ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သာစည်မြို့ ၊ မယ်ဇလီကန်ကျေးရွာ သောက်ရေအိုး ဈေးကွက်

           သာစည်မြို့နယ်သည် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသော ဒေသဖြစ်သည်။ သာစည်မြို့နယ်၊မယ်ဇလီကန်ကျေးရွာသည် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသလို တစ်ဖက်မှလည်း တစ်ပိုင်တစ်နိုင် အိုးလုပ်ငန်း/မီးဖိုလုပ်ငန်းများ လုပ်ကိုင်၍ မိတ္ထီလာ-တောင်ကြီး ကားလမ်းမ ဘေးလမ်း တစ်ဖက်တစ်ချက်စီ၌ ရောင်းချကြပါသည်။

          ယခုအခါ ရေကို ရေခဲသေတ္တာ ၊ water Cooler များအသုံးပြုလာသလို ရှေးလူကြီးများအနေဖြင့် သောက်ရေအိုး(မြေအိုး)များကို အစဉ်အဆက်အသုံးပြုနေဆဲပင်ဖြစ်ပါသည်။မယ်ဇလီကန်ဒေသထွက် သောက်ရေအိုးဈေးနှုန်းမှာ အကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ် ၊ အလတ်တစ်လုံးလျှင် (၃၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၂၅၀၀)ကျပ် ဖြင့်ရောင်းချလျှက်ရှိပါသည်။ သောက်ရေအိုးများကို လက်လီရောင်း ချသလို သာစည်၊မိတ္ထီလာ၊ဝမ်းတွင်း၊မလှိုင်၊ပျော်ဘွယ် ဒေသများသို့ လက်ကားတင်ပို့ရောင်းချရကြောင်း  သိရပါသည်။

  DOCA(မန္တလေး)

အစိုဓါတ်လျော့လာသည့် မြေပဲတောင့်ဈေးကောင်းရ

               မိတ္ထီလာခရိုင်အတွင်း မလှိုင်မြို့နယ်သည် မိုးမြေပဲကို ခရိုင်အတွင်း အများဆုံးစိုက်ပျိုးရာ ယခုနှစ် မိုးကောင်းသည့်အတွက် စောစိုက်၊ စောနုတ်ကာ ဩဂုတ်လမှစ၍ နုတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးမြေပဲများမှာ စက်တင်ဘာလတွင် အများဆုံး နုတ်သိမ်းခဲ့ကြရာ ဈေးကွက်အဝင်လှိုင်ခြင်း၊ အစိုဓါတ်များခြင်းတို့ကြောင့် အတောင့်တစ်တင်းလျင်(၂၂၀၀၀)ကျပ် ဈေးသာရရှိခဲ့ပါတယ်။ ယခု အခါမှာတော့နုတ်ပြီး(၁)လခန့်ကြာပြီဖြစ်၍အစိုဓါတ်နည်းသွားပြီဖြစ်လို့အတောင့်တစ်တင်းလျင်တောင်သူဈေး(၄၅၀၀၀)ကျပ်ထိ ရရှိနေကြောင်းသိရသည်။ မလှိုင်မြို့နယ်အနေဖြင့် ယခုနှစ်မိုးမြေပဲ စိုက်ဧကပေါင်း (၂၄၀၀၀)ကျော်ရှိပြီး ယခုအခါ အစိုက်နောက်ကျသည့် ကျေးရွာအချို့မှာ နုတ်သိမ်းနေ ဆဲဖြစ်ကြောင်းနှင့် လက်ရှိနုတ်သိမ်းပြီးစီးမှု အခြေအနေအရ တစ်ဧက (၃၃)တင်းကျော် ထွက်ရှိ ကြောင်း သိရသည်။

  DOCA(မန္တလေး)

ကရင်ပြည်နယ် ဘားအံမြို့တွင် ရေချိုတောငါးများ ဈေးနှုန်းချိုသာစွာရောင်းချ

     ကရင်ပြည်နယ် ဘားအံမြို့တွင် အောက်တိုဘာလမှစ၍ ဈေးကွက်အတွင်းသို့ ရေချိုငါးများ ပေါများစွာ ဝင်ရောက်လာလျက်ရှိကြောင်း တွေ့ရသည်။ အခြေခံကုန်ဈေးနှုန်းများ မြှင့်တက်လာခြင်း ဖြစ်ပေါ်နေသော်လည်း ဒေသထွက်ရေချိုငါးဖြစ်သည့် ငါးစင်ရိုင်း၊ ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးခုံးမ၊ ငါးသံချိတ်၊ စသည့်ငါးများမှာ တစ်ပိဿာလျှင် ပျမ်းမျှ ၅၀၀၀ ကျပ် မှ ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းချိုသာ စွာအရောင်းအဝယ် ဖြစ်ကြောင်း သိရှိရပါသည်။

       ထို့အပြင် ဘားအံမြို့ရှိ ငါးဒိုင်များသို့ ဝင်လာသည့် မွေးမြူရေးငါးများနှင့်ချောင်းငါးများဖြစ် သော ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးမုတ် စသောငါးများမှာ လက်ဆက်မှုရှိပြီး ဈေးနှုန်းမှာ ၁၀၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ အမျိုးအစားလိုက်ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်းနှင့် အရွယ်အစားမှာ ပေါင်းစားစား၊ ချက်စားစား ၃၀ ကျပ်သားမှ ၁ပိဿာကျပ်သား အရွယ်ရှိပြီး အရောင်းရသွက်လျက်ရှိကြောင်း နှင့် အမဲသား၊ ဝက်သား၊ ဆိတ်သားများဈေးနှုန်းကြီးမြင့် လာသော ကြောင့် ငါးစားသုံးမှု သိသိသာသာမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ဘားအံမြို့ဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ    တတိယပတ်တွင် ကရင်ပြည်နယ်ဒေသထွက် သကြား ပြောင်းဖူးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် ရာသီပေါ်သီးနှံ သကြားပြောင်းများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ သကြားပြောင်းကိုပြုတ်၍လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်းကောင်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ် သည်။ သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြား ဓာတ်တိုး ပစ္စည်းပျက်စီးမှုကနေအထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင့် ကျန်မာရေးအတွက် ကောင်း ကြိုးဖြစ်စေပါသည်။ သကြားပြောင်းဈေးနှုန်းမှာ တစ်ဖူးလျှင် (၅၀၀)ကျပ်၊ ၁၀ဖူးလျှင် (၄၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

မိတ္ထီလာမြို့ရှိ ပန်းဂေါ်ဖီ ဈေးကွက်

     မိတ္ထီလာဈေးကွက်တွင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ပန်းဂေါ်ဖီမှာ အဝင်ပုံမှန်၊ အရောင်း အဝယ်ပုံမှန်ဖြင့် ဈေးကောင်းရသော သီးနှံတစ်မျိုးဖြစ်သည်၊ ပန်းဂေါ်ဖီမှာ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှ အများဆုံးဝင်ရောက်ပြီး ယခုအခါ ပုပ္ပါးနယ်မှလည်း ဝင်ရောက်ကြောင်း သိရသည်။ ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျင် ပန်းဂေါ်ဖီ (၇၀၀-၈၀၀) ခန့် အဝင်ရှိပါသည်။ ဝင်ရောက်လာသော ကုန်စိမ်းအများစုမှာ မိတ္ထီလာမြို့ရှိ ဘဲကန် ကုန်စိမ်းဈေးမှ တစ်ဆင့် မြို့ပေါ်ရှိဈေးများသို့ ပြည်လည် ဖြန့်ဖြူးရောင်းချကြပါသည်။ ပန်းဂေါ်ဖီ ဈေးနှုန်း အနေဖြင့် အပွင့်အကြီး/အသေးပေါ်မှုတည်၍ တစ်ပွင့်လျှင် (၁၅၀၀-၂၀၀၀-၃၀၀၀) ကျပ် ဈေးများဖြင့် လက်လီပြည်လည်ရောင်းချကြကြောင်း ဈေးကွက်မှ သိရသည်။ ပန်းဂေါ်ဖီမှာ မိသားစုနေ့စဉ် စားသုံးသော ဟင်းလျာများတွင် စားသုံးမှုအပြင် စားသောက်ဆိုင် ဟိုတယ်များကလည်း ဝယ်လိုအားများသည့်အတွက် ဈေးကောင်းရသော ကုန်စိမ်း သီးနှံတစ်မျိုး ဖြစ်သည်။

DOCA(မန္တလေး)

မာလကာသီး ဈေးနှုန်းဈေးကွက်

            သစ်သီးဝလံများတွင် မာလကာသီးမှာ ဈေးကွက်တွင် ရာသီမရွေး ဝယ်ယူစားသုံးနိုင်သော သီးနှံတစ်မျိုုးဖြစ်ပြီး လူကြီး/လူငယ် မရွေး ကြိုက်နှစ်သက်သော သစ်သီးတစ်မျိုးဖြစ်ပါသည်။ မိတ္ထီလာ ဈေးကွက်တွင် တွေ့ရသော မာလကာသီးမှာ ပုပ္ပါးနယ်မှ အများဆုံးဝင်ရောက်ပါသည်။ မိတ္ထီလာ ဈေးကွက်တွင် မာလကာသီးကို တစ်လုံးချင်းဝယ်ယူကြသကဲ့သို့ ပိဿာနှင့်လည်း ဝယ်ယူနိုင်ရာ တစ်လုံးလျှင် အလုံးအကြီး/အသေးပေါ်မှုတည်၍ (၅၀၀-၈၀၀) ရှိပြီး တစ်ပိဿာလျှင် လက်ကားဈေး (၂၀၀၀) ကျပ်၊ လက်လီးဈေး(၃၀၀၀) ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်သို့ ဝင်ရောက်မှုနှင့် ဝယ်လိုအားမျှကာဈေးငြိမ်နေပါသည်။ မာလကာသီးကို လက်လီ ရောင်းချ သူများအနေဖြင့် တစ်လုံးချင်း ရောင်းချသကဲ့သို့ ဓားဖြင့် စိတ်၍ ငရုတ်သီးမှုန့်၊ သကြား၊ ဆားတို့ဖြင့် ရောထားသော အမှုန့်နှင့်တွဲဆက် ရောင်းချကြရာ စားသုံးသူများ နှစ်သက်မှုရှိကြောင်းသိရသည်။

DOCA(မန္တလေး)

ဘားအံဒေသထွက် ကြက်ဟင်းခါးသီး ဈေးနှုန်းအခြေအနေ

    ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ပဥ္စမပတ်တွင် ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် ကြက်ဟင်းခါသီးကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာ ရောက် ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ကြက်ဟင်းခါးသီးပင်ကို အပိုဝင်ငွေရရှိရန် အတွက် မိမိတို့၏ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိူးကြသည်။ ကြက်ဟင်းခါသီးကို ပုဇွန်ခြောက်နှင့် အတူ ကြော်စား၍ရသလို ငပိရည်တို့စရာနှင့်လည်း ပြုတ်တို့စားပါက ထမင်းမြိန်စေသည်။ ကြက်ဟင်းခါးသီးမှာပါဝင်သော အခါးဓာတ်နှင့် အဖန်ဓာတ်တွေဟာ သွေးထဲမှာ ရှိသော Glucose သကြားဓာတ်ကိုကြစေနိုင်သည့် သတ္တိရှိပါသည်။ ကြက်ဟင်းခါးသီးကို စားသုံးခြင်းဖြင့်လည်း သွေးတိုး၊ ဆီချိုရောဂါများ၏ ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို လျော့ကျပေးခြင်း ကင်ဆာရောဂါများနှင့် အခြားသောပြင်ပရောဂါများ ကူးစပ်မှုမှ ကာကွယ်စေပြီးသွေးလည်ပတ်မှု ကောင်းမွန်စေပါသည်။ ကြက်ဟင်းခါးသီးဈေးနှုန်းမှာ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

မာလကာသီး ဈေးနှုန်းဈေးကွက်

            သစ်သီးဝလံများတွင် မာလကာသီးမှာ ဈေးကွက်တွင် ရာသီမရွေး ဝယ်ယူစားသုံးနိုင်သော သီးနှံတစ်မျိုုးဖြစ်ပြီး လူကြီး/လူငယ် မရွေး ကြိုက်နှစ်သက်သော သစ်သီးတစ်မျိုးဖြစ်ပါသည်။ မိတ္ထီလာ ဈေးကွက်တွင် တွေ့ရသော မာလကာသီးမှာ ပုပ္ပါးနယ်မှ အများဆုံးဝင်ရောက်ပါသည်။ မိတ္ထီလာ ဈေးကွက်တွင် မာလကာသီးကို တစ်လုံးချင်းဝယ်ယူကြသကဲ့သို့ ပိဿာနှင့်လည်း ဝယ်ယူနိုင်ရာ တစ်လုံးလျှင် အလုံးအကြီး/အသေးပေါ်မှုတည်၍ (၅၀၀-၈၀၀) ရှိပြီး တစ်ပိဿာလျှင် လက်ကားဈေး (၂၀၀၀) ကျပ်၊ လက်လီးဈေး(၃၀၀၀) ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်သို့ ဝင်ရောက်မှုနှင့် ဝယ်လိုအားမျှကာဈေးငြိမ်နေပါသည်။ မာလကာသီးကို လက်လီ ရောင်းချ သူများအနေဖြင့် တစ်လုံးချင်း ရောင်းချသကဲ့သို့ ဓားဖြင့် စိတ်၍ ငရုတ်သီးမှုန့်၊ သကြား၊ ဆားတို့ဖြင့် ရောထားသော အမှုန့်နှင့်တွဲဆက် ရောင်းချကြရာ စားသုံးသူများ နှစ်သက်မှုရှိကြောင်းသိရသည်။

DOCA(မန္တလေး)

 

ဒေသထွက်ပဲစောင်းလျားသီးဈေးနှုန်းအခြေအနေ

      ပဲစောင်းလျားသီးပင်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး ပဲစောင်းလျာသီးအပင်၏ အမြစ်သည် ပဲမြစ်ဖြစ်သည်။ ပဲစောင်းလျားသီးကိုနေရာ ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကရင်ပြည်နယ် ဒေသထွက်ပဲစောင်းလျားသီးကို ဘားအံမြို့အနီးတစ်ဝိုက် ကျေးရွာများနှင့်ကြာအင်းဆိပ်ကြီးမြို့နယ် များရှိ တောင်သူများက တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။

          ၂၀၂၅ခုနှစ်၊ ဆောင်းကာလ အောက်တိုဘာ ပဥ္စမပတ်တွင် ကရင်ပြည်နယ်ဒေသထွက် ပဲစောင်းလျားသီးများ၏ဈေးနှုန်းမှာ ဘားအံမြို့ရေပေါ်စံပြဈေးတွင် ပဲစောင်းလျားသီး လက်ကား ဈေးနှုန်း(၁၀)ပိဿာလျှင်(၂၈၀၀၀)ကျပ်နှုန်းနှင့် လက်လီဈေးနှုန်းတစ်ပိဿာလျှင် (၃၂၀၀/၃၅၀၀) ကျပ်နှုန်း တို့ ဖြင့် အရောင်အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဒေသထွက်ပဲမြစ်ဈေးနှုန်းအခြေအနေ

     ပဲမြစ်ပင်သည်နွယ်ပင်တစ်မျိုးဖြစ်ပြီး ပဲစောင်းလျာသီးအပင်၏ အမြစ်ဖြစ်သည်။ ပဲမြစ်ကို နေရာ ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကရင်ပြည်နယ်ဒေသထွက်ပဲမြစ်ကို ဘားအံမြို့အနီး တစ်ဝိုက်ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ တောင်သူများကတစ်နိုင်တစ်ပိုင် စိုက်ပျိုး ကြသည်။

   ၂၀၂၅ ခုနှစ်၊ ဆောင်းကာလ ကရင်ပြည်နယ်ဒေသထွက် ပေါ်ဦးပေါ်ဖျားသာဘာဝ ပဲမြစ်များ၏ ဈေးနှုန်းမှာ ဘားအံမြို့ရေပေါ်စံပြဈေးတွင် ပဲမြစ်လက်ကား ဈေးနှုန်း(၁၀)ပိဿာလျှင် (၆၀၀၀၀)ကျပ် နှုန်းနှင့် လက်လီဈေးနှုန်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်း တို့ ဖြင့် အရောင်အဝယ်ဖြစ်လျက်ရှိကြောင်း ပဲမြစ်အရောင်းဆိုင်များမှ သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း