ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နှင်းသီးစျေးနှုန်း/စျေးကွက်

           ခေါင်းလောင်းပုံသဏ္ဍာန် အနီရောင်အသီးကို နှင်းသီးဟုခေါ်ကြသည်။ နှင်းသီးဟုဆိုသော်လည်း နှင်းကျသောဆောင်းရာသီတွင်သာ အသီးသီးခြင်းမဟုတ်ဘဲ ဆောင်အကုန်နွေအကူးနှင့် မိုးဦးကျချိန်တို့တွင်လည်း သီးလေ့ရှိသော ရာသီစာသီးနှံတစ်မျိုးဖြစ်သည်။ နှင်းသီးသည် ချိုမြမြအရသာရှိသည်။ အရည်ရွှမ်းသဖြင့် ရေငတ်လည်းပြေစေသည်။ စျေးနှုန်းသက်သာသဖြင့် နှင်းသီးပေါ်ချိန်ရောက်သောအခါ လူအများစုက ပန်းသီးအစားနှင်းသီးကိုသာ ရွေးချယ်စားကြသည်။ အခွံရဲရဲနီလေ ပိုချိုလေ ဖြစ်သည်။ အပေါ်ယံအခွံမာတင်းနေသော အသီးများက လတ်ဆတ်မှုရှိသဖြင့် အရည်ပိုရွမ်းသည်။ နှင်းသီးကို ပြည်တွင်း၌ သရေစာသစ်သီးအဖြစ် စားသုံးလေ့ရှိကြပြီး တခြားနိုင်ငံများ၌ နှင်းသီးကို အ ချိုရည်၊ ယို၊ ဂျယ်လီအဖြစ် ပြုလုပ်စားသုံးကြသည်။ ထားဝယ်ဒေသတွင် နှင်းသီးကို ဘုပျိုသီးဟု လည်းခေါ်ကြသည်။ ထားဝယ်မြို့နယ် သပြေချောင်းစျေးတွင် နှင်းသီးကို (၁၅)လုံးလျှင် (၁၀၀၀/-) ကျပ်ဖြင့်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိစျေးကွက်အတွင်းစက်သုံးဆီစျေးနှုန်း

          ထားဝယ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှာ (၁၂)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီလက်လီစျေးနှုန်းများမှာ ယခုဖေဖော်ဝါရီလ တတိယပတ်အတွင်း ဒီဇယ်ရိုးရီုး တစ်လီတာ (၂၈၆၅) ကျပ်၊ ဒီဇယ်ပရီမီယမ် တစ်လီတာ (၃၅၀၀)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ (၃၂၉၅) ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာ (၃၃၅၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ ဒုတိယ ပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာကို(၂၈၇၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာကို (၃၅၀၅) ကျပ် ၊ ဓါတ်ဆီ 92 တစ်လီတာကို (၃၂၉၀) ကျပ်နှင့် 95 (၃၃၅၅) ကျပ်ရှိခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ်အတွင်းဖြစ်ပေါ်နေသော စျေးနှုန်းများကို နှိုင်းယှဉ်ပါက ဓါတ်ဆီ 92 ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်စက်သုံးဆီဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်နေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ ကုန်စည်ဝင်ရောက်မှုအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီးအတွင်း စားသုံးရန်လိုအပ်လျက်ရှိသော စားဖိုဆောင်သုံးသီးနှံများကို မြန်မာနိုင်ငံအနှံ့အပြားမှ မှာယူတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ကော်ဖီထုပ်၊ ပန်းကော်ဖီနှင့် မန်ကျည်းသီးများ ဝင်ရောက်လျက်ရှိပါသည်။

          ယခုအပတ်တွင် ကော်ဖီထုပ်(၁)လုံး ၁၀၀ဝိ/-ခန့်မှ ၂၀၀ဝိ/-ခန့်အထိ လက်ကား ဈေးနှုန်း များဖြစ်ပေါ် လျက်ရှိပြီး  နေပြည်တော် တပ်ကုန်းမှ ထားဝယ်မြို့သို့အများဆုံး တိုက်ရိုက်တင်သွင်း လျက်ရှိရာ တစ်ရက်လျှင် အနည်းဆုံး(၆)ဘီးကား(၃)စီးခန့် ဝင်ရောက်လျက်ရှိပြီး ကော်ဖီထုပ်များမှာ ကားတစ်စီးလျှင် အလုံးရေ (၈၀၀)ကျော် ပါရှိသည်။ ကားတစ်စီးတွင် ကော်ဖီထုပ်များအပြင် ပန်းကော်ဖီ၊ မန်ကျည်းသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီးနှင့် မုန်ညှင်းထုပ်များလည်းပါရှိပါသည်။

          နေပြည်တော် တပ်ကုန်းမြို့မှ ထားဝယ်မြို့သို့ (၆)ဘီးကားတစ်စီးလျှင် တစ်ခေါက်အတွက် ငှါးရမ်းခ (၂၅)သိန်းခန့် ကုန်ကျစရိတ်ပေးချေရကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ ငါးဝင်ရောက် ရောင်းဝယ်မှုအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်ရှိ ပင်လယ်ကမ်းရိုးတန်းတလျှောက် ကမ်းခြေရွာ များဖြစ်သည့် မောင်းမကန်၊ သဘော့ဆိပ်၊ ပန်းတင်အင်း၊ တီဇစ်၊ စမ်းလှမ်း စသော ကျေးရွားများမှ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေငယ်များမှ ဖမ်းယူရရှိသော ငါး၊ ပုစွန်၊ ဂဏန်းများကို ထားဝယ်မြို့၊ ဘုမ္မော်တောင်ရပ်ကွက် (ကြက်စားပြင်ရပ် အနီး) ရှိ SOUTHERN DRAGONS MYANMAR CO.,LTD မှ ဖွင့်လှစ်ထားရှိသော အောင်တံခွန် ကိုယ်ပိုင်ငါးဈေးသို့ လာရောက်ရောင်းချကြပါသည်။

          အဆိုပါ အောင်တံခွန် ကိုယ်ပိုင်ငါးဈေးတွင် ငါးဒိုင် (၁၈)ဒိုင်ခန့်ရှိပြီး တစ်ရက်လျှင် ငါးဒိုင် (၁)ဒိုင်၌ ငါးမျိုးစုံ အနည်းဆုံး ပိဿာချိန် (၃၀၀)မှ (၁၀၀၀)ကြား ဝင်ရောက်ကာ ထားဝယ်မြို့  ကမ်းနားပျံကျဈေးအပါအဝင် ရပ်ကွက်ဈေးများ၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များရှိ ကျေးရွာ များသို့ ကားငယ်များ၊ ဆိုင်ကယ်များဖြင့်လက်လီ သွားရောက်ရောင်းချမည့်သူများ၊ တစ်ခါတစ်ရံ အခြားဒေသ များသို့ တင်ပို့မည့်သူများမှ လာရောက်ဝယ်ယူကြပါသည်။

          ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ငါး၊ပုစွန်သားပေါက်ပွားသည့် ငါးဖမ်း ရာသီပိတ်ချိန်များဖြစ်သော ဧပြီ၊မေနှင့်ဇွန်လများ၊ ရာသီဥတုဆိုးရွား၍ မုန်တိုင်းသတင်း ကြေငြာထား ချိန်များတွင် ငါးဝင်ရောက်မှုများနည်းပါးတတ်သည်မှလွဲ၍  နေ့စဉ် နံနက်(၀၃း၀၀) နာရီမှ နံနက်(၀၆း၃၀) နာရီအချိန်အတွင်း  အစည်ကားဆုံးလာရောက်ဝယ်ယူကြ‌ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

           ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀)ပေပါကို ယာဥ်မောင်းဦးသိန်းထွန်း ၊ယာဉ်အမှတ် 4A-7389/ Nissan Diesel မော်တော်ယာဥ်နှင့် အလားတူ (၀၉း၀၀) နာရီအချိန်တွင် အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၃၀)ပေပါကို ယာဥ်မောင်း ဦးထွန်းထွန်းမြင့် ယာဉ်အမှတ် 1I-6178/ FUSO မော်တော်ယာဥ်တို့ဖြင့်တင်ဆောင်၍ အသီးသီးရောက်ရှိ လာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့်တာဝန်ရှိ သူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီ စုစုပေါင်း (၁၂၀) ပေပါအား ကုမ္ပဏီ၏ လက်ကား အ​ရောင်းကိုယ်စားလှယ်မှ တစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ငါးဈေးနှုန်းများ

ရွှေိဘိုမြို့ရှိ ဈေးများတွင် ငါးမျိုးစုံရောင်းချလျက်ရှိရာ ငါးများကို ငါးဒိုင်များမှလည်းကောင်း၊ ရွှေဘိုမြို့နှင့်နီးသည့် ကျေးရွာများမှလာရောက်ရောင်းချသည့် မူးငါးများကိုလည်းကောင်း ရောင်းချလျက်ရှိရာ ငါးများကို အကောင်အလိုက်သော်လည်းကောင်း၊ ခုတ်ထစ်၍ ငါးအကွင်းလိုက် သော်လည်းကောင်း ရောင်းချကြပါသည်။ ဖေဖော်ဝါရီလ၊ တတိယအပတ်တွင် ရွှေဘိုမြို့ရှိဈေးများ၌ ရောင်းချသည့် ငါးဈေးနှုန်းများမှာ ငါးမြစ်ချင်းအကောင်(၁)ပိဿာလျှင် (၉၀၀ဝိ/-)ကျပ်မှ(၁၁၀၀ဝိ/-) ကျပ်၊ ငါးမြစ်ချင်းခုတ်ထစ်ပြီး ငါးအကွင်း(၁)ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ငါးအုံတုံအကောင် (၁)ပိဿာလျှင် (၈၅၀ဝိ/-)ကျပ်မှ(၁၀၀၀ဝိ/-)ကျပ်၊ ငါးအုံတုံခုတ်ထစ်ပြီး ငါးအကွင်း (၁)ပိဿာလျှင် (၁၈၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မူးငါးဖြစ်သည့် ငါးဗျတ်နှင့် ငါးဖြူစလင် (၂၅)ကျပ်သားလျှင် (၃၅၀ဝိ/-)ကျပ်၊ ပုစွန်ဆိတ်(၁၀)ဆယ်သားလျှင် (၂၀၀ဝိ/-)ကျပ်၊ ငါးရံ့ (၂၅)ကျပ်သားလျှင်(၅၀၀ဝိ/-)ကျပ်၊ နိုင်လွန်ငါး (၂၅)ကျပ်သားလျှင်(၄၀၀ဝိ/)ကျပ်၊ ဆလားဗီးယားငါး (၂၅)ကျပ်သားလျှင်(၂၀၀ဝိ/-)ကျပ်မှ (၄၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် လက်လုပ်ချဉ်ဈေးနှုန်းများ

ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်သီးနှံများကို ရောင်းချလျက်ရှိရာ ယခုအချိန်တွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များ ပေါများသည့်အတွက် အချို့ကို ကြော်စား၍သော်လည်းကောင်း၊ ရေရှည်စားရန်အတွက် အချဉ်တည်၍သော်လည်းကြောင်း ရောင်းချလျက်ရှိပါသည်။

ဖေဖော်ဝါရီလ၊ တတိယအပတ်တွင် ရွှေဘိုရှိဈေးများ၌ ရောင်းချသည် မုန်လာချဉ်ဈေးနှုန်းမှာ လဘက်ရည်အကြမ်းပန်းကန်းလုံး(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်၊ အစိတ်သားလျှင် (၁၀၀ဝိ/-)ကျပ်၊ ပဲတီချဉ်ဈေးနှုန်းမှာ ပန်းကန်းလုံး(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်၊ အစိတ်သားလျှင် (၁၂၀ဝိ/-)ကျပ်၊ မုန်ညှင်းချဉ်ဈေးနှုန်းမှာ ပန်းကန်းလုံး(၁)လုံးလျှင် (၃၀ဝိ/-)ကျပ်၊ အစိတ်သားလျှင် (၈၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဒေသထွက်ရာသီစာ ပဲစိတ်တို ဈေးနှုန်းဈေးကွက်

          နတ်တလင်းခရိုင်၊ နတ်တလင်းမြိုနယ်သည် စပါးနှင့် ပဲမျိုးစုံထွက်ရှိပြီး အခြားဟင်းသီးဟင်း ရွက်များကိုလည်း ရာသီအလိုက် စိုက်ပျိုးကြသည်။ ပဲစိတ်တိုပဲကို နတ်တလင်းမြို့နယ် ရှားဖြူကုန်း ၊ ကုန်းကြီး၊ အနောက်စု၊ ကျွန်းကလေး ကျေးရွာများတွင် စင်တင်၍လည်းကောင်း၊ တိုင်ထောင်၍ လည်းကောင်း စားသုံးရန်နှင့် ရောင်းချရန် တပိုင်တနိုင် စိုက်ပျိုးကြပါသည်။

          ပဲစိတ်တိုပဲကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီလ နှင့် ဖေဖေါ်ရီလ တို့တွင်ခူးဆွတ်ရောင်းချကြပါသည်။ ပဲစိတ်တိုပဲကို အများအားဖြင့် အစိုခူးဆွတ်ရောင်းချပြီး အခြောက်ထားပြီး ရောင်းချမှုများလည်းရှိပါသည်။ ဈေးကွက်အတွင်း၌ ၂၀၂၅ခု ဇန်နဝါရီလ စတုတ္တပတ်တွင် ပဲစိတ်တိုပဲ  တစ်ပြည် (၁၂၀၀၀)ကျပ်၊ နို့ဆီဗူးတစ်လုံး (၁၅၀၀)ကျပ်နှုန်းရှိရာမှ ယခု ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် ပဲစိတ်တို လှိုင်စပြုလာပြီးဖြစ်သည့်အတွက် တစ်ပြည် (၁၀၀၀၀) ကျပ်၊ နိုဆီဗူး တစ်လုံး (၁၂၀၀)ကျပ်နှုန်းရှိသဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းသွား ကြောင်းသိရသည်။ ပဲစိတ်တိုသည် နူးအိချိုစိမ့်သောအရသာရှိပြီး ချက်ပြုတ်စားသောက်ရာတွင် လွယ်ကူသည့် သီးနှံဖြစ်သည့် ဈေးကွက်အတွင်း အရောင်းသွက်နေကြောင်းသိရသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော ပဲကြီးသီးနှံ ဈေးနှုန်းဈေးကွက်

 နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရွာများတွင်   ငရုတ်၊  ကြက်သွန်၊ ပန်းဂေါ်ဖီ စသည့် သီးနှံမျိုးစုံကို  စိုက်ပျိုးသည့်အပြင်  စားဖိုဆောင်သီးနှံများကိုလည်း  တောင်သူဦးကြီးများသည် အပိုသီးနှံများအဖြစ်  ရာသီအလိုက်စိုက်ပျိုးကြပါသည်။  ပဲကြီးသီးနှံများကို   လယ်ကန်သင်းရိုးများတွင် အပိုဝင်ငွေတိုးစေရန်အလို့ငှာ  တစ်ပိုင်တစ်နိုင် စိုက်ပျိုးခဲ့ကြသည်။ ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ကျင်းတွင် သုံးစေ့သာထည့်ပြီးအစေ့သေးပါက  လေးစေ့ထည့်၍ စိုက်ပျိုးရကြောင်း ၊   ပဲကြီးသက်တမ်းမှာ ()လ(သို့မဟုတ်)  ()လအတွင်းရှိပါသည်။  ပဲကြီးအမျိုးအစားအပေါ်မူတည်၍    ရက်ကြာနိုင်ကြောင်း၊ ဇန်နဝါလနှင့် မတ်လများတွင် ခူးဆွတ်ကြပါသည်။        စိုက်ပျိုးပြီး  ()လကြာလျှင် အဖူးအပွင့်များ စတင်ဖူးပွင့်ပြီး သီးအတောင့်များ ရင့်လာပါကခူးဆွတ်ရပါ သည်။  ရောင်းချရန်အတွက်      ရင့်မှည့်သော ပဲကြီးများကို  ခူးဆွတ်ပြီး အခွံခွာရပါ သည်။  ပဲကြီးသီးနှံအား ပဲကြော်ဖို လုပ်ငန်းသမားများက အဓိကထား၍ ဝယ်ယူသိုလှောင်ကြပါသည်။ ပဲကြီးသီးနှံအစိုသည်လည်း ဈေးများအတွင်း ရောင်းချမှုများရှိခဲ့ကာ ၂၀၂၅ခု၊  ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် တစ်ပိဿာလျှင် လက်ကား (၅၀၀၀) ကျပ်မှ (၅၅၀၀)ကျပ် လက်လီ (၁၀)သား (၇၀၀)ကျပ်ရောင်းချကြောင်းသိရပါသည်။ ယခင်နှစ်တွင် ပဲကြီးအခြောက် ပိဿာ (၂၀)တစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ ယခုနှစ်တွင် ပဲကြီးအခြောက်ပိဿာ(၂၀) တစ်တင်းလျှင် (၇၅၀၀၀) ကျပ်တို့ဖြစ် ပြီးပဲကြီးကိုဟင်းချိုချက်၍ သော်လည်းကောင်း၊    ပဲကြီးသနှပ်ချက်၍ သော်လည်း ကောင်း၊   ပဲကြော်ပဲလှော်ဖိုများကလည်း ကြော်လှော်ပြီးရောင်းချကြပါသည်။ ပဲဖူးကြော်များကို လက်ဖက်နှင့်တွဲ၍လည်း စားသုံး၍တောင်သူဦးကြီးများအနေဖြင့်လည်း   ဝင်ငွေတိုးသော ပဲကြီးကို တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။   

DOCA(ပဲခူး)

 

ရာသီစာ မရမ်းသီးနု ဈေးနှုန်းဈေးကွက်

ရာသီစာ မရမ်းသီးနုများ နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း ၂၀၂၅ခု ဖေဖေါ်ရီလပထမ ပတ်မှစတင်၍ ဝင်ရောက်လာရာ မရမ်းသီးနု တစ်ပိဿာလျှင် ငွေကျပ် (၃၀၀၀၀) နှင့် လက်လီ ၁၀ကျပ်သားလျှင် ငွေကျပ် (၃၅၀၀)နှုန်းဖြင့် ရောင်းချနေကြောင်းသိရပါသည်။ ယခုနှစ်တွင် ဒေသတွင်း မရမ်းသီးထွက်ရှိချိန် နောက်ကျသည့်အတွက် ရန်ကုန် ကုန်စိမ်းဒိုင်များမှ  ဝယ်ယူရောင်းချ ကြောင်းသိရသည်။ ဒေသခံများမှ အများအားဖြင့် ဒေသမရမ်းမျိုးများကို စိုက်ပျိုးကြပြီး မရမ်းသီး (အကင်း)များကိုအများအားဖြင့်  အချဉ်ပင်မှခူး၍ ရောင်းကြသည်။

ရာသီချိန်မှသာ စားသုံးရသော ပေါ်ဦးပေါ်ဖျား မရမ်းသီးနုများကို သုပ်စားခြင်း၊ ထောင်းစား ခြင်း၊ မရမ်သီး ငပိကြော်၊ မရမ်းသီးငပိချက်စသည်ဖြင့် ပြုလုပ်စားကြပါသည်။ မရမ်းသီးကို စားသုံးသူများက မရမ်းသီးကို အနု(အကင်း)မှစ၍ ရင့်မှည့်သည့်အချိန်အထိ အမျိုးမျိုး ပြုပြင်စီမံ စားသုံးလေ့ရှိသည့်အတွက်  ဈေးကွက်အတွင်းအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း