ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိဘိလပ်မြေဈေးနှုန်း/ ဈေးကွက်

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ယခုဖေဖော်ဝါရီလအချိန်တွင် အိမ်ဆောက် ပစ္စည်းလုပ်ငန်းများ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိသည်။ အိမ်ဆောက်ပစ္စည်းများတွင်  မဖြစ်မနေလိုအပ်သောအရာသည် ဘိလပ်မြေဖြစ်သည်။ ဘိလပ်မြေလိုအပ်ချက်များအား ပြည်တွင်းဘိလပ်မြေစက်ရုံများ၏ ထုတ်ကုန်များအပြင် ပြည်ပဘိလပ်မြေများကို နယ်စပ် ကုန်သွယ်ရေးနှင့်ပင်လယ်ရေကြောင်းတို့မှလည်း တင်သွင်းခွင့်ပြုထားကြောင်းလည်း သိရှိရပါသည်။   

            မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဘိလပ်မြေများတွင် ကြံ့တစ်ကောင်ဘိလပ်မြေ ဈေးနှုန်းမှာ (၃၀၀၀၀)ကျပ်ခန့် ရှိနေပြီး အယ်ဖာစျေးနှုန်းမှာလည်း ၃၀၀၀၀ကျပ်ခန့်ရှိ ကြောင်းသိရှိရပါသည်။ မြိတ်မြို့တွင် ကျန်အမျိုးအစားဘိလပ်မြေများ ပစ္စည်းပြတ်လပ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ Yadanarbon Global Network Distribution ကုမ္ပဏီမှ စားအုန်းဆီများရောက်ရှိ

            မြိတ်ခရိုင်ဆီကိုယ်စားလှယ်မှ မြိတ်မြို့အတွက်လိုအပ်သော စားအုန်းဆီများကို ရန်ကုန်မြို့ကုမ္ပဏီများမှ ထုတ်ယူလျက်ရှိပြီး  ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့ ထိထုတ်ယူခဲ့သော ယာဉ်အမှတ် 2H-8765 တွင် Yadanarbon Global Network Distribution ကုမ္ပဏီမှ ပေပါ (၄၀)သည် (၁၇.၂.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့  ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို ၂ ရာခိုင်နှုန်းအမြတ်ဖြင့် ခွဲဝေရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ရောင်းချနေသော ရေကြည်၊ အသုတ်စိုက်ပျိုးထွက်ရှိသည့် ဖရဲအကျားသီး

            မအူပင်ခရိုင်၊ မအူပင်မြိုနယ် သို့ အသုတ်၊ကျောင်းကုန်း၊ ရေကြည်ဘက်မှ စိုက်ပျိုးထွက်ရှိသော ဖရဲကျားသီး မအူပင်သို့ ဝင်ရောက်လျှက်ရှိပြီး မအူပင်မြို့၊ အခွန်လွတ်ဈေး ၃လမ်းထိပ် တွင် ဦးမွန်ဟန်း ဖရဲသီး ရောင်းဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

            ဖရဲသီးဝယ်ယူရောင်းချမှု အနေဖြင့် ရေကြည်၊ အသုတ်၊ ကျောင်းကုန်းဘက်မှ ဖရဲကျားသီး စိုက်ပျိုးသူများရှိပြီး ယခင်က ပြည်ပသို့တင်ပို့ရောင်းချသူများဖြစ်ကြောင်း သိရသည်။ ယခုအနေဖြင့် ပြည်နယ် တိုင်းဒေသအတွင်းသို့ တင်ပို့ရောင်းချနေကြပြီး ဖရဲကျားသီးအနီကို အလုံးကြီး လက်ကားဈေး ၇၅၀၀ကျပ်၊ အလုံးလတ် ၆၅၀၀ကျပ်၊ အလုံးသေး ၆၀၀၀ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရသည်။ ဖရဲများကို ၁လအတွင်း ၂ကြိမ် မှာယူရောင်းချရပြီး ကားတစ်စီးတွင် ဖရဲသီးအလုံး ၅၀၀ခန့် ဝင်ဆံကြောင်းသိရသည်။  နွေရာသီရောက်ပါက ဖရဲကျားအနီသည် ပိုမိုရောင်းချရကြောင်း သိရသည်။

            ဖရဲကျားအနီ ရောင်းချမှု ဈေးနှုန်းအနေဖြင့် အလုံးကြီး ၁လုံး ၁၀၀၀၀-၉၀၀၀ကျပ်၊ အလုံးလတ် ၁လုံး ၇၀၀၀-၈၀၀၀ကျပ်၊ အလုံးသေး ၁လုံး ၆၀၀၀ကျပ်ဖြင့် လက်လီရောင်းချကြောင်း ၎င်းထံမှ အခြားသော လက်လီရောင်းချသူများလည်း လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့တွင် ရောင်းချနေသော ပဲအမျိုးမျိုး ဈေးနှုန်း ဈေးကွက်

            မအူပင်မြို့နယ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်များမှ ပဲအမျိုးမျိုးမှာယူ၍ ရောင်းချနေပြီး အခြေခံစားသောက်ကုန် မွန်းလိုက် လက်လီ/ လက်ကားအရောင်းဆိုင်တွင် ပဲမျိုးစုံ ရောင်းဝယ်လျက်ရှိသည်။ ရောင်းချနေသော ပဲမျိုးစုံများတွင် ပဲကြီး၊ ခေတ်သစ်ပဲ၊ ကုလားပဲဇံ ဘိုကိတ်အဖြူ၊ ဘိုကိတ်အနက်၊ ပဲအဖြူပြား၊ ပဲနီပြား၊ မြေပဲ၊ စတော်ပဲ၊ ပဲထောပတ် တို့ရောင်းချလျှက်ရှိသည်။ 

            ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ တတိယပါတ် ပဲဈေးနှုန်းများမှာ ကုလားပဲဆံ ၁ပိဿာ ၆၅၀၀ကျပ် မြေပဲ ၁ပြည် ၉၅၀၀ကျပ်၊ စတော်ပဲ ၁ပြည် ၉၅၀၀ကျပ်၊ ပဲနီပြား ၁ပြည် ၈၀၀၀ကျပ်၊ ပဲဖြူပြား ၁ပြည် ၈၀၀၀ကျပ်၊ ဘိုကိတ်ဖြူ ၁ပြည် ၆၀၀၀ကျပ်၊ ဘိုကိတ်အနက် ၁ပြည် ၆၀၀၀ကျပ်၊ ပဲကြီး ၁ပြည် ၈၀၀၀ကျပ်၊ ခေတ်သစ်ပဲ ၁ပြည် ၉၅၀၀ကျပ်၊ ဖြင့်ရောင်းချလျှက်ရှိကြောင်း သိရသည်။

            ယခင် ၂၀၂၄ခုနှစ် အောက်တိုဘာလ ကုလားပဲဈေး  ၉၀၀ကျပ်၊ မြေပဲ  ၂၅၀၀ကျပ်၊ ပဲနီပြား ၄၀၀၀ကျပ်၊ ပဲပြားအဖြူ ၅၀၀ကျပ်၊ ဘိုကိတ်အဖြူ ၅၀၀ကျပ်၊ ဘိုကိတ်အနက် ၁၉၀၀ ကျပ်၊ ကျဆင်းကြောင်း တွေ့ရှိရပြီး ပွင့်လင်းရာသီ ပဲပေါ်ချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်းနှင့် ၂၄ပြည် ပဲတစ်အိတ်ကို ၂ရက်-၃ရက်အတွင်းရောင်းချရပြီး၊ ပဲအမျိုးမျိုးအရောင်းအဝယ် ဆိုင်မှ မိုးတွင်းတွင် ရောင်းအားကောင်းပြီး ယခုသီးနှံပေါ်ချိန်တွင် အရောင်းအနည်းငယ်ပါးကြောင်း သိရသည်။ ပဲများကို ၁ပတ်တစ်ခါ ပဲတစ်မျိုးကို ၅အိတ်နှုန်းဖြင့် ရန်ကုန် ဘုရင့်နောင်မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ အရှေ့ဘက်ကမ်း ကမ်းနာလမ်းတွင် စိုက်ပျိုးနေသော ဗုံလုံသီး စိုက်ပျိုးထွက်ရှိမှု နှင့် တောင်သူအကျိုးအမြတ်ရရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ဒေသခံတောင်သူများက မြေအောက်ရေနှင့် မြစ်ရေကို အကျိုးရှိစွာ အသုံးချပြီး စားဖိုဆောင်သီးနှံများကို မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်အပိုဝင်ငွေရရှိပြီး စီးပွားဖြစ်ထွန်း၍  မအူပင်မြို့နယ်၊ အရှေ့ဘက်ကမ်း ကမ်းနားသဲသောင်မြေပေါ်တွင် စိုက်ပျိုးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

            စိုက်ပျိုးမှုအနေဖြင့် ဗုံလဲသီး မျိုးစေ့ တစ်စေ့ကို ၁၀၀ကျပ်ဖြင့် ၁ဧကတွင် အစေ့ ၂၀၀၀ စိုက်ပျိုးပြီး ၂၀၂၄ခုနှစ် အောက်တိုဘာလက စတင်စိုက်ပျိုးခဲ့ပြီး ၂၀၂၅ခုနှစ် မေလတွင် အသီးမျိူး ပြတ်မည်ဖြစ်ကြောင်းသိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် ဝါး၊ မျိုး၊ လုပ်သား၊ သွင်းအားစု ကုန်ကျစရိတ် ၃၀ ၀၀၀ ၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရသည်။ စိုက်ပျိုးရာ၌ စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်း ငါးပေခန့်ခွါ၍ မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင် အပင်ပေါက်ပြီး နွယ်တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန်လိုအပ်ပြီး ရေကိုနှစ်ရက်ခြား၊ သုံးရက်ခြားတစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး တစ်လကျော်အကြာတွင် အသီးများ စတင်သီးကာ အသီးများကို ခဲဆွဲထားရန်လည်း လိုအပ်ပြီး ၁ဧကတွင် သီးနှံအတောင့်ရေ သုံးသောင်းနှစ်ထောင်အထိ ဆွတ်ခူးရရှိနိုင်ကြောင်း သိရသည်။ 

            ဈေးနှုန်းအနေဖြင့် စတင်ထွက်ရှိချိန်က ၁တောင့်ကို ၁၀၀၀/-၊ ၁၅၀၀/-၊ကျပ်ဈေးကောင်း ရရှိပြီး ယနေ့ဈေးနှုန်း တစ်တောင့်ကို လက်ကားဈေး ၂၀၀-၃၀၀ ကျပ်ဖြင့်သာ ရောင်းချရကြောင်း သိရသည်။ ရန်ကုန်သို့ အဓိကထားတင်ပို့ရောင်းချပြီး စိုက်ပျိုးမှုအကျိုးအမြတ်အနေဖြင့် တစ်နှစ်အတွင်း သိန်း ၅၀နီးပါး ရရှိကြောင်း စိုက်ပျိုးတောင်သူပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ရောင်းချနေသော စဉ်အိုး

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျောက်မြောင်းမြို့နယ်ထွက် စဉ်အိုးရောင်းချသည့် စဉ့်အိုးဒိုင် ၂ခုရှိသည်။ ရောင်းချနေသော စဉ်အိုးများမှာ ၁၅၀ ဝင်စဉ့်အိုး၊ အလှပန်းစိုက်အိုး၊ ဘုရားပန်းအိုးများ၊  ၅ပိဿာဝင်စဉ်အိုး၊ ၃ပိဿာဝင်စဉ့်အိုး၊ စဉ့်အင်တုံ၊ ကျောက်ငရုတ်ဆုံ၊ ရန်တာဘိုကထုတ်လုပ်သော သဲသောက်ရေအိုးများ၊ ရောင်းချနေကြောင်း တွေ့ ရှိရသည်။

           ရောင်းချမှုအနေဖြင့် ၁၅၀ဝင် စဉ်အိုးကို လက်ရှိရောင်းဈေး ငွေကျပ် ၁၀၀၀၀၀ဖြင့် လည်းကောင်း၊ အလှပန်းစိုက်အိုး ငွေကျပ် ၃၅၀၀၀၊ ဘုရားပန်းအိုး ငွေကျပ် ၃၀၀၀-၅၀၀၀ကျပ်၊  ၅ပိဿာ၊ ၃ပိဿာ ဝင်စဉ်အိုး ငွေကျပ် ၁၀၀၀၀-၁၅၀၀၀ကျပ်၊  ငရုတ်ဆုံ ၁၀၀၀၀ကျပ်၊ သဲရေအိုး ရိုးရိုး ငွေကျပ် ၇၅၀၀ကျပ်၊ ရေဂေါက်ပါ သဲရေအိုး ငွေကျပ် ၂၅၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။ စဉ်အိုးကို ကျောက်မြောင်းမြို့ နွယ်ငြိမ်းရွှေဂွန် အိုးထုတ်လုပ်သူထံမှ မှာယူရောင်းချပြီး မှာယူသည့် လက်ကားဈေး ၆၀၀၀၀ကျပ်ကျသင့်ပါက ပြန်လည်ရောင်းချမှု ကုန်ကျစရိတ်ပေါင်း၍ အမြတ် ၄၀၀၀၀ ကျပ်ခွာ၍ ရောင်းချကြောင်း မအူပင်စဉ်အိုးဒိုင်လုပ်ငန်းရှင်မှ ရှင်းလင်း ပြောပြ၍ သိရသည်။

            ၎င်းစဉ်အိုးများကို ပင်လယ်ဒေသရေငံပိုင်းမှ လူမျိုးများသည် စဉ်အိုးအသုံးပြုသည့် အခါ ကျောက်မြောင်းထွက်စဉ်အိုးသည် ခံနိုင်ရည်ကောင်းမွန်မှုကြောင့်  ရေချိုအသုံးပြုသော ဒေသ တို့ထက် ပိုမိုအသုံးပြုကြသည်။ စဉ့်အိုးရောင်းချသူ လုပ်ငန်းရှင်သည် ၂၀၂၄နောက်ပိုင်း အိုးမှာယူရောင်းချမှု ၅သောင်းကျော်သာ မှာယူရောင်းချပြီး ယခင်နှစ်များက တစ်နှစ်ကို စဉ်အိုးအလုံးရေ အမျိုးအစားအမျိုးမျိုး ၁သိန်းခန့်မှာယူ ရောင်းချကြောင်းသိရသည်။ ယခုနောက်ပိုင်း မှာယူရခက်ခဲ၍ အနည်းငယ်သာရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်၌ ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိ

ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝ အလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာ သည်ကိုလည်း တွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျ စိုက်ပျိုးခြင်းမရှိလျှင် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ ဖြစ်တတ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ် အနေဖြင့် အလျား(၉)ပေနှင့် အနံ(၃)ပေကို(၄၅၀၀၀)ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင်လျှင်(၁၀-၁၅)ပိဿာ ထိခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၁၀၀၀)ကျပ် (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်နှင့် လက်ကားဈေး(၁၀၀၀၀)ကျပ် ရောင်းချရသောကြောင့် စိုက်ပျိုး သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ရာသီစာမုန်လာဥဖြူ ဈေးနှုန်းအခြေအနေ

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် မြို့ပေါ်ရပ် ကွက်များတွင် မုန်လာဥဖြူများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ထွက်ရှိသည့်မုန်လာဥဖြူများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း ၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း မုန်လာဥဖြူအကြီး (၃)ဥပါတစ်တွဲလျှင် ၆၀၀ကျပ်၊ မုန်လာဥဖြူအသေး(၄)ဥပါတစ်တွဲလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချ ကြောင်း၊ ရာသီပေါ်သီးနှံဖြစ်သည့်အတွက် မုန်လာဥဖြူများ ရောင်းအားကောင်းလျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ကျောက်ဖရုံသီးပင်များစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင် ကျောက်ဖ ရုံပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ကျောက်ဖရုံပင်စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံး စိုက်ပျိုးကြောင်း ကျောက်ဖရုံပင် စိုက်ပျိုးသူ ဦးမောင်ဝင်း၏ ပြောပြချက်အရ သိရသည်။

          ကျောက်ဖရုံပင်သည် မျိုးစေ့ချပြီး (၄)လခန့်အကြာတွင် စတင်၍ခူးဆွတ်နိုင်ကြောင်း၊ ကျောက်ဖရုံပင်ကို စင်တင်စိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံး ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ကျောက်ဖ ရုံသီးသည် တာရှည်အထားခံသည့်အပြင် ဆေးအသုံးဝင်သည့်အတွက် အိမ်များတွင်ဆောင်ထားလေ့ ရှိကြောင်း၊ အပင်အမျိုးအစားနှင့် ပြုစုခြင်းပေါ်မူတည်၍ အသီးထွက်နှုန်းကွာခြားလေ့ရှိကြောင်း၊ ကျောက်ဖရုံတစ်စင်ကို ခူးဆွတ်ရာတွင် တစ်ကြိမ်လျှင် အလုံး ၃၀-၄၀ ခန့်ခူးဆွတ်ရကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ကျောက်ဖရုံသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ အလုံးကြီးတစ်လုံးလျှင် ၆၀၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

           ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ     တစ်ပိဿာ လျှင်(၁၄၇၀-၁၄၉၀)ကျပ်ဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး ပြည်ပဝယ်လိုအားများနေသည့်အတွက် စီး ဆင်းမှုမှာ ကောင်းနေပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၁၀၀၀၀ကျပ်၊ ထူး ၂-၁၁၀၀၀ကျပ်၊ ထူး ၃-၁၂၀၀၀ကျပ်၊ ထူး ၄-၁၃၀၀၀ကျပ်၊ ထူး ၅-၁၄၀၀၀ကျပ်၊ ထူးလွန်-၁၅၀၀၀ ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ၂၅၀၀၀ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိပြီး အသစ်ပေါ်ချိန်စောင့်ဆိုင်းနေကြ၍ ဝယ်လက်နည်းကာ စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

          အာလူးသီးနှံမှာ မားကစ် S2/S1-၆၀၀၀ကျပ်၊ မျက်နီ S2/S1-၄၅၀၀ကျပ်၊ အိုကေ-၄၀၀၀ ကျပ်၊ အေဝမ်း-၃၅၀၀ကျပ်၊ ဆွဲသီး-၃၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ဈေးကွက်အဝင်မရှိဘဲ အရည် အသွေးကောင်းသော အာလူးအသစ်များဈေးကွက်အဝင်လှိုင်နေသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါ သည်။

          ချင်းသီးနှံမှာ မြေနီချင်းမအခက်ကြီးတစ်ပိဿာလျှင် (၃၀၀၀)ကျပ် နှင့် ချင်းအခက်အလတ် မှာ၂၅၀၀ကျပ်ဖြင့်ပြည်ပဝယ်လိုအားမရှိသောကြောင့်ဈေးတည်ငြိမ်လျက်ရှိပြီး ပြည်တွင်း ဈေးကွက် သုံးသာ စီးဆင်းနေပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၁၀၀၀-၁၅၀၀)ကျပ်၊ ပန်းမုံလာ (၁၀၀၀-၁၅၀၀)ကျပ်၊ ရွှေပဲ (၄၀၀၀-၅၀၀၀)ကျပ်၊ မုန်ညှင်း (၈၀၀-၁၀၀၀)ကျပ်၊ ဖရုံသီး (၁၃၀၀-၁၅၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀- ၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (၇၀၀-၁၀၀၀)ကျပ်၊ ငရုတ်ပွ (၅၀၀၀-၅၅၀၀)ကျပ်၊ မုန်လာဥနီ (၂၅၀၀-၃၀၀၀)ကျပ် နှင့် ဘိုစား (၄၅၀၀-၄၈၀၀)ကျပ် ဈေးအသီးသီးရှိနေကြပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ နှင့် ရွှေပဲသီးနှံတို့မှာ ဈေးကွက်အဝင်များကာဈေးကျဆင်းသွားပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းထူး ခြားစွာ ပြောင်းလဲမှုမရှိဘဲ ယခုချိန်တွင် သီးနှံအများစုမှာဒေသစုံမှ လှိုင်လှိုင်ထွက်ပေါ်ချိန် ဖြစ်၍ နယ်စုံစီးဆင်းမှုမရှိသဖြင့်သီးနှံအဝင်နှင့်အထွက်မှာမျှတမှုမရှိသောကြောင့်ဈေးဆက်အေးနေ ဦးမည် ဖြစ်ပြီး စီးဆင်းမှုမှာ ယခင်အပတ်အောက်လျော့နည်းသွားကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း