ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ရှိကုန်စုံဆိုင်များ၌ ရောင်းချနေသော ထန်းလျက်ဈေးနှုန်းအခြေအနေ

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်တွင်ရောင်းချနေသော ထန်းလျက်ဈေးနှုန်းမှာ ပန်ထန်းလျက်တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ရိုးရိုးထန်းလျက်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ နို့ထန်း လျက်တစ်ပိဿာလျှင် (၇၅၀၀)ကျပ်နှင့် စမုံထန်လျက်အသေး(၁)ပိဿာလျှင် (၉၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

          ထန်းလျက်သည် ထန်းပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက်ကို အစားအသောက်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ မြေပဲယို၊ နှမ်းယို၊ ဇီးယို စသည်တို့ပြုလုပ် ခြင်းနှင့် ဆေးဖော်စပ်ရာတွင်လည်း ထန်းလျက်ကိုအသုံးပြုကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

         

ကန့်ဘလူမြို့ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော ကြံသကာဈေးနှုန်းအခြေအနေ

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်တွင် ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ် ၊ (၅၀)ကျပ်သားလျှင် ၃၆၀၀ ကျပ်နှင့်(၁၀)ကျပ်သားလျှင် ၇၂၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြံသကာသည် ကြံပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ကြံသကာကို မုန့်ပြုလုပ်ရာတွင်လည်း အသုံးပြုကြောင်း၊ အညာ ဒေသတွင် အိမ်အလည်လာသူ မိတ်ဆွေများကို တည်ခင်းဧည့်ခံရာတွင်လည်း အသုံးပြုကြသည့် အတွက် အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၇၄၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၇၉၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာအလုံး လှပြီးအကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများ ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလတတိယပတ် အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျိုင်းတုံမြို့တွင် ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် ဝက်သားရောင်းချခြင်း

           ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက် (၀၉း၃၀)နာရီအချိန်မှ စတင်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် ဝက်သားများ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ရောင်းချရာတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့တို့ ပူးပေါင်း၍ ဝန်ထမ်း တစ်ဦးလျှင် ဝက်သား (၁)ပိဿာ (၃၀၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၀၅၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင်(၈၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများ ကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုအခါ ဈေးကွက်အတွင်း မတ်ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလတတိယပတ်အတွင်း မတ်ပဲဈေးနှုန်း တစ်တင်းလျှင်(၅၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိက စိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မြေအနေအထား နှင့်အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြား မှုရှိကြောင်း သိရသည်။

ပဲစဉ်းငုံသီးနှံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၅၀၀၀ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၇၈၀၀၀ကျပ်ရှိခဲ့ရာ ဖေဖေါ်ဝါရီလ တတိယပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၄၅၀၀ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၇၇၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခု ပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၅၀၀ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၅၀၀ကျပ်ဈေးနှုန်းကျဆင်း သွားကြောင်း ၊ ပဲစဉ်းငုံများကို ဒေသတွင်းပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်း အခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိပါသည်။

ရာသီပေါ်အစားအစာများထဲမှ သရက်သီးကုလားတည်ချဉ်သည်လည်း တစ်ခုအပါ အဝင်ဖြစ် ပါသည်။ သရက်သီး ကုလားတည်ချဉ်ပြုလုပ်ရာတွင် သရက်သီးစိမ်းများ လှိုင်လှိုင်ပေါ်သည့်ရာသီတွင် သရက်သီးအစေ့ထည့်ချိန်တွင် သရက်သီးကိုခွဲစိပ်၍ ဆားသိပ်ပြီး ၂ ရက်မှ ၃ ရက်အထိ ရေစိမ်ထားရပါကြောင်း၊ ဆားသိပ်ထားသော သရက်သီးခြောက်များကို ရေစိမ်ပြီး‌ပြန်ပေါင်းရကြောင်း၊ ပေါင်းပြီးသား သရက်သီးများကို  ကြက်သွန်ဖြူ အရောင်တင်မှုန့် ငရုပ်သီးတို့ဆီသတ်ထားသည့်ဆီကျက်၊ မဆလာတို့ နှင့် ပြန်စိမ်မှသာ စားကောင်းသော သရက်သီးကုလာတည်ချဉ်ဖြစ်ကြောင်း   သရက်သီးကု လာတည်ချဉ်ကို ထမင်းဆိုင်များ၊ စား‌သောက်ဆိုင်များ၊ ဒါန်ပေါက်အရောင်းဆိုင်များနှင့် အလှူ၊ မင်္ဂလာ‌ဆောင်များမှ ဒန်ပေါက်ကျွေးသည့်အခါ အော်ဒါအမှာများနှင့်  မုန်တီသုပ်ဆိုင်၊ ရေစိမ်သုပ် ဆိုင်များတွင် အသုံးများသည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သရက်သီး ကုလားတည် ချဉ်လုပ်ကိုင်ရောင်းချနေသူပြောကြားချက်အရ သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်တို့ဖြင့် ရောင်းချလျက် ရှိကြောင်း မြို့မစည်ပင်သာယာဈေးတွင် လက်လုပ်ချဉ်မျိုးစုံ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

 

ဓနုလူမျိုးတို့၏သရက်ကုန်းဝါးခမောက်လုပ်ငန်း

             ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် အိမ်ခြေ၄၀၀ ကျော်ရှိသည့်အနက် မိရိုးဖလာလုပ်ငန်းဖြစ်သည့် ဝါးခမောက်လုပ်ငန်းကို ၉၅ရာခိုင်နှုန်းခန့် လုပ်ကိုင်လျက်ရှိပါသည်။ ဝါးခမောက်လုပ်ကိုင်ရာတွင် ဝါးပိုးဝါး၏ဝါးဖတ်ကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုပြီး ခွေတင်ရန်အတွက် သိုက်ဝါး၊ ဝါးကြီးတို့ကို လိုအပ်သလိုပုံဖော်ရန်နှင့် ပျော့ပျောင်းရန် ရေထဲမှာ၄၅ရက်စိမ်ပြီး ခိုင်ခံ့ရန်ပျားဖယောင်းသုတ်ထားသောအပ်ချည်ကိုအသုံးပြုချုပ်လုပ်၍အကြမ်းထည်မှ အချောထည်ရရှိသည့်အထိ အဆင့်ဆင့်ပြုလုပ်ရသည့်ရိုးရာလက်မှုလုပ်ငန်းဖြစ်ပါသည်။ မိမိ ဒေသထွက်ကုန်ကြမ်းဝါးဖတ်များအပြင် နီးစပ်ရာဒေသများဖြစ်သော ကလော၊ တီကျစ်၊ ရပ်စောက်၊ ရွာငံ၊ တောင်ပေါ်ကြီး ဒေသများမှလည်းကုန်ကြမ်းများရယူပြီး ကုန်ချောများပြန်လည်ရောင်းချလျက် ရှိပါသည်။ တောင်ယာလုပ်ငန်းတွင်အဓိကအသုံးပြုသောဝါးခမောက် အကြမ်းဆောင်း အမျိုးသား၊ အမျိုးသမီးဆောင်းတစ်ချပ်လျှင်၂၀၀၀ကျပ်မှ၂၅၀၀ကျပ်ဝန်းကျင်ရှိပြီး အကြမ်းထည်ကို ဘော်ကြယ်၊ ကာလာဆေးရောင်စုံများနှင့် အသေးစိတ်ဝါးချောင်းများဖြင့် ပြန်လည်အလှဆင်ထားသော (အချော) တစ်ချပ်လျှင် ၃၅၀၀ကျပ်မှ၄၀၀၀ကျပ်အထိရောင်းချလျက်ရှိပါသည်။ အသေးစိတ်ပုံဖော်အလှဆင်ထားသော ရောင်စုံဝါးခမောက်များကို ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဒေသထွက်လက်ဆောင် ပစ္စည်းအရောင်းဆိုင်များနှင့် ရိုးရာပွဲတော်များတွင် Decoration ပြုလုပ်ရန် အလှဆင်အသုံးပြုကြပြီး ဒေသတွင်းသာမက မန္တလေး၊ မိတ္ထီလာ၊ ရပ်စောက်နှင့် မြန်မာနိုင်ငံ့အနှံ့အပြားသို့ ခမောက်အချပ်ရေ ၅၀ချပ်ကိုတစ်တွဲစီး၍ လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခုအခါ သရက်ကုန်းကျေးရွာတွင် နှစ်စဉ်ဝါးခမောက်အလုံးရေ လေးသိန်းမှ ငါးသိန်းကျော်အထိ ထုတ်လုပ်လျက်ရှိပြီး ဝါးခမောက်အကြမ်းသုံးသည် အကြမ်းသုံးဆိုသည့်အတိုင်း အကြမ်းခံပြီး စိုက်ပျိုးရေး လုပ်ကိုင်ရာတွင် တောင်သူများအတွက် လေဒဏ်၊ မိုးဒဏ်၊ နေဒဏ်ကာကွယ်ပေးသည့် မရှိမဖြစ်လို အပ်သောအရာဖြစ်ပြီး ရိုးရာလက်မှုပစ္စည်းဖြစ်သည်နှင့်အညီရိုးရာပွဲများတွင်လည်းကောင်း၊ အလှဆင် ရန်တွင်လည်းကောင်း၊ လက်မှုပစ္စည်းမြတ်နိုးသူများလည်းကြိုက်နှစ်သက်ကြ၍လည်းကောင်းအချော ရောအကြမ်းပါ ကြိုက်နှစ်သက်သူများပြားသော အသုံးအဆောင်ပစ္စည်းဖြစ်သည့် မိရိုးဖလား တစ်နိုင် တစ်ပိုင်အသေးစားလုပ်ငန်းဖြစ်၍ ပြည်တွင်းဖြစ်  ဓနုဒေသထွက် သရက်ကုန်း ဝါးခမောက်လုပ်ငန်းသည် ရေရှည်ရပ်တည်နေနိုင်ခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကုလားပဲအသစ်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံကို ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာ များတွင် စိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အတွင်း ကုလားပဲအသစ်များ စတင်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသည့် ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍ (၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလ တတိယပတ်တွင် ကုလားပဲအသစ် ထိုင်ဝမ်တစ်တင်းလျှင် (၆၈၀၀၀)ကျပ် ၊ ကုလားပဲ(929)တစ်တင်းလျှင်(၇၂၅၀၀) ကျပ်နှင့် ကုလားပဲ (V2)တစ်တင်းလျှင်(၇၅၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကန့်ဘလူခရိုင်မှထွက်ရှိ သည့်ကုလားပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်းများ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိ

   မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ် သည့် အစေ့ထုတ်ပြောင်းများလည်း စိုက်ပျိုးကြကြောင်းသိရသည်။

ကန့်ဘလူခရိုင်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888မျိုး တို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုအခါ အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက် မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယ ပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၁၀၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်တွင် အစေ့ထုတ်ပြောင်း(၁)တင်းလျှင်(၁၀၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း