
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ဥယျာဉ်ကျေးရွာနှင့် ပန်းတော်ပြင်ကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် (၃)လ မိုးမြေပဲများ နိုဝင်ဘာလ (ပထမပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် (၃)လမိုးမြေပဲ(၁)ပြည်လျှင် ကျပ်(၂၅၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက်ရှိသည့်အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
