ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်တင်မှုန့်၊ နနွင်းမှုန့်ရောင်ချသည့်ဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရွှေဘိုမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ အရောင်တင်ခင်မောင်အေးဆိုင်အား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ အရောင်တင်မှုန့်၊ နနွင်းမှုန့်နှင့် ငရုတ်သီးအကြမ်း မှုန့်များအား လုပ်သားများဖြင့် အိမ်တွင်ကြိတ်ခွဲ၍ ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ သည့်အတွက် ခွင့်မပြုဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ ထည့်သွင်းရောနှောရောင်းချခြင်းမပြုဘဲ သဘာဝအရောင်အတိုင်းသာ ရောင်းချကြရန်၊ ဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ စားသုံးမိခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင် သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၄၂၀)ကျပ်၊ ဥသေးတစ်လုံးလျှင်(၄၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၈၀) ကျပ်၊ ဥသေးတစ်လုံးလျှင် (၇၅၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီးယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်လျော့နည်းလာကြောင်းကြက် ဥ၊ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မ များမှမိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း ကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ဈေးနှုန်းကျဆင်းနေသည့် ခရမ်းချဉ်သီးနှင့်အာလူးသီး ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံး စွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

           စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များ မှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊   ခရမ်းချဉ်သီးများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၂၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၇၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေကျပ် (၆၀၀၀)ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁)ပိဿာ လျှင်ငွေကျပ်(၃၀၀)နှင့်  အားလူးသီး(၁)ပိဿာလျှင်ငွေကျပ်(၁၀၀၀) ဈေးနှုန်းကျဆင်းလာပြီးပုံမှန်အ တိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘားအံမြို့ရှိလိ‌မ္မော်သီးဈေးနှုန်းအခြေအနေ

ဘားအံမြို့၊ ဖေဖော်ဝါရီ ၁၉

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းသွက်လျက်ရှိနေကြောင်း သိရသည်။

          လိမ္မော်သီးသည် အနံအရသာနဲ့ပြည့်စုံရုံသာမက ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုသည့်အတွက် စားသုံးသင့်သောသီးနှံတစ်မျိုးဖြစ်သည်။ အဆိုပါ လိမ္မာ်သီးများ သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဆန်းပိုင်းမှစ၍ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကလော၊ အောင်ပန်း ဒေသများမှ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ စတင်ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ဈေးနှုန်းများမှာ ယခင်လ လိမ္မာ်သီးဈေးနှုန်း တစ်ကီလိုလျှင် (၅၀၀၀၊ ၆၀၀၀)ကျပ်နှင့် ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် လိမ္မာ်သီးတစ်ကီလိုလျှင် (၃၅၀၀၊ ၅၀၀၀)ကျပ် နှုန်းတို့ဖြစ် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း လိမ္မာ်သီးအရောင်းဆိုင်များမှ သိရသည်။

DOCA(ကရင်)

ကန့်ဘလူမြို့နယ်အတွင်း‌ ရောင်းချနေသော ‌ပန်းငရုပ်ပွသီး ဈေးနှုန်း/ ‌ဈေးကွက် အခြေအနေ

            ကန့်ဘလူမြို့ မဈေးတွင် ကုန်စိမ်းသီးနှံများဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းငရုပ်ပွသီးကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယအပတ် ကန့်ဘလူမြို့မဈေးအတွင်းရှိ ပန်းငရုပ်ပွသီးဈေးနှုန်းမှာ ပန်းငရုပ်ပွသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချနေသော ငရုပ်သီးစိမ်း ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို  လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံများအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။

           ငရုပ်သီးစိမ်းများထဲမှ မိုးထော်ငရုပ် ကျောက်စိမ်းသီးနှင့် ကုလားအော်သီး တို့ကိုရောင်းချလျက် ရှိပါသည်။      ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်တွင် ကန့်ဘလူမြို့ မစည်ပင်သာယာဈေး အတွင်း ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ် (ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော်  ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၁၅၀၀၀)ကျပ် နို့ဆီ တစ်ဘူးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မစည်ပင် သာယာဈေး ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Anchorကန့်ဘလူမြို့တွင် ရောင်းချနေသော စတော်ဘယ်ရီသီးဖျော်ရည် ဈေးနှုန်း အခြေအနေ

            ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် စတော်ဘယ်ရီသီးများကို ဘူးဖြင့်ရောင်းချခြင်း၊ ခြင်းများဖြင့်ရောင်းချခြင်းများရှိပြီး အအေးဆိုင်များတွင် အအေးမျိုးစုံ၊ အသီးဖျော်ရည်မျိုးစုံ ရောင်းချသည့်အနက်မှ စတော်ဘယ်ရီသီးဖျော်ရည်ကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စတော် ဘယ်ရီသီးဖျော်ရည် ဈေးနှုန်းများမှာ (၁)ခွက်လျှင်(၅၀၀၀)ကျပ်ဈေးဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေးတွင် ရောင်းချနေသော တို့ဟူးစိမ်း ဈေးနှုန်း/ ဈေးကွက် အခြေအနေ

           ကန့်ဘလူမြို့ရှိ မိုးမလင်းဈေးနှင့် မြို့မဈေးကြီးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်းတို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိကြောင်းသိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော နှင်းဆီပန်း ဈေးနှုန်း အခြေအနေ

          ကန့်ဘလူမြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

          နှင်းဆီပန်းတွင် အနီ၊ အဖြူ၊ အဝါ၊ ပန်းရောင်၊ လိမ္မော်ရောင် စသည်အရောင်များရှိသည့်အနက် အဝါရောင်နှင်းဆီပန်းသည် နွေးထွေးမှုနှင့် ‌ပျော်ရွှင်မှုအတွက် ချစ်ကြည်ရေးပန်းအဖြစ် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း လက်ဆောင် ပေးလေ့ရှိကြပါသည်။ နှင်းဆီအဖြူသည် သန့်ရှင်းမှုနှင့် ကျေးဇူးတရားသိတတ်မှုကို ပုံဖော်စေပြီး ထာဝရသစ္စာစောင့်သိခြင်း အဓိပ္ပါယ်ရှိသောကြောင့် မင်္ဂလာပွဲ များတွင် အလှဆင်ခြင်းနှင့် ဆရာသမားများကို ကန်တော့ရာတွင် အသုံးပြုကြပါသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ(တတိယပတ်)တွင် နှင်းဆီပန်း ဈေးနှုန်းဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်)တစ်ပွင့်လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၄၀၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။         

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဂန္ဓမာပန်း ဈေးနှုန်း/ ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုးလည်းဖြစ်ပါသည်။

          ဂန္ဓမာပန်းသည် ဘုရားပန်းကပ်လှူပူဇော်ရာတွင်လည်း အသုံးပြုပြီး  အနည်းဆုံးတစ်ပတ်အထိ ထားခံပြီး ဘုရားပန်းအိုးထဲတွင်အရွက်များစိမ်းစိုနေသည့်အတွက် ဂန္ဓမာပန်းသည် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်သည်။ ဂန္ဓမာပန်းကို မိမိတို့ဒေသတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်ကိုသာ တွေ့ရှိ ရပြီး ယခုနောက်ပိုင်းတွင် ဂန္ဓမာပန်းကို စိုက်ပျိုးမှုနည်းသည့်အတွက် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်မြို့တို့မှ ဂန္ဓမာပန်းကို မှာယူရောင်းချရကြောင်း ပန်းသည်ထံမှသိရှိရပါသည်။ ဂန္ဓမာပန်းသည် ဘုရားပန်းကပ်လှူပူဇော်ယုံ သာမက တရားဓမ္မသဘင်ပွဲများတွင် အလှပန်းထိုးခြင်းများ၊  ပန်းပြပွဲများတွင် ပန်းအလှပြရန်ဖြစ်စေ အသုံးပြုကြပါသည်။ ဂန္ဓမာပန်းတွင် အနီ၊ အဖြူ၊ အဝါ၊ ပန်းခရမ်းရောင်၊ ခရမ်းရောင်၊ နီညို့ရောင်  စသည်အရောင်များရှိပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ဂန္ဓမာပန်း ဈေးနှုန်းဖြင့် ဂန္ဓမာပန်း အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဖြူ)(၅)ခက်ပါ တစ်စီးလျှင် (၁၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဝါ၊ ခရမ်း၊ နီညို့)(၅)ခက်ပါ တစ်စီးလျှင်(၁၂၀၀)ကျပ် ဂန္ဓမာပန်း အပွင့်အသေး (အဖြူ)(၅)ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မ စည်ပင်သာယာ ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း