အရောင်းသွက်သည့်ပဲနီပြားစျေးပိုမိုရရှိ

Powered by Drupal

         နီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ် အောက်တိုဘာလ တတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲနီပြား (ကျွန်း) ၄၈၀၀၀၀ ကျပ်နှင့် ၅၁၀၀၀၀ ကျပ်၊ ပဲနီပြား(တံတာဦး) ၄၂၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၈၆၈၈ကျပ်နှင့် ၉၃၂၁ ကျပ်၊ ပဲနီပြား (တံတားဦး)၇၆၀၂ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင် နှစ်ကာလတူစျေးမှာ တစ်ပိဿာလျှင် ပဲနီပြား ၇၇၈၃ ကျပ်နှင့်၉၂၃၁ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ယခင်နှင့်ယခုနှစ်စျေးနှိုင်းယှဉ်ပါကပဲနီပြားမှာ ပေါက်စျေးတူလျှက်အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)