
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ်ဖြစ် ကြောင်း သိရှိရသည်။
မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance (၂၉၀၀)ကျပ်၊ 95 Octance (၂၉၇၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၂၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)
