
မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံ အပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလတတိယပတ်အတွင်း ဖြစ် ပေါ် လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ ၂၂၅၀၀၀ ကျပ်နှင့်၂၇၅၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၄၁၆၇ကျပ်နှင့် ၅၀၉၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ် နှင့် ၃၄၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၃၇၀ကျပ်နှင့် ၆၂၉၆ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။
DOCA (မန္တလေး)
