ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အုတ်တွင်းမြို့နယ်ရှိ သခွားသီးဈေးကွက်

   သခွားသီးကို ရေရရှိသောဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး အဓိကအားဖြင့် ရာသီဥတု နှစ်မျိုးကို အခြေခံပြီးစိုက်ပျိုးကြပါသည်။ မိုးသခွားကို မိုးဦးကျချိန်မေလမှ ဇွန်လလောက်အထိ စိုက်ပျိုးကြပြီး မိုးရေကိုအားပြုနိုင်သောကြောင့် ရေသွင်းစရာမလိုဘဲ စိုက်ပျိုးနိုင်ပါသည်။ ဆောင်းသခွား ကို စက်တင်ဘာလမှ အောက်တိုဘာလအထိ စိုက်ပျိုးကြပြီး ဆောင်းရာသီ အအေးဒဏ်ကိုခံနိုင်သော သခွားမျိုးများကိုသာ ရွေးချယ် စိုက်ပျိုးကြပါသည်။

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝတီးအုပ်စု၊ ညောင်ပင်ကျေးရွာတွင် သခွားပင်များ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိနေကာ ဒေသခံတောင်သူများက အုတ်တွင်းမြို့ပေါ်နှင့် တောင်ငူမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ သခွားသီးများတင်ပို့ရောင်းချလျက်ရှိနေပါသည်။ ပွဲရုံဈေးအဖြစ် သခွားသီး ၁ ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိနေပြီး ယခုအောက်တိုဘာလတွင် သခွားဈေးများ အရောင်းသွက်လျက် ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

မန္တလေးစျေးကွက်ရှိဇီးဖြူသီးစျေး

        မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီး များ   ဝင်ရောက်မှုများပြားလျက်ရှိပြီး၊   အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ် အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး (ကြီး) ၁၃၀၀ကျပ်နှင့်၁၅၀၀ကျပ်၊အလုံး(လတ်)  ၁၀၀၀ ကျပ်နှင့် ၁၂၀၀ကျပ်၊ အလုံး(သေး) ၇၀၀ ကျပ် နှင့် ၉၀၀ကျပ်စျေးတို့ဖြစ်ပြီး၊အလုံးအရွယ်အစားအပေါ်မူတည်၍စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း  သိရှိရပါသည်။ ဇီးဖြူသီးမှာအချဉ်သုတ်၍ရောင်းချသူများမှ သုံးစွဲမှုများပြားသည့် အတွက်အရောင်း သွက်လျက်ရှိကြောင်း ထနောင်းပင်စျေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြ ချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

တောင်ငူမြို့နယ်အတွင်းရှိ ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းဈေးနှုန်း

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးထဲတွင် ရာသီပေါ် ဟင်းသီးဟင်းရွက် သီးနှံများ အများအပြားရောင်းချလျက်ရှိရာ မန္တလေးနှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ပန်းငရုတ်ပွများ ဝင်ရောက်လာကြပြီး ပန်းငရုတ်ပွ ၅၀ ကျပ်သားလျှင် ၃၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ငရုတ်သီးစိမ်းများကိုတော့ တောင်ငူဒေသအနီးတစ်ဝိုက်ဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိငရုတ်စိုက်ပျိုးသူတောင်သူများမှ မိသားစု အပိုဝင်ငွေရရှိစေရန် တောင်ငူမြို့နယ်၊ ညောင်ပင်လေး ဈေးထဲသို့ တင်ပို့ရောင်းချလျက်ရှိပြီး ငရုတ်သီးစိမ်း ၅၀ ကျပ်သားလျှင် ၂၃၀၀ ကျပ်၊ ၁ ပိဿာလျှင် ၄၅၀၀ ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

သံတောင်ကြီးဒေသထွက် ပျားရည်ငှက်ပျောခြောက်

  ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ဒေသခံပြည်သူများသည် မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်လျက်ရှိပြီး ဒေသထွက်ကုန်အများအပြားထုတ်လုပ်လျက်ရှိပါသည်။ သံတောင်ကြီးမြို့သည် အအေးပိုင်းတောင်ပေါ်ဒေသဖြစ်ပြီး ကော်ဖီ၊ လက်ဖက်၊ ဖာလာ၊ ဒူးရင်းသီး၊ ငှက်ပျောသီး စသည် တို့ကိုစိုက်ပျိုးကြပြီး လုပ်ငန်းများစွာရှိသည့်အနက် ပျားရည် ငှက်ပျောခြောက် လုပ်ငန်းသည်လည်း လူသိများပြီး နာမည်ကျော်ကြားသော စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်ပါသည်။

   ပျားရည်ငှက်ပျောခြောက်ပြုလုပ်ရန် ဒေသခံထုတ်လုပ်သူများသည် သဘာဝပျားရည်စစ်စစ်ကိုသာ အသုံးပြုပြီး ရင့်မှည့်ပြီးမပျော့လွန်းသောဖီးကြမ်းငှက်ပျောသီးကိုအသုံးပြုကာ ငှက်ပျောသီးများကို အခွံနွှာပြီး သံပုရာရည် သို့မဟုတ် ရှောက်ရည်အနည်းငယ်ရောထားသောရေဖြင့် ခဏတာ စိမ်ထား ပေးကာ ငှက်ပျောသီးများကို အရှည်လိုက်ထက်ခြမ်းခွဲပြီး လှီးဖြတ်ထားပေးပါသည်။ လှီးဖြတ်ထားသော ငှက်ပျောသီးများကို ပျားရည် သုတ်လိမ်းပေးပြီး ခြောက်သွေ့သောဝါးဖျာပေါ်၌ ဖြန့်ခင်းထားကာ ၃ ရက် မှ ၅ ရက်ခန့်အထိ ‌နေပူလှန်းပေးရပါသည်။ နေပူလှန်းနေစဉ်အတွင်း ငှက်ပျောခြောက်များ အညီအမျှ ခြောက်စေရန် မကြာခဏလှန်ပေးကာ စေးပိုင်ပြီးအတော်အသင့်မာသော အနေအထားရောက်လျှင် နေပူလှန်းခြင်းကိုရပ်လိုက်ပြီး ငှက်ပျောသီးခြောက် များကို အအေးခံပြီးနောက် လေလုံဘူး သို့မဟုတ် ပလတ်စတစ်အိတ်ထဲသိမ်းဆည်းထားရပါသည်။

    သဘာဝပျားရည်စစ်စစ်နှင့်အရည်အသွေးကောင်းမွန်သော ငှက်ပျောသီးကို အသုံးပြုပြီး ဒေသ ထွက်ကုန် တစ်ခုအနေဖြင့် ပျားရည်ငှက်ပျောခြောက်ကို ထုတ်လုပ်ရောင်းချခြင်းကြောင့် အရသာမှာ ချိုမြိန်ပြီး စားကောင်းလှပါသည်။ ပျားရည်ငှက်ပျောခြောက်ကို သံတောင်ကြီးဒေသသို့ လာရောက် လည်ပတ်သော ခရီးသွားဧည့်သည် များသို့ လက်ဆောင်ပစ္စည်းအဖြစ်ရောင်းချခြင်း၊ အနယ်နယ် အရပ်ရပ်သို့ ဖြန့်ဖြူးရောင်းချခြင်းတို့ကြောင့် ပျားရည်ငှက်ပျောခြောက်ထုတ်ကုန်သည် လူသိများလာပြီး နာမည်ရလျက်ရှိနေပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ငါးမျိုးစုံ နှင့် ပုဇွန်ဈေးနှုန်းများ

  တောင်ငူမြို့ ဈေးများရှိ အသားနှင့်ငါးဈေးနှုန်းများမှာ ဘော့ပုဇွန်အကြီး(၁) ပိဿာလျှင် ယခင်လက ၄၀၀၀၀ ကျပ် ရှိရာမှ ယခုအောက်တိုဘာလ တတိယပတ်တွင် ၄၃၀၀၀ ကျပ်ဖြင့် ရောင်းချပြီး၊   ချောင်းပုဇွန်မှာ (၁)ပိဿာလျှင် အကောင် အကြီး၊အသေးပေါ် မူတည်၍ ၄၃၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်၊ ပုဇွန်သေး (၁)ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ ငါးဖယ်ခြစ်မှာ (၁)ပိဿာလျှင် ယခင်လက ၃၅၀၀၀ကျပ်ဖြင့် ရောင်းချပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ၃၈၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

          ငါးဈေးနှုန်းများမှာ ငါးသလဲထိုး (၁)ပိဿာလျှင် ၄၀၀၀၀ကျပ်၊ ငါးခူ (၁)ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ငါးပတ်အကောင် အကြီး၊အသေးပေါ် မူတည်၍ ၁၆၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ရောင်းချပြီး၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် ၁၃၅၀၀ ကျပ်၊ ငါးမြင်း (၁)ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးကြင်းဖြူ အကောင် အကြီး၊ အသေးပေါ် မူတည်၍ (၁)ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ပုံမှန်ရောင်းရကြောင်း ငါးမျိုးစုံ နှင့် ပုဇွန် ရောင်းချသည့် ဈေးသည်ထံမှ သိရှိရသည်။

DOCA(ပဲခူး)

မာလကာသီးများအရောင်းသွက်လျက်ရှိ

          မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက် သည့်မာလကာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ မာလကာသီး ၁ လုံး လျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး)၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊ ဝါတွင်းကာလဘုရားပွဲတော်များ၊ အလှူ ပွဲများကျင်းပသည့်ရာသီချိန်ဖြစ်၍မာလကာသီးများစျေးကွက်အတွင်းအရောင်းသွက်လျှက်ရှိကြောင်း မြင်းတန်းစျေးရှိ  သစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

  မန္တလေးဂဗ္ဗလာသီးစျေးကွက်အရောင်းသွက်

    မန္တလေးစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိ၊ပြင်ဦးလွင်မြို့နယ်၊မိုးကုတ်မြို့နယ်နှင့် ရှမ်း ပြည်နယ်တို့ မှ ထွက်သည့်ဂဗ္ဗလာသီးများ အောက်တိုဘာလတတိယပတ်အတွင်း ဝင်ရောက်မှု များ ပြားပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ် အတွင်း ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊အလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ဂဗ္ဗလာ သီးများအားအသီးအတိုင်း စားသုံးခြင်းနှင့် ကျမ္မာရေးဓါတ်စာဖျော်ရည်အဖြစ် စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးရှိသစ်သီး ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးတည်သီးစျေးကွက်အရောင်းသွက်

            မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ကျပ် စျေးတို့ ဖြင့်  ရောင်းချပြီး၊ အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရား ပွဲတော်များ၊အလှူပွဲများ ကျင်းပသည့်ရာသီချိန်ဖြစ်သည့်အတွက်  မန္တလေးစျေးကွက်တွင်တည်သီး များအရောင်းသွက်လျက်ရှိကြောင်း  စျေးချိုတော်ရှိသစ်သီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူစျေးအနည်းငယ်ကျ

           စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့်စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူများဝင်ရောက်လျက် ရှိပြီး၊ ကြက်သွန်ဖြူပေါက်စျေးမှာ  စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တို ဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ကြက်သွန်ဖြူအမျိုးအစားအလိုက်တစ်ပိဿာပေါက် စျေးများမှာ ကြက်သွန်ဖြူ(ဗမာ) လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊ လက်လီစျေး ၆၀၀၀ ကျပ် နှင့်၆၅၀၀ ကျပ်၊ကြက်သွန်ဖြူ(ရှမ်း) လက္ကားစျေးမှာ ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ ယခင်စက်တင်ဘာလတတိယပတ် လက်လီ ပေါက်စျေးတွင် ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်စျေးဖြစ်ပေါခဲ့သဖြင့် ယခင်လ ဈေးနှင့်နှိုင်းယှဉ်ပါက စျေးအနည်းငယ်ကျဆင်းသွားကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရ ပါသည်။

DOCA(မန္တလေး)

အောက်တိုဘာလတတိယပတ်ရှိကြက်သွန်နီစျေး

        စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်၊ မြစ်သားမြို့နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးရှိ မုံရွာမြို့နယ်တို့မှထွက်ရှိသည့် စားဖိုဆောင်သီးနှံ ကြက်သွန်နီများဝင်ရောက်လျက် ရှိပြီး၊ ကြက်သွန်နီပေါက်စျေးမှာ  စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာပေါက် စျေးများမှာ မြစ်သားကြက်သွန်နီ(လတ်) လက္ကားစျေး ၁၃၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့်၁၆၀၀ ကျပ်၊မြင်းခြံကြက်သွန်နီ(လတ်) လက္ကားစျေးမှာ ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊ လက်လီစျေး ၁၄၀၀ကျပ်နှင့် ၁၅၀၀ကျပ်၊မုံရွာကြက်သွန်နီ(လတ်)လက္ကားစျေး ၁၃၀၀ကျပ်နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့် လက်လီစျေးမှာ ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်တို့ဖြင့် ရောင်းချ လျှက်ရှိပြီး၊စက်တင်ဘာလတတိယပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါကစျေးငြိမ်လျှက်ရှိကြောင်းမန္တလေး စျေးချိုရှိကြက်သွန်ပွဲရုံပိုင်ရှင် တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း