ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပန်းဂေါ်ဖီပွင့်ဖြူပေါက်စျေး

       ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီပွင့်ဖြူများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ပွင့်ဖြူ ၁ ခုလျှင် အပွင့်(ကြီး) ၁၅၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၂၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အပွင့်အရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရ ပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 မိုးနှောင်းရာသီဂေါ်ရခါးညွှန့်ဟင်းရွက်စျေး

       မန္တလေးစျေးကွက်သို့ မိုးနှောင်းရာသီချိန်အတွင်း ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်မှ ဂေါ်ရခါးညွှန့် ဟင်းရွက်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ အရောင်းသွက်လျက်ကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဂေါ်ရခါးညွှန့်ဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်းလျှင် ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၅၀၀ကျပ်နှင့် ၇၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေး အတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မအူပင်မြို့နယ်တွင် ကြက်ဥ ဈေးကောင်းရရှိ၍ မွေးမြူရောင်းချသူများအဆင်ပြေ

      မအူပင်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သူ တောင်သူများရှိပြီး ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လာသူ စီးပွားရေး လုပ်ငန်းရှင်မျာလည်းရှိသည်။ မွေးမြူရေးလုပ်ငန်းတွင် ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ပြီး တစ်ဖက်တစ်လမ်း ဝင်ငွေပိုမိုရရှိနိုင်ရန်နှင့် ငါးမွေးမြူရာတွင် အထောက် အကူပြုစေရန်အတွက် ကြက်နှင့် ဘဲများကို ငါးကန်းများတွင် တွဲဖက်၍ မွေးမြူလာကြသည်။  စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် မိသားစုဘဝစာဝတ်နေရေး အဆင် ပြေစေရန်အတွက်တစ်ပိုင်တစ်နိုင်အသားတိုး ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရာ အဆင်ပြေ၍ အပိုဝင်ရရှိနေကြောင်း မအူပင်ခရိုင်အတွင်း ကြက်ခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။ မအူပင်မြို့နယ်မှ မွေးမြူထွက်ရှိသော ကြက်ဥ၊ဘဲဥ များကို မွေးမြူရေးခြံလုပ်ငန်းပိုင်ရှင်များက တစ်ပတ်လျှင် ၆ဘီးကား စီးဖြင့် ရန်ကုန်တင်ပို့ကြောင်း  တင်ပို့လျက်ရှိကြောင်း၊ ၁လအတွင်း မွေးမြူရေးတစ်ခြံမှ ကား ၁၅၀နီးပါးရန်ကုန်သို့ တင်ပို့ကြောင်း  ကြက်ဥ၊ဘဲဥဈေး ကောင်းလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကြက်ခြံလုပ်သာများ၊ ကုန်သည်များအဆင်ပြေလာဟု သိရှိရပါသည်။

        တစ်ပိုင်တစ်နိုင် ကြက်မွေးမြူရေးလုပ်ငန်းတွေမှ ကြက်ဥနှင့် ဘဲဥများ ထွက်ရှိမှုနှင့် ရောင်းအား ကောင်းမွန် လာမှုကြောင့် တိုးချဲ့မွေးမြူလုပ်ကိုင်လာပြီး အခြားဒေသများသို့လည်း တင်ပို့ရောင်းချလာနိုင်ခဲ့သည်။ ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရာတွင် သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ ဆေးဈေးများ အနည်းငယ်မြင့်တက်လာပြီး ကြက်ခြံဆောက် လုပ်ရေးစရိတ်လည်း အနည်းငယ်မြင့်တက်လာသည်၊ အထွေထွေ ကုန်ကျစရိတ်နဲ့ လုပ်အားခတွေပါ မြင့်တက်လာ သောကြောင့် ယနေ့ ကြက်ဥ ဈေးနှုန်း ဈေးကွက်မြှင့် တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။ ဥစားကြက်များကို အကောင် ၁၀၀လျှင် ငွေကျပ် ၀၀၀၀၀ နှုန်းဖြင့် ဝယ်ယူမွေးမြူရကြောင်း သိရသည်။ ယခင်ကဆိုလျှင် ငွေကျပ် ၃၀၀၀၀၀ကျပ်ဖြင့် ဝယ်ယူမွေးမြူရသည်။ ဥစားကြက်များ ၁၆ပတ်သား ၁ကောင်လျှင် ယနေ့ဈေးနှုန်း ငွေကျပ် ၀၀၀၀ နှုန်းဖြင့် ဝယ်ယူမွေးမြူရသည်။ ကြက်အကောင်ရေ ၀၀၀ မှာ ကုန်ကျစရိတ် ပိုမိုကြီးမြင့်လာသဖြင့် မွေးမြူသော ကြက်သားဖောက်လုပ်ငန်းလည်းရှိသဖြင့် ပြန်လည်မွေးမြူခြင်းမှ အကောင်ရေတိုးပွား လာခြင်းဖစ်ကြောင်း၊ ကြက်အကောင်ပေါက် ပြန်လည်ရောင်းချခြင်းများလည်ရှိကြောင်း  ခြုံလုပ်ငန်းရှင်ထံမှ သိရသည်။

        မအူပင်ခရိုင်သည် စိုက်ပျိုးရေးကိုအဓိကထားစိုက်ပျိုးသလို မွေးမြုရေးလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိရာ မွေးမြူရေခြံမှ ထွက်ရှိသော ငါး၊ ကြက်ဥနှင့် ဘဲဥများကို ရန်ကုန်သို့ အဓိကထားတင်ပို့ရောင်းချနေကြောင်း သိရသည်။       မအူပင်မြို့နယ်အတွင်း ကြက်ခြံမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သည်မှာ  ၂၀၁၅ခုနှစ်က စတင် လုပ်ကိုင် ဆောင်ရွက်လာကြောင်းသိရသည်။ မအူပင်မြို့နယ်တွင် ဥစားကြက်ခြံ (၁၇၁)ခြံရှိပြီး အကောင်ရေ (၉၉၅၀၀၀) ဥစားကြက်ခြံပိုင်ရှင် ၂၂ဦးနှင့် အသားစားကြက်ခြံ (၁၂၅)ခြံရှိပြီး မွေးမြူအကောင်ရေ (၈၀၀၀၀)ကောင် မွေးမြူသူလုပ်ငန်းရှင် (၃၇)ဦးရှိကြပြီး ၎င်းခြံများမှ  ကြက်ဥ၊ ဘဲဥ မြို့နယ်တွင်း ရောင်းချသူလက်ကားဒိုင်များသို့ရောင်းချခြင်း နီးစပ်ရာမြို့များနှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့နေကြောင်း သိရသည်။

      ယနေ့ မအူပင်မြို့နယ်၌ ၂၀၂၅ခုနှစ် အောက်တိုဘာလက ကြက်ဥအလုံး ၃၀ တစ်ကဒ် လျှင် ငွေကျပ် ၁၃၅၀၀ကျပ် လက်ကားဈေးရောင်းချပြီး၊ အလုံး ၃၀ပါ ကဒ် ၁၀၀ဈေးကို ငွေကျပ် ၁၃၅၀၀၀၀ကျပ် အထိ ဈေးကောင်းရရှိ နေခြင်းဖြစ်သည်။  ဘဲဥဈေးအနေဖြင့် အလုံး၃၀ပါ တစ်ကဒ် ၁၄၄၀၀ကျပ်၊ အလုံး၃၀ပါ ကဒ်၁၀၀ဈေးနှုန်း ၁၄၄၀၀၀၀ ကျပ်ဈေးပေါက်နေကြောင်း၊ လက်လီဈေးအနေဖြင့် ကြက်ဥတစ်လုံးလျှင် ၅၀၀ကျပ်  ဘဲဥ တစ်လုံးလျှင် ၅၈၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဈေးကွက်အတွင်း ရောင်းချသူထံမှ သိရသည်။ ယခင်လ ဧပြီလဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်း တည်ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

DOCA(ဧရာဝတီ)

အောက်တိုဘာလတတိယပတ်ရွှေဖရုံသီးစျေး

         မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက် သည့်ရွှေဖရုံသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ရွှေဖရုံသီး ၁ လုံး လျှင် အလုံး(ကြီး) ၈၅၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊   အလုံး(လတ်)  ၆၅၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ အလုံး (သေး) ၁၅၀၀ ကျပ်နှင့်၂၀၀၀ ကျပ်စျေး၊အစိတ်လိုက်ရောင်းချရာတွင် တစ်စိတ်လျှင် ၈၀၀ကျပ်နှင့် ၁၀၀၀ကျပ်တို့ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ရွှေဖရုံသီးမှာ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှု များပြားလျှက်ရှိပြီး၊ဘုရားပွဲနှင့်အလှူပွဲရာသီ၍  အချိုပွဲများတွင် သုံးစွဲမှုများသည့်ကုန်စိမ်း တစ်မျိုးဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

  မန္တလေးစျေးကွက်ရှိကျောက်ဖရုံသီး

        အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက် သည့်ကျောက်ဖရုံသီးများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ်သည့်စျေးနှုန်းများမှာကျောက်ဖရုံသီးတစ်လုံးလျှင် အလုံး(ကြီး)   ၃၅၀၀ ကျပ်နှင့် ၅၀၀၀ကျပ်၊   အလုံး(လတ်)  ၂၅၀၀ ကျပ် နှင့် ၃၀၀၀ ကျပ်၊ အလုံး (သေး) ၁၈၀၀ ကျပ်နှင့်၂၀၀၀ ကျပ်စျေး၊   ကေျာက်ဖရုံသီးအား လေးစိတ်ထိုး၍  တစ်စိတ်လျှင် ၅၀၀ ကျပ်နှင့် ၇၀၀ ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ ကျောက်ဖရုံသီးမှာဝင်ရောက်မှုများပြားလျက်ရှိပြီး၊ကျောက်ဖရုံယိုလုပ်ငန်းလုပ်ကိုင်သူများမှဝယ်ယူမှုများပြားသည့်အတွက် အရောင်းသွက်သည့်ကုန်စိမ်းတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

 DOCA(မန္တလေး)

 အရောင်းသွက်သည့်ထောပတ်သီး

           မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်း ပြည်နယ်တို့မှထွက်သည့်‌ထောပတ်သီးများဝင်ရောက်မှုများပြားရှိပြီး၊အရောင်းသွက်လျှက်ရှိ ကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း  ဖြစ်ပေါ် သည့်  စျေးနှုန်းများမှာ ထောပတ်သီးတစ်လုံးလျှင် တောင်ကြီးသီး အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ကျပ်၊ အမရာသီး တစ်လုံးလျှင်(လုံးကြီး)၁၅၀၀ကျပ်နှင့် ၁၈၀၀ကျပ်၊(လုံးလတ်)၁၀၀၀ကျပ်နှင့် ၁၃၀၀ကျပ်၊ ဟက်စ် (Hass) မျိုးမှာ  Kg စျေးနှင့်ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင်  ၁၂၀၀၀ ကျပ် နှင့် ၁၆၀၀၀ ကျပ်တို့ ဖြင့် ရောင်းချလျက်ရှိပါသည်။ထောပတ်သီးအလုံးအရွယ် အစား အပေါ် မူတည် ၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။  ဝါတွင်းကာလဘုရားပွဲနှင့် အလှူ ပွဲတော် များကျင်းပ သည့်အချိန်ဖြစ်၍ မိုးနှောင်းရာသီသစ်သီးမျိူးစုံစျေးကွက်တွင် ထောပတ်သီးအမျိုးမျိုး အရောင်းသွက် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းအခြေအနေ

                မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် များဖြစ်သောဟိန်းစည်၊ ငွေသရဖူ၊ သိန်း၊ဂန့်ဂေါ၊ ကံဟိန်း၊ မိုးမခအရောင်းဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအပြင် ဘိလပ်မြေများလည်းရောင်းချလျက်ရှိပါသည်။ ရောင်းချလျက်ရှိသော ဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အပါချီနှင့် အယ်လဖာ ဘိလပ်မြေများ ရောင်းချ လျက်ရှိပါသည်။

      ဘိလပ်မြေဈေးနှုန်းဈေးကွက် အနေဖြင့်ကြံ့နှစ်ကောင်း ဘိလပ်မြေကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တို့မှ  ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် (၂၀၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၂၂၀၀၀၀) ဖြစ်ပြီး (ပထမပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီ တစ် အိတ်လျှင် ကျပ်(၂၀၀၀၀)ဖြစ်၍ ပထမပတ်နှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင်ကျပ် (၁၀၀၀)ခန့် ကျဆင်းနေပြီး ပခုက္ကူမှအခြားပြည်နယ်များသို့ လည်းတင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ကုလားပဲဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ဩဂုတ်လ(ပထမပတ်)အစောပိုင်းတွင် ပြည်တွင်းသုံးကုလားပဲဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဈေးကွက်သို့ ကုလားပဲသီးနှံ စိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ များ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသ ကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများမှ အများဆုံး ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တောင်သူများတွင် သီးနှံ လက် ကျန်နည်းချိန်ရောက်ရှိပြီး ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်း ချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင်ကုလားပဲမျိုးစုံ အရောင်းအဝယ်ဖြစ် လျက် ရှိရာ ဈေးနှုန်းအနေဖြင့် ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၁၀၀၀)၊ ကုလားပဲ(929) တစ်တင်း လျှင် ကျပ်(၈၀၂၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်း ယှဉ်ပါက တစ်တင်းလျှင် ကျပ်(၈၀၀)ခန့် ဈေးတက်နေပြီး ပွဲရုံဈေးကွက်တွင် နေ့စဉ်  ပိဿာ(၂၀)ဝင် အိတ်(၁၅၀၀ မှ ၁၇၀၀) ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက် လုပ်ငန်းရှင်များ၊ ပဲကြော်/ ပဲမုန့် (အစိမ်း/အကျက်)ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲခြမ်းများ လည်း တစ်ပြည်လျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ ဒေသတွင်း ဝယ်ယူသုံးစွဲမှု အပြင် ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ အများဆုံး တင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေး နှင့် ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ ယခုအချိန်တွင် ရောင်းလိုအားဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်တွင် ပဲစဉ်းငုံသီးနှံ ဈေးအနည်းငယ်တက်ပြီး အရောင်းအဝယ်ဖြစ်နေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံသီးနှံများ ဈေးတက်နေပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပ ဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်း၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံ သီးနှံကို ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက် သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူ သိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည် ဖြန့်ဖြူးမှုများကြောင်း၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ (၃၀)ဝင် အိတ် (၂၀၀-၃၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၈၃၀၀၀)၊ (ပထမပတ်)တွင် ကျပ်(၇၈၀၀၀)၊ (တတိယပတ်)တွင်  ကျပ်(၈၀၆၀၀)ဖြင့် ဈေးနှုန်းအနည်းငယ်တက်နေပြီး   အရောင်းအဝယ်ဖြစ်နေကြောင်း၊   ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ် ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်း ပြောင်း လဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ဖြစ်ပေါ်နေသော ပဲတီစိမ်းသီးနှံဈေးနှုန်းဈေးကွက် အခြေအနေ

  မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ပေါက်၊ရေစကြိုနှင့် ဆိပ်ဖြူမြို့နယ် အတွင်းရှိကျေးရွာများတွင် ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးရာမှ ပဲတီစိမ်းသီးနှံကိုလည်း မိုးဆောင်းနှစ်ရာသီ စိုက်ပျိုးကြရာ မိုးပဲတီစိမ်းကို စိုက်ဧက () သောင်းခန့် စိုက်ပျိုးကြောင်းသိရှိရသည်။

          မိုးပဲတီစိမ်းကို မတ်လတွင် စတင်စိုက်ပျိုးပြီး ဇွန်၊ ဇူလိုင်လတွင် သီးနှံစတင်ထွက်ပေါ်ကြောင်း ပဲတီစိမ်းမြကြေးမှုံ၊ ကျောက်စိမ်း၊ ပဲတီစိမ်း ပဲနောက်သေးမျိုးများကို စိုက်ပျိုးကြကြောင်း၊စိုက်ပျိုးရာ တွင် မြေပြုပြင်ပြီး နွားရှဉ်းဖြင့်ထွန်းကြောင်းဆွဲပြီး အစေ့ချစနစ်ဖြင့် ပင်ကြား()လက်မ၊ တန်းခြား () ပေအကွာဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ()ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ()သိန်းခန့် ကုန်ကျကြောင်း စ် ဧက ပျမ်းမျှအ ထွက်တင်းမှာ (၁၀-၁၅)တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေနှင့် ရာသီဥတုပေါ်မှုတည်၍ သီးနှံအထွက် နှုန်းကွာခြားမှုရှိကြောင်း၊ အောက်တိုဘာလ (ပထမပတ်)တွင် ပခုက္ကူပဲမျိုးစုံ ဈေးကွက် ၌ ပဲတီစိမ်း သီးနှံများလှိုင်လှိုင်ဝင် ရောက်လျက်ရှိပြီး ဈေးအနည်းငယ်ကျဆင်းနေကြောင်း၊ တစ်ရက် လျှင် ပဲတီစိမ်းသေး ပိဿာ(၃၀)ဝင် အိတ်(၃၀၀-၃၅၀)ခန့် ဝင်ရောက်ပြီး ရေစကြိုမြို့နယ်ထွက် ပဲတီစိမ်းများ အများဆုံး ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ဇွန် လတွင် ပဲတီစိမ်းတစ် တင်းလျှင်ကျပ်(၁၂၀၀၀၀-၁၃၂၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လတွင် ပဲတီစိမ်းတစ် တင်းလျှင် ကျပ်(၁၀၀၀၀၀-၁၃၀၀၀၀)ဈေးဖြင့် ဈေးအနည်းငယ်ကျဆင်း အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ယခင် စက်တင်ဘာလ (ဒုတိယပတ်)တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၇၅၀၀၀-၁၂၀၀၀၀)ဖြစ်ခဲ့ပြီး   ယခုအောက်တိုဘာ(စတုတ္ထပတ်)တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၉၅၀၀၀-၁၁၄၀၀၀)ဈေးဖြင့် ဈေးဆက်လက်ကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့် ပခုက္ကူပွဲရုံများသို့ ဝင်ရောက်လာသည့် ပဲတီစိမ်းများကို ဒေသတွင်းဖြန့်ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ လျက်ရှိ ကြောင်းသိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း