“မုံညင်းဆလပ်ဈေးနှုန်းအနည်းငယ်ကျဆင်း”

Powered by Drupal

      ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင်ဈေး နှင့် မြို့မဈေးများသို့ မုံညင်းဆလပ်များ ဖြိုင်ဖြိုင်ဝင်ရောက်လျက်ရှိရာ ဝင်ရောက်မှုဈေးကွက်အနေဖြင့် အောင်ပန်း၊ ကလော၊ ရွာငံ နှင့်ရေဦး မြို့များမှ ဈေးကွက်အတွင်းသို့ အများဆုံးဝင်ရောက်လျက်ရှိရာ မုံညင်းဆလပ်ကို ရှမ်းပြည်နယ် အောင်ပန်းဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ဖောက်သည်ဈေးအနေဖြင့် ယခင်လတွင် တစ်ပိဿာ ကို (၂၀၀၀/-)ကျပ်ရောင်းချရပြီး ယခုနိုဝင်ဘာလတွင် ဈေးနှုန်းများ အနည်းငယ်ကျဆင်း လျက်ရှိ ကြောင်း၊ လက်ရှိမုံညင်းဆလပ်တစ်ပိဿာလျှင် (၁၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ မုံညင်းဆလပ်ကို အစိမ်းကြော်၊ ကင်ချီချဉ် ပြုလုပ်၍ စားသောက်ကြကြောင်း၊ မုံညင်းဆလပ်ကို စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပြီး ဝယ်လိုအားရှိသော မုံညှင်းဆလပ်ကို တောင်သူဦးကြီးများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသား တင် ပြအပ်ပါသည်။

DOCA(မန္တလေး)