
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆေးနှင့်ဆေးပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်မှုနှင့် ပစ္စည်းပြတ်လတ်မှု မရှိစေရေးအတွက် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ်ဆေးခဲ့ရာ ယခုလ အောက်တိုဘာ( တတိယပတ် )တွင် ဖြစ်ပေါ်နေသော ဆေးဈေးနှုန်း( ၁ )ကဒ်အခြေအနေမှာ Metformin( ၆၅၀ )ကျပ်၊ Livolin Forte ( ၁၀၀၀၀ )ကျပ်၊ Biogesic( ၃၀၀၀ )ကျပ်၊ Dexanethasone( ၅၀၀ )ကျပ်၊ Betax( ၉၅၀၀ )ကျပ်၊ Amoxicillin( ၁၃၀၀ )ကျပ်၊ Becozinc( ၈၀၀၀ )ကျပ်၊ Decolgen( ၄၃၀၀ )ကျပ်၊ Gofen( ၆၂၀၀ )ကျပ်၊ Enervon-c(၈၅၀၀)ကျပ်၊ Hepalucky(၅၈၀၀)ကျပ်၊ Air-x(၂၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိရာ အောက်တိုဘာလ( ဒုတိယ )ပတ်တွင် Metformin( ၆၅၀ )ကျပ်၊ Livolin Forte ( ၁၀၀၀၀ )ကျပ်၊ Biogesic( ၃၀၀၀ )ကျပ်၊ Dexanethasone( ၅၀၀ )ကျပ်၊ Betax( ၉၅၀၀ )ကျပ်၊ Amoxicillin( ၁၃၀၀ ) ကျပ်၊ Becozinc(၈၀၀၀)ကျပ်၊ Decolgen(၄၃၀၀)ကျပ်၊ Gofen(၆၂၀၀)ကျပ်၊ Enervon-c(၈၅၀၀) ကျပ်၊ Hepalucky( ၅၈၀၀ )ကျပ်၊ Air-x( ၂၂၀၀ )ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။
အောက်တိုဘာ တတိယပတ်နှင့် ဒုတိယပတ်ကို နှိုင်းယှဉ်လျင် ယခု( တတိယ )အပတ်တွင် Air-x(၁)ကဒ်လျှင် (၂၀၀)ကျပ် ဈေးနှုန်းအနည်းငယ် မြင့်တက်နေကြောင်းနှင့် ကျန်ဆေးပစ္စည်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
(DOCA) ဧရာဝတီ
