ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ ပဲတောင့်ရှည်စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည် သီးကိုလည်း မိသားစုစီးပွားရေးလုပ်ငန်းများအဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မ စျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ယခုအခါ ထားဝယ်မြို့ရှိ အောက်တိုဘာလဒုတိယအပတ်တွင် ပဲတောင့်ရှည်သီး စျေးနှုန်း များမှာ ပဲတောင့်ရှည်သီး အစီးငယ်တစ်စီးလျှင် (၆၀၀)ကျပ်ရှိပြီး ပဲတောင့်ရှည်သီးတစ်စီးလျှင် (၂၅၀၀) ကျပ်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ရွှေဖရုံသီးစျေးနှုန်း

 

          ရွှေဖရုံသီး၏အရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရသာအနည်းငယ်ချိုသည်။ မချက် ပြုတ်မီ အသားမာကျောသော်လည်း အပူပေးချက်ပြုတ်ပြီးနောက် အလွန်နူးညံ့သည်။ အသီး သာမက အပင်၏ အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကိုလည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ပတ်ဝန်းကျင် ကျေးရွာများရှိ ဥယျာဉ်ခြံမျာ၊ လယ်ကွင်း၊ စိုက်ပျိုးခြံများတွင် မိသားစုစီးပွားရေး လုပ်ငန်းများ အဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ထွက်ရှိလာသောအသီးများကို ကုန်စိမ်းသည်များသို့ဖောက်သည်ပေး ကာ ထိုမှတဆင့်အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပြီး ထားဝယ်မြို့ ကမ်းနားပျံကျစျေး၊ စည်ပင်သာယာစျေးကြီး၊ ရပ်ကွက်ကျေးရွာစျေးများနှင့်ညနေစျေးများတွင် ရောင်းချနေသော စျေးနှုန်း များအရ တစ်စိတ်လျှင်(၁၂၀၀)ကျပ်၊ တစ်လုံးလျှင်(၄၅၀၀)ကျပ်အသီးသီးရှိကြောင်း ရောင်းချသူများ ထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)

မအူပင် နှင်းဆီပန်း ရောင်းဝယ်မှု ဈေးကွက်

          နှင်းဆီပန်းသည် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်သည်။ နှင်းဆီပန်းကို အလှအပ ပန်းဆင်၊ ပန်းခင်း၊ ပွဲလမ်းသဘင်များတွင် အလှပန်းအနေဖြင့် အသုံးပြုကြပြီး၊ မြန်မာလူမျိုးများအနေဖြင့် ဘုရားပန်းကပ်လှူခြင်းများလည်းရှိသည်။ နှင်းဆီအမျိုးပေါင်း ၁၀၀လောက်ရှိပြီး အရောင်းအသွေးအမျိုးမျိုးရှိသည်။ နှင်းဆီပန်းသည် အာရှမျိုးရင်း ပင်ဖြစ်သည်ဟု ဖတ်ရှုလေ့လာသိရှိရသည်။

          မအူပင်မြို့တွင် ဒေသပန်းများကို တနိုင်တပိုင် ခြံမြေများ၊ လယ်ကွက်ဘေးဘောင် ပိုလျှံနေရာများတွင် စိုက်ပျိုးကြောင်း တွေ့ရှိရသည်။  ပွင်းလင်းရာသီတွင်သာ ကျေးရွာများ၌ ပန်းစိုက်ပျိုးကြောင်း သိရသည်။ ယခုလို မိုးတွင်ကာလတွင် မအူပင်ပန်းဈေးကွက်၌ ရောင်းချသောပန်းများကို တွေ့ရှိရပြီး ရောင်းချနေသောပန်းများမှ ရန်ကုန် သီရိမင်္ဂလာဈေးမှ မှာယူဝယ်ယူပြီး မအူပင်တွင်ပန်းများကို ရောင်းချနေခြင်းဖြစ်သည်။

          မအူပင်တွင် ဘုရားပန်းရောင်းချသူများ ရောင်းချသောပန်းများတွင် ရေမွေးနှင်းဆီ၊ ချိုချဉ်နှင်းဆီ၊ အနီရောင်နှင်းဆီပန်းများ ရောင်းချနေကြောင်းတွေ့ရပြီး ရေမွေးနှင်းဆီခေါ် ပန်းဆီရောင်နှင်းဆီ ၁၀ပွင့် တစ်စည်းကို ၂၅၀၀ကျပ်၊ ချိုချဉ်နှင်းဆီ ၀၀၀ကျပ်၊ နှင်းဆီအနီရောင် ၁၀ပွင့်တစ်စည်းကို ၃၅၀၀ကျပ် ရောင်းချနေပြီး၊ ပန်းလှည်းဖြင့် မြို့နယ်ရပ်ကွက်များသို့ လှည့်လည်ရောင်းချသူများကိုလည်းတွေ့ရှိရသည်။ ၎င်းနှင်းဆီ ပန်းများသည် တောင်ကြီးဘက်မှ ဝင်ရောက်လာပြီး ရန်ကုန်သီရိမင်္ဂလာဈေးမှ ဝယ်ယူပြီး မအူပင်မြို့အတွင်း ရောင်းချခြင်းဖြစ်ကြောင်း ပန်းရောင်းချသူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့၏ မုန်ညင်းထုပ်စျေးနှုန်း

    မုန်ညင်းထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး  မြန်မာနိုင်ငံတွင်လည်း  ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။                        ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်း သည်။ မုန်ညင်းထုပ်များသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့် အတွက်   စိုက်ပျိုးသူတောင်သူများအနေဖြင့်  တစ်နိုင်တစ်ပိုင်  စိုက်ပျိုးရောင်းချနိုင်ပြီး  ဝင်ငွေကောင်းသောသီးနှံပင်တစ်မျိုးလည်း ဖြစ်ပါသည်။

          ထားဝယ်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးများတွင် မေးမြန်းသိရှိရသောဈေးနှုန်းများ အရ မုန်ညင်းထုပ်တစ်ထုပ်လျှင် (၁၃၀၀)ကျပ်မှ(၁၅၀၀)ကျပ်ခန့်ရှိသဖြင့် မိသားစုအပိုဝင်ငွေများ ရရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“နနွင်းဖူးများလှိုင်လှိုင်ထွက်ပေါ်”

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နနွင်း စိုက်ဧက (၂၀၀၄)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏စာရင်းများအရ သိရှိရပါသည်။ နနွင်းစျေးနှုန်းအနေဖြင့် ယခင်နှစ် နနွင်းတက်တစ်ပိဿာလျှင် (၉၅၀၀/)ကျပ်၊နနွင်းခေါင်းတစ်ပိဿာ လျှင် (၈၀၀၀/-)ကျပ် ၊ နနွင်းမှုန့်နို့ဆီဗူးတစ်ဗူးလျှင် (၁၅၀၀/-)ကျပ်၊ ယခုအချိန် နနွင်းတက် တစ်ပိဿာလျှင် (၉၀၀၀/)ကျပ်၊နနွင်းခေါင်းတစ်ပိဿာ လျှင် (၉၀၀၀/-)ကျပ်၊နနွင်းမှုန့်နို့ ဆီဗူးတစ်ဗူး လျှင် (၂၅၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန် နနွင်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နနွင်းဖူးများလည်း လှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ သွင်းစျေးအနေဖြင့် နနွင်း(၃)ဗူးတစ်တွဲလျှင် (၈၀/-)ကျပ် ၊ နနွင်း(၁၁)ဗူးတစ်တွဲလျှင် (၈၀၀/-)ကျပ် စျေးနှုန်းရရှိပြီး အခင်းထဲအရောက်လာရောက်ဝယ်ယူလျက်ရှိကြောင်း ၊ လက်လီစျေးနှုန်းအနေဖြင့် စျေးထဲ၌ နနွင်းအဖူး(၁၀)ဗူးတစ်စည်းလျင် (၅၀၀/-)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည် ။ တင်ပို့မှုအနေဖြင့်  မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ မြို့များသို့တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ် နနွင်းဖူး စျေးကွက်ကောင်းမွန်လျက်သဖြင့် တောင်သူများအတွက် တွက်ချက်ကိုက်သောနှစ်ဖြစ်၍ တောင်သူ ဦးကြီးများ ပြုံးပျော်လျက်ရှိကြောင်း နနွင်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

                

 

ထားဝယ်မြို့ပေါ်တွင် ရောင်းချဖြစ်ပေါ်လျက်ရှိသော သံပရာသီးစျေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် သံပရာပင်များအား စိုက်ပျိုးလျက်ရှိပြီး မိုးရာသီကာလအတွင်း သံပရာသီးများ လှိုင်လှိုင်ထွက်ရှိသဖြင့် သံပရာ သီးစျေးနှုန်းများမှာ ကျဆင်းသွားပြီး ယခု မိုးအကုန် ကာလများတွင် သံပရာသီးထွက်ရှိမှု လျော့နည်းလာရာ သံပရာသီး စျေးနှုန်းများမှာ တစ်လုံးလျှင် ၂၀၀/၂၅၀ ကျပ်အထိ အလုံးအရွယ်အစားပေါ် မူတည်၍ စျေးနှုန်းအနည်းငယ်မြင့်တက်ပြောင်းလဲမှုရှိလာကြောင်း ထားဝယ်မြို့၊ ကမ်နားစျေးနှင့် မေတ္တာကမ္ဘာအေး ကိုယ်ပိုင်စျေးရှိ ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ဝက်သားစျေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားသည် စားသုံးမှုများပြားသည့် အပြင် တရုတ်အစားအစာများစုတွင် ထည့်သွင်းအသုံးပြုလျက်ရှိရာ အောက်တိုဘာလ ပထမအပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ကမ်းနားစျေးတွင်ရောင်းချလျက်ရှိသော ဝက်သားစျေးနှုန်းများမှာ ဝက်သားတစ် ပိဿာလျှင် ၃၂၀၀၀ ကျပ်၊ ဝက်နံရိုး(အသားများအလည်ကျောရိုးမပါ)တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ဝက်နံရိုး(အလယ်ကျောရိုးပါ)တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့မှထွက်ရှိသော ရာသီပေါ်ဓနိရည်ချိုစျေးနှုန်း

    ဓနိပင်သည် ပင်လယ်ဒီရေရောက်ရှိသော နေရာများတွင် ပေါက်ရောက်ဖြစ်ထွန်း လျက်ရှိသောကြောင့် မြိတ်မြို့ရှိ မြစ်ကမ်းနားစပ်၊ ချောင်းကမ်းနားစပ် စသည်တို့တွင် ဓနိပင်များ သဘာဝပေါက်ရောက်လျက်ရှိသည်။ ဓနိပင်မှ ဓနိရည်ချိုအား ထုတ်ယူရာတွင် ဓနိသီးအ ခိုင်ကို အချိန်တစ်လနီးပါး ထုကျောက်ပြီး၍ (ခြေဖြင့်ကန်ခြင်း၊ မာကျောသည့် အရာတစ် ခုခုဖြင့်ထုခြင်း) အခိုင်အား ဖြတ်တောက်ပြီး ကျန်ရစ်သည့်အညှာတံအား ဓါးဖြင့်ပါးပါးလှီးကာ ကျလာသည့် အရည်အား ရေသန့်ဗူး၊ ဝါးကျည်တောက်တို့ဖြင့် ခံယူရသည်။

    မြိတ်မြို့တွင် ဆောင်းရာသီ၏ ရာသီပေါ်အစားအသောက်တစ်ခုဖြစ်သည့် ဓနိရည်ချို အား ကောင်းညှင်းပေါင်းနှင့်တွဲပြီး ရာသီအစားအစာတစ်ခုအဖြစ် စားသောက်လေ့ရှိပြီး ရာသီ ပေါ် ဝင်ငွေရလုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် မြိတ်မြို့၌ ရောင်းချလျက်ရှိသော ဓနိရည်စျေးနှုန်းမှာ ၁ လီတာဗူးဖြင့် တစ်ဗူးလျှင် ၂၅၀၀ ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။

DOCA(တနင်္သာရီ)

 

 

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

  ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၉.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၄၃၀၀ အိတ် နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၆၅ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၄၃၀ နှင့် ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၃၆ နှင့် ဈေးနှုန်းများမှာ ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၄၈၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၉၆၂ အိတ်၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၀၀၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၇၈၊  ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၄၀ ၊ ဈေးနှုန်းများမှာ ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၅၂၀၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၇၂၀၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၂၆၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၈၇၊ ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၂၃၊ ဈေးနှုန်းများမှာ ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ဆန်ကွဲ အိတ်ရေ ၅၁၃၆ အိတ်၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ် တို့ ဝင်ရောက်ကြောင်း သိရှိရပါသည်။    

            ၉.၁၀.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်ရေဝင်ရောက်မှု အနည်းငယ်လျော့နည်းပြီး ဆန် ဈေးနှုန်းမှာပြောင်းလဲမှုမရှိ ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော ဆေးဘဲဥဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့အတွင်းရှိ မီးဖိုချောင်သုံးသီးနှံများနှင့် ကြက်ဥ၊ ဘဲဥ၊ငုံးဥနှင့် ဆေးဘဲဥများကိုလည်း နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ်စဥ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဒေသအတွင်း လက်လီ/လက်ကား ဝယ်ယူသူများ၊ မြို့နယ်မှတစ်ဆင့်ပြန်လည် ရောင်းချသူများဖြင့် ပုံမှန်ဝယ် ယူ‌ရောင်းချနေကြောင်း သိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် ဆေးဘဲဥများကို ရန်ကုန်မြို့မှ တဆင့်ဝယ်ယူပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း သိရှိရပါသည်။ ဆေးဘဲဥများသည် ရာသီမရွေးထွက်ရှိပြီး စားသုံးသူများလည်းများပြားကြောင်း သိရှိရပါသည်။‌ မြိတ်မြို့ပေါ်ရှိ အသုပ်ဆိုင်များတွင် ဆေးဘဲဥသုပ်များကို အများအပြားရောင်းချကြ၍ လူကြိုက်များလှကြောင်း သိရှိရပါသည်။

      ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆေးဘဲဥဈေးနှုန်းမှာ တစ်လုံးလျှင် (၇၅၀)ကျပ်ရှိကြောင်း ဆေးဘဲဥရောင်းချသူများထံမှ သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း