီး စားအလွန် ကောင်းကာ  နုညံ့သည့် ပဲတစ်မျိုးဖြစ်သည်။ စွန်တာနီပဲ(ခေါ်)ပဲနီအစိမ်းကို လှော်ပြီးမှ ပြုတ်ရကြောင်း ပဲနီ(၁)ပြည်ပွလျှင်(၂)ပြည်ရကြောင်း၊ (၁)ရက်ကို ပဲနီ(၄)ပြည်ပွရကြောင်း၊  စွန်တာနီပဲ(ခေါ်)ပဲနီအစိမ်း (၁)ပြည်ကို (၇၀၀၀)ကျပ်ဖြင့်ဝယ်ရကြောင်း စွန်တာနီပဲ(ခေါ်)ပဲနီပွပြီးသား ပဲရေပွကို အရန်ဟင်းကြမ်း တစ်ခွက်အဖြစ် ကြော်စားကာ ထမင်းအရမ်းမြိန်စေသော ပဲတစ်မျိုးဖြစ်ကြောင်း စွန်တာနီပဲ(ခေါ်)ပဲနီရေပွ ရောင်းချသူထံမှ သိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ စွန်တာနီ ပဲ(ခေါ်)ပဲနီရေပွ  နို့ဆီ တစ်ဘူးလျှင် (၆၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး  (၁)ရက်ကို ပဲနီ(၄)ပြည် ပွရကြောင်း၊  စွန်တာနီပဲ(ခေါ်)ပဲနီအစိမ်း(၁)ပြည်ကို(၇၀၀၀)ကျပ်ဖြင့်ဝယ်ရပြီး  စွန်တာနီပဲ(ခေါ်)ပဲနီရေပွ (၁)ပြည်ပွလျှင်(၂)ပြည်ရပြီး စွန်တာနီပဲ(ခေါ်)ပဲနီရေပွကို (၁)ပြည်လျှင်(၄၈၀၀)ကျပ်ဖြင့် ရောင်းချ‌ ရသော ကြောင့် တရက်လျှင် အမြတ်ငွေ(၁၀၀၀၀)ကျပ်အနိမ့်ဆုံးရရှိကြောင်း စွန်တာနီပဲ(ခေါ်)ပဲနီရေပွ ရောင်းချ သူထံမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ တွံတေးမြို့နယ်ဈေးကွက်တွင်ရောင်းချနေသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ”

        ဖေဖော်ဝါရီလ ဒုတိယပတ်တွင် တွံတေးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း၊ဆန်ချောအမျိုးအစားအလိုက် ဧည့်မထဆန်တစ်ပြည်လျှင် (၃၃၀၀-၃၄၀၀)ကျပ်၊ တောင်ပျံ တစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ကြားပျံတစ်ပြည် လျှင်(၅၄၀၀)ကျပ် ၊ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်အပတ်တွင် (၇၆၅၀)ကျပ် ဖြစ်ပြီး ယခုအပတ်တွင် (၇၄၇၀)ကျပ်ဖြစ်၍ စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာ လျှင် (၄၀၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်၊နနွင်းမှုန့်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၆၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊  ငြုပ်တောင့်ရှည်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ မန်းကျီးသီးမှည့်တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးရံခြောက် တစ်ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် (၇၀၀)ကျပ်၊ ကြက်ဥ (CP) တစ်လုံး လျှင်(၃၇၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင်(၄၂၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

အလားတူ အသား၊ငါးဈေးနှုန်းများဖြစ်သော ဗမာကြက်တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ CPကြက် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ လျှင်(၁၈၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၂၅၀၀-၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့မစည်ပင်သာယာ ဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရပြီး ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်လျှက် ရှိပြီး နှင့် စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်၌ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

            ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကွမ်းခြံကုန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ငစိန်ဆန် တစ်ပြည်လျှင်(၂၈၀၀)ကျပ်ထိ၊ ကြားပျံဆန်(ရိုးရိုး) တစ်ပြည်လျှင်(၅၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင်ယခင်ပတ်တွင်(၇၅၅၀)ကျပ်၊ ယခုပတ်တွင်(၇၄၆၀)ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ အသစ်ဆိုဒ်စုံတစ်ပိဿာလျှင်(၃၅၀၀-၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငြုပ်တောင့်(အပု) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး လျှင်(၄၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင်(၅၃၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

           အလားတူဗမာကြက်တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ် ဝက်သားတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ဆိတ်သား   တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်စသည့်ဖြင့်လည်းကောင်း ဈေးနှုန်း အသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရသည်။

          ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ဆန်ချောဈေးနှုန်းများ၊ အသား၊ ငါး ဈေးနှုန်းများ၊ ကြက်ဥ၊ ဘဲဥနှင့် ကြက်သွန်နီဈေးနှုန်းနှင့် စားသောက်ကုန်ဈေးနှုန်းများမှာတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားလျက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)

မတ်ပဲများ စတင်ရိတ်သိမ်း

          ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ ကွင်းလယ်စုကျေးရွာနေ ဦးဌေးမြင့်၏ လယ်မြေတွင် မတ်ပဲများ စတင်ရိတ်သိမ်းနေကြောင်းသိရပါသည်။ ကနဦးပေါ်စ မတ်ပဲဧက (၃) ဧက စတင်ရိတ်သိမ်းကြောင်း တစ်ဧကလျှင် (၁၃) တင်းခန့် ထွက်ရှိကြောင်း လယ်ပိုင်ရှင် ဦးဌေးမြင့်၏ ပြောကြားချက်အရ သိရသည်။

          ၁၀.၂.၂၀၂၅ ရက်နေ့ မတ်ပဲဈေးနှုန်းအရ (၁) တင်းလျှင် ၉၄၀၀၀ ကျပ်ခန့် ရောင်းချရကြောင်း သိရှိရပါသည်။ ပဲတီစိမ်း ဈေးနှုန်းမှာ ၁၀၀၀၀၀ ကျပ်နှင့် ၁၂၀၀၀၀ ကျပ်ခန့်ရှိကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

ရာသီပေါ်စာမရမ်းသီးအကြောင်း သိကောင်းစရာများ

          ရာသီပေါ်သီးနှံ မရမ်းသီးကို ဟင်းလျာအမျိုးမျိုးပြုလုပ်၍ စားသုံးကြပြီး မရမ်းသီး ငါးပိထောင်း၊ မရမ်းသီးစိမ်း  ငါးပိချက်၊ မရမ်းသီးသုပ်နှင့် မရမ်းသီးခြောက်ကို ငါး၊ ဝက်သား တို့နဲ့လည်း တွဲဖက်၍ စားသုံးကြပါသည်။ မရမ်းသီးသည် အရသာကောင်းတာတင် မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း ကောင်းမွန်သော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။ မရမ်းသီးသည် ဗီတာမင် C ကြွယ်ဝစွာပါဝင် တာကြောင့် ကော်လဂျင်တစ်ရှူးတွေကို အာဟာရဖြည့်ပေးပြီး ဘီတာ ကယ်လ်ရိုတင်းပါဝင်တာကြောင့် အသားအရေကို ကြည်လင် ကျန်းမာစေတဲ့အပြင် အသား အရေစိုပြေစေရန်အတွက် ရေဓာတ်ဖြည့် အသီးတစ်မျိုး လည်းဖြစ်ပါတယ်။

          မရမ်းသီးမှာ ရေဓာတ်နဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာ စေသလို အူနံရံတွေကို အာဟာရစုပ်ယူမှုကောင်းစေတဲ့အတွက် ဝမ်းမှန်စေပြီး အစာခြေစနစ် တလျှောက်မှာ ဖြစ်နိုင်တဲ့ကင်စာဆဲလ်တွေကို မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးပါသည်။ ရာသီပေါ်စာ မရမ်းသီး ကို ပုသိမ်မြို့ ကမ်းနားဈေးတွင်ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် (၁၀) သား (၂၀၀၀/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း