ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ‌ရွှေဖရုံသီး နှင့် ဘူးသီး

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဘူးသီးဈေးနှုန်းအနေဖြင့် ဘူးသီး(အကြီး)စ်လုံးလျှင်(၃၅၀၀)ကျပ်ထိ ၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၂၀၀၀ /၂၅၀၀) ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဘူးသီးဈေး အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ယုဇနပန်းပျိုးပင် နှင့် ဆိပ်ဖလူးပန်းပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင်၊ အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေး နှင့် မွေးမြူရေး ကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့် ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ရောင်းချလျက်ရှိ သော ယုဇနပန်းပျိုးပင်၊ ဆိပ်ဖလူးပန်းပျိုးပင် ဈေးနှုန်းအနေဖြင့် ယုဇနပန်းပျိုးပင် နှင့် ဆိပ်ဖလူးပန်းပျိုးပင် တစ်ပင်လျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာအစားအစာ မုန့်ဈေးနှုန်းများ

 ကျွန်းလှမြို့တွင် ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက် နှင့် မုန့်လင်မယားကို ပြုလုပ် ရောင်းချလျက်ရှိပါသည်။

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပြား သလက် အဖြူဈေးနှုန်းမှာ(၁)ခုလျှင်(၂၅၀)ကျပ်၊ငွေကျပ်(၁၀၀၀)ဖိုး(၄)ခု၊  မုန့်ပြားသက်အနီ ဈေးနှုန်း မှာ(၁)ခုလျှင်(၃၀၀)ကျပ် နှင့် ကြက်ဥမုန့်ပြားသလက် ဈေးနှုန်းမှာ(၁)ခုလျှင်(၈၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း မုန့်လင်မယား ဈေးနှုန်းအနေဖြင့် မုန့်လင်မယား(၁)ခုလျှင်(၁၅၀)ကျပ်၊ ငွေကျပ် (၁၀၀၀)ဖိုးလျှင်(၇)ခုတို့ဖြင့်ရောင်းချသောကြောင့် ယခင်အပတ်ထက် မုန့်လင်းမယားဈေး အနည်း ငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။    

DOCA(စစ်ကိုင်း)               

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်တီဖတ် နှင့် မုန့်ဟင်းခါးဖတ်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေ ရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်းသိရသည်။

           ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ဈေးကွက်၌ ဖြစ်ပေါ်နေသော မုန့်တီစိမ်း ဈေးနှုန်းမှာ မုန့်တီစိမ်း လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ မုန့်တီစိမ်း(၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် မုန့်တီစိမ်း(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် မုန့်တီသုပ် တစ်ပွဲလျှင်(၁၅၀၀)ကျပ်၊ မုန့်ဟင်းခါး တစ်ပွဲလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုန့်တီစိမ်း၊ မုန့်ဟင်းခါးဖတ် အစိမ်း တို့ကို မိမိတို့မြို့နယ်အတွင်းတွင်သာ လက်လီ/လက္ကား ရောင်းချလျက်ရှိကြောင်း သိရ သည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသော မုံလာဥဖြူ ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် မုံလာဥဖြူကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော  မုံလာဥဖြူ ဈေးနှုန်းမှာ မုံလာဥဖြူ အလုံးအကြီး(၃/၄)လုံးပါ တစ်တွဲလျှင်(၇၀၀)ကျပ်၊ (၃)တွဲ လျှင်(၂၀၀၀)ကျပ် နှင့် မုံလာဥဖြူ(၃/၄)လုံးပါ(၁၀)တွဲလျှင်(၆၅၀၀)ကျပ်၊ မုံလာဥဖြူ အလုံးသေး(၄/၅)လုံးပါ တစ်တွဲလျှင်(၅၀၀)ကျပ်(၁၀)တွဲလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

            သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခု တစ်ပတ်(၁၇.၁၀.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၇၉၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၇၀၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၄၆၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၀၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၈၀၀ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၇၃၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၀၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၀၅၀ ကျပ် ဖြစ်ကြောင်း၊ ယခုတစ်ပတ်သောကြာနေ့တွင် စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခု တစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၅၀ ကျပ် ဈေးကျပြီး  ဒီဇယ်(ရိုးရိုး) မှာ ၄၀ ကျပ် ဈေးကျပါကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၁၀ ကျပ်ဈေးကျပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၂၅ ကျပ် ဈေးကျလျက် ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျွန်းလှမြို့တွင် ရောင်းချနေသော တောမှိုအစုံ ဈေးနှုန်း

   ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးဝမ်း ကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်းခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့် လုပ်ငန်းတို့ကို လည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကိုလိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး တွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းအနေဖြင့် မိုးဆုံးမှို တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း တောမှို ဈေးနှုန်း အနေဖြင့် တောမှို တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်း သော်လည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းထပ်မံကျဆင်းလာသော မြေပဲလုံးဆံ၊ မြေပဲပတ် နှင့် မြေပဲဆီ

  ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂   ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၉၆၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၈၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ မြေပဲဆီ(၁၀)ပိဿာ တစ်ပုံးလျှင်(၁၇၀၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲပတ် ဈေးနှုန်းအနေဖြင့် မြေပဲပတ် တစ်ပိဿာလျှင်(၃၆၀၀)ကျပ် ဈေးနှုန်းရှိပြီး မြေပဲပေါ်ချိန်ဖြစ်သည့်အတွက် မြေပဲလုံဆံ၊ မြေပဲဆီ နှင့် မြေပဲပတ် ဈေးနှုန်း ယခင် အပတ်ထက် အနည်းငယ်ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြေပဲပတ်ကို မိမိတို့ ဒေသတွင်း ဝက်စာ၊ ကြက်စာ အပြင်ပိုလျှံသည့်ပဲပတ်များကို  မန္တလေးမြို့သို့ ပို့ဆောင် ရောင်းချလျက်ရှိကြောင်း ဆီစက် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခွာရွက်၊ ပူစီနံရွက် နှင့် မုံညှင်းရွက် ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးနှင် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင် ကြာရာမှ ရာသီအလိုက် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချ လျက်ရှိရာမှ မြင်းခွာရွက်ကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော်လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး   ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချ လျက်ရှိသော မြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ မြင်းခွာရွက် (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ မြင်းခွာရွက်()ကျပ်သားခန့် တစ်ပုံလျှင်(၈၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း ပူစီနံနံရွက် လက်တွင်းတစ်ဆုပ်စာ တစ်ပုံလျှင် (၃၀၀)ကျပ် ()ပုံလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း  မုန့်ညှင်းရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ မုန့်ညှင်းရွက် ()စီးလျှင်(၅၀၀)ကျပ်နှင့် မုန့်ညှင်းရွက်()စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း ယခင်အပတ်ထက် မြင်းခွာရွက် ဈေးနှုန်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)

ဈေးနှုန်းမြင့်တက်လျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ်

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်း ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          အောက်တိုဘာလ ပထမပတ်တွင် မျှစ်စိမ်း တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ မျှစ်စိမ်း(၅၀)ကျပ်သား လျှင်(၂၅၀၀)ကျပ်နှင့် မျှစ်ပြုတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း  မျှစ်သည် ရှားပါးပြီး အရသာမှာ အဆိမ့်ဓါတ်ပိုပြီး စားကောင်းသောအချိန် ဖြစ်သည့်အတွက် ဈေးမြင့်တက်သော်လည်း  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း