
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် နဂါးမောက်သီးနှင့် ဖရဲသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ နဂါးမောက်သီးပင်များ သည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါ သည်။ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန် တို့တွင်ထည့်၍ စားသုံးကြောင်းသိရပါသည်။
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေး ရှိ သစ်သီးဆိုင်များတွင် နဂါးမောက်သီး အသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ၊ဖရဲသီးအသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဖရဲသီးအလုံးလတ်တစ်လုံးလျှင်(၁၅၀၀)ကျပ်နှင့် ဖရဲသီးအကြီးတစ်လုံးလျှင် (၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
