ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်း၌ စားအုန်းဆီသင်္ဘောဝင်ရောက်ခဲ့မှု

           စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့် အညီ စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှတင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ(သဲကွင်း)ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းသို့ (၁၁.၁၀.၂၀၂၅)ရက်နေ့တွင် MT AU VIRGO သင်္ဘောဖြင့် ROS ဆီကန်သို့ (၅၀၀.၈၇၄)တန် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အရောင်းသွက်သည့် ပန်းစျေးကွက်

   စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊အမရပူရမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ကြီး ဒေသတို့ မှထွက်ရှိသည့်ပန်းများ ဝင်ရောက်လျှက်ရှိပြီး၊ သီတင်းကျွတ်ကာလတွင် အရောင်းသွက်လျှက်ရှိ ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းတစ်စီး လက်လီပေါက်စျေးနှုန်းများမှာ ဂန္ဓာမာပန်းကြွေဖြူ တစ်စီးလျှင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊အရောင် အမျိုးအစားအလိုက် ဂန္ဓာမာပန်း အပွင့်သေး  ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ မေမြို့ပန်းရောင်စုံ ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ သစ္စာပန်း ၄၀၀ဝိ/- နှင့် ၄၅၀ဝိ/-၊ လီလီပန်း ၁၅၀၀ဝိ/- နှင့် ၂၀၀၀ဝိ/-၊ သပြေပန်း ၇၀ဝိ/- နှင့် ၁၀၀ဝိ/-၊ အာဆီယံသပြေ ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ နှင်းဆီပန်း ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကျောက်စိမ်းပန်း ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ညွှန့် ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- သစ်ခွပန်း ၄၀၀ဝိ/-နှင့် ၆၀၀ဝိ/-စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

စျေးငြိမ်လျက်ရှိသော ထန်းလျက်စျေးကွက်

   မန္တလေးမြို့စျေးကွက်အတွင်းသို့ တံတားဦးမြို့နယ်၊ကေျာက်ပန်းတောင်းမြို့နယ်နှင့်ညောင်ဦး မြို့နယ်တို့မှ ထွက်ရှိသည့်ထန်းလျက်များ ဝင်ရောက်လျက်ရှိပြီး၊ ထန်းလျက်စျေးမှာ ပြောင်းလဲမှုမရှိဘဲ စျေးငြိမ်လျှက်ရှိကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ် နေ သည့် ထန်းလျက်တစ်ပိဿာ ပေါက်စျေးများမှာ ထန်းလျက် (လုံးသေး) ၈၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-၊ အုန်းထန်းလျက် ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ နို့ထန်းလျက်  ၁၀၀၀ဝိ/- နှင့် ၁၁၀၀ဝိ/-၊ ဆီးထန်းလျက် ၈၀၀ဝိ/- နှင့် ၉၀၀ဝိ/-၊နှမ်းထန်းလျက် ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊မြေပဲထန်လျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေးတို့ဖြင့် အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

အောက်တိုဘာလဒုတိယပတ်ရှိရွှေပဲသီးတောင့်စျေး

   မိုးနှောင်းရာသီချိန်ဖြစ်၍  မန္တလေးကုန်စိမ်းစျေးကွက်သို့ ရွှေပဲသီးတောင့်များ ဝင်ရောက်မှုများ ပြားပြီး၊ စျေးအနည်းငယ်ကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာဈေးတို့တွင် မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့်ရှမ်းပြည်နယ်ဒေသတို့မှ ထွက်ရှိ သော ရွှေပဲသီးတောင့်သီးနှံများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလ ဒုတိယပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့် တစ်ပိဿာလျှင် လက္ကားစျေး  ၆၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေး ၇၅၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ ‌ရွှေပဲသီး အရွက်(၁၀ စည်းပါ) တစ်စည်းလျှင် လက္ကားစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် အရောင်းသွက်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)

မိုးနှောင်းရာသီခါကြက်ဥ(ခေါ်)မုန်လာဥနီဈေးကွက်

    မန္တလေးဈေးကွက်သို့ မိုးနှောင်းရာသီအတွင်း ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှ ထွက်သည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ  ကုန်စိမ်းများ အများအပြား ဝင်ရောက်လျက်ရှိ ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း တွေ့ရသော ခါကြက်ဥ(ခေါ်) မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုး အစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံး ဝင်ရောက် သည့်ကုန်စိမ်း  အမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာစျေးတို့တွင်  ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်ဈေးမှာ တစ်ပိဿာ လျှင် လက္ကားဈေး မုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်၊ မုံလာဥနီထိုင်ဝမ်မျိုး ၈၀၀၀ ကျပ် နှင့် ၈၅၀၀ ကျပ်၊ လက်လီဈေးနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၇၀၀ကျပ်နှင့် ၃၀၀၀ကျပ်၊ မုန်လာဥနီ ထိုင်ဝမ်မျိုး ၉၀၀၀ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်သည့်ကုန်စိမ်း အမယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်ရှိကန်စွန်းဥဈေး

  စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှအဝင်များပြီး၊ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်းသိရှိရပါသည်။ မန္တလေး တိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ် တို့တွင် ကန်စွန်းဥကို အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက် အတွင်းသို့ အများဆုံးတွေ့ရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း ရောင်းချသည့် ကန်စွန်းဥ တစ်ပိဿာလက္ကားစျေးမှာ ၂၅၀ဝိ/-မှ၃၅၀ဝိ/-၊လက်လီစျေးမှာ ၄၀၀ဝိ/-မှ ၅၀၀ဝိ/- တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ကန်စွန်းဥမှာ စျေးနှုန်းချိုပြီး အရောင်း သွက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကန်စွန်းဥ ရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)

 မန္တလေးကျွဲကောသီးစျေးကွက်အရောင်းသွက်

            မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ မှ ထွက်သည့်ကျွဲကောသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက် လျက် ရှိကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များ မှာ ကျွဲကောသီး ၁ လုံးလျှင် အလုံး(ကြီး) ၅၀၀၀ ကျပ်နှင့် ၇၀၀၀ကျပ်၊အလုံး(လတ်)  ၄၀၀၀ ကျပ် နှင့် ၄၅၀၀ ကျပ်၊ အလုံး(သေး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်စျေးတို့ ဖြင့် အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိပြီး၊ သစ်သီးမျိုးစုံစျေးကွက်အတွင်း ကျွဲကောသီးမှာ အရောင်းသွက်လျက်ရှိ ကြောင်း   သိရှိရပါသည်။

DOCA (မန္တလေး)      

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အောက်တိုဘာဒုတိယပတ်တွင် ဖြစ်ပေါ်နေသောအခြေခံ စားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေစာရင်းကောက်ယူ”

          အခြေခံစားကုန်ပစ္စည်းများ၏ အောက်တိုဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းအခြေအနေအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များသို့ အောက်တိုဘာလ(၁၃)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်း စစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်ကွင်းဆင်း စာရင်းကောက်ယူခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်း ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်းလွင် (ရတနာလွင်)ကုန်စုံဆိုင်၊ ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ ဦးသိန်းထွဋ် (ဦးကိုလေး) ကုန်စုံဆိုင်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ ဝက်သား၊ အမဲသား၊ ဆိတ်သားဆိုင်၊ ငါး၊ ပုဇွန်နှင့် ငါးပိ၊ ငါးခြောက်ဆိုင်၊ ကြက်ဥ၊ ဘဲဥဆိုင်၊ အသီးအရွက် ကုန်စိမ်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ် ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့၌ ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွကြော်ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံယိုနှင့် မြေပဲပွကြော်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ် ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွ ကြော်ဈေးနှုန်းတို့မှာ ကျောက်ဖရုံယို(၁)ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၀)ကျပ် သားလျှင် (၆၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြေပဲပွကြော်(၁) ပြည်လျှင်(၆၀၀၀)ကျပ်နှင့် (၁)ဘူးလျှင်(၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိ ရပါသည်။

DOCA(စစ်ကိုင်း)

သုံးခွမြို့နယ်၏ ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားကုန်(ကုန်ခြောက်)ဈေးနှုန်းများ”

           အောက်တိုဘာလ ဒုတိယပတ်တွင် သုံးခွမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားကုန် (ကုန်ခြောက်)ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၂၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်၊ ငရုပ်ရှည် တစ်ပိဿာလျှင် (၁၁၀၀၀မှ ၁၅၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မန်းကျည်းသီးတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၄၆၀၀မှ ၅၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် ယခင်အပတ်တွင် (၇၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် ပစ္စည်းအဝင်လျော့နည်းသွား၍ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်တို့ဖြင့် သုံးခွမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

         အခြေခံစားကုန် (ကုန်ခြောက်) ဈေးနှုန်းများအနေဖြင့် ယခုအပတ်တွင် အာလူးဈေးနှုန်း အနည်းငယ်ပြောင်းလဲမှုရှိသော်လည်း အခြားကုန်ခြောက်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိသော်လည်း ဈေးအေးလျက်ရှိကြောင်း အဆိုပါ ကုန်ခြောက်ပစ္စည်းများအား ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူရောင်းချခြင်းဖြစ်ပြီး မြို့နယ်တွင်းသို့ တစ်ရက်ခြားတစ်ခါ ကုန်ခြောက်ပစ္စည်းများ ပုံမှန်ဝင် ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း