ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

     နိုဝင်ဘာလတတိယပတ်ရှိကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေး

             မန္တလေးစျေးကွက်ရှိ  ကြက်ဥ၊ဘဲဥနှင့်ငုံးဥများ တန်ဆောင်မုန်းလအခါသမယတွင် ဝယ်ယူမှု များပြားခြင်းနှင့် ဝင်ရောက်မှုအနည်းငယ်လျော့ကျသွားခြင်းတို့ကြောင့်  စျေးအနည်းငယ်မြင့်တက် သွားကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်းပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ မွေးမြူ ရေးခြံထွက်ကြက်ဥများ ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်းသိရှိရပါသည်။ ဘဲဥနှင့်ငုံးဥမှာ အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊စဉ့်ကိုင်၊ကျောက်ဆည်မြို့နယ်များရှိ မွေးမြူရေးခြံတို့မှ ဝင်ရောက်ကြောင်း သိရှိရ ပါသည်။၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာ ကြက်ဥ (၃၀လုံးပါ ၁၀ကဒ်)တစ်ဆွဲလျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/-၊လက်လီစျေးအနေဖြင့် ကြက်ဥ တစ်လုံးလျှင် ၄၅ဝိ/-နှင့်၅၀ဝိ/- ၊ဘဲဥတစ်လုံးလျှင် ၅၈ဝိ/-နှင့် ၆၀ဝိ/- ၊ငုံးဥ(၁၀)လုံးလျှင် ၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-  စျေးဖြင့်ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း စျေးသည်တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

                                                                                                 

  နိုဝင်ဘာလတတိယပတ်ရှိ မန္တလေးနှမ်းစျေးကွက်

                 ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့်ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမှု ၉၂၃၁၅၃ ဧက၊ရိတ်သိမ်းမှု ၈၉၈၀၅၂ ဧက၊ အထွက် နှုန်း ၅.၁၉ တင်းနှင့် အထွက်စုစုပေါင်း ၄၆၆၁၉၈၈ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း နှမ်းအမျိုး အစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၈၀၀၀၀ကျပ်နှင့် ၂၈၅၀၀၀ကျပ်၊နှမ်းဖြူ(ဗမာ)၂၄၀၀၀၀ကျပ်နှင့် ၂၅၀၀၀၀ကျပ်၊နှမ်းညို ၂၇၀၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၂၂၂ကျပ်နှင့် ၆၃၃၃ ကျပ်၊ နှမ်းဖြူ(ဗမာ)၅၃၃၃ကျပ်နှင့် ၅၅၅၆ကျပ်၊ နှမ်းညို ၆၀၀၀ကျပ်နှင့် ၆၁၁၁ကျပ် စျေးတို့ဖြစ်ပေါ် လျက် ရှိ ကြောင်းသိရပါသည်။ ယခင် နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၈၈၈၉ကျပ်နှင့် ၉၃၃၃ကျပ်၊ နှမ်းဖြူ (ဗမာ) ၇၇၇၈ ကျပ်နှင့် ၈၄၄၄ ကျပ်၊နှမ်းညို ၆၇၇၈ကျပ်နှင့် ၆၈၈၉ ကျပ်၊နှမ်းနီ ၇၃၃၃ ကျပ်နှင့်၇၄၄၄ ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက မန္တလေးစျေးကွက်တွင်နှမ်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

နိုဝင်ဘာလတတိယပတ်တွင်မန္တလေးပဲလွန်းပြာစျေးအနည်းငယ်ကျ

          ပဲလွန်းပြာမှာပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပြီးမန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ပဲလွန်းပြာ ၁၈၀၀၀၀ကျပ်နှင့် ၁၉၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၃၁၈ ကျပ်နှင့် ၃၅၀၂ ကျပ် တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲလွန်းပြာ ၃၇၀၀၀၀ကျပ်၊တစ်ပိဿာစျေး ၆၈၂၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှင့်ယခုနှစ် စျေးနှိုင်းယှဉ်ပါက မန္တလေး စျေးကွက်တွင် ပဲလွန်းပြာပေါက်စျေးမှာ အနည်းငယ်လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

နိုဝင်ဘာလတတိယပတ်ရှိမန္တလေးပဲကြားစျေးကွက်

                   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲကြားသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါ သည်။ ပဲကြားမှာ ပြည်တွင်းစားသုံးမှုများသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲကြားသီးနှံအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ပဲကြားပေါက်စျေးမှာ ၃တင်းဝင် တစ် အိတ်လျှင် ၄၃၀၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ၇၆၄၄ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် အောက်တိုဘာလကာလတူ ပဲကြားသီးနှံပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ၂၇၅၀၀၀ ကျပ်နှင့် ၂၇၈၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၄၈၈၉ကျပ်နှင့် ၄၉၄၂ကျပ်၊ ယခင်လနှင့်ယခုလ စျေးနှုန်းနှိုင်းယှဉ်ပါက မန္တလေးပဲကြားစျေးမှာ ပိုမိုရရှိကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

 

                                                                                              

မန္တလေးစျေးကွက်အတွင်း ပဲဇီးကွက်စျေးပိုမိုရရှိ

                  မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ  ပြည်တွင်းစားသုံးမှု များပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါသည်။ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် ပဲဇီးကွက်အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု   ၁၀၁၉၄၇၇ဧကဖြစ်ကြောင်း သိရှိရပါသည်။   မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ် နိုဝင်ဘာလတတိယ ပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ပဲဇီးကွက်(ဗမာ) ၃တင်းဝင်တစ်အိတ်လျှင်၄၆၀၀၀၀ ကျပ်နှင့် ၄၇၀၀၀၀ကျပ်၊တစ်ပိဿာလျှင် ၇၈၉၇ကျပ်နှင့် ၈၀၆၉ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်နှင့် ၂၉၅၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၄၈၀၇ကျပ်နှင့် ၅၀၆၄ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ချက် မန္တလေး စျေးကွက်တွင် ပဲဇီးကွက်စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

   နိုဝင်ဘာလတတိယပတ်တွင်မန္တလေးပဲစင်းငုံစျေးအနည်းငယ်ကျဆင်း

                  မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံ သီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်း ဝင် တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၄၃၀၀၀ကျပ်၊ပဲစင်းငုံ(ဖြူ)၂၂၀၀၀၀ကျပ်နှင့်၂၂၅၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ပဲစင်းငုံ (နီ)၄၀၅၀ကျပ်၊ ပဲစင်းငုံ(ဖြူ)၃၆၆၇ကျပ်နှင့် ၃၇၅၀ကျပ်တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ ယခင်နှစ်ကာလတူပေါက်စျေး မှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ)၄၆၀၀၀၀ကျပ်၊ တစ် ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံပေါက် စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

  နိုဝင်ဘာလတတိယပတ်တွင်ပဲပုတ်စျေးအနည်းငယ်ကျ

             ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင်၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၂၉၀၀၀၀ကျပ်နှင့် ၂၉၅၀၀၀ကျပ်၊ပဲပုတ်(ဗမာ) ၃၂၀၀၀၀ကျပ်၊ ပဲပုတ်(စက်ပဲ) ၂၇၀၀၀၀ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုတ်(ရှမ်း)၅၄၄၆ကျပ်နှင့်၅၅၄၀ကျပ်၊ပဲပုတ်(ဗမာ) ၆၀၀၉ ကျပ်၊ ပဲပုတ်(စက်ပဲ)၅၀၇၀ကျပ်နှင့် ၅၃၅၂ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ်(ရှမ်း)၆၇၆၁ကျပ်နှင့် ၇၈၈၇ ကျပ်၊ပဲပုတ်(ဗမာ)  ၈၉၂၀ကျပ်နှင့် ၉၀၁၄ကျပ်၊ ပဲပုတ် (စက်ပဲ) ၅၄၄၆ကျပ်နှင့် ၆၁၉၇ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူ ပေါက်စျေး နှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 နိုဝင်ဘာလတတိယပတ်ရှိမန္တလေးပဲယင်းကြီးစျေးကွက်

               ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်း ဝင် တစ်အိတ်လျှင် ပဲယင်း(နီ)၂၂၀၀၀၀ကျပ်နှင့်၂၂၅၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၂၁၀၀၀၀ ကျပ်နှင့် ၂၁၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲယင်း(နီ)၃၆၆၇ကျပ်နှင့် ၃၇၅၀ကျပ်၊ ပဲယင်း(ကြီး) ၃၅၀၀ကျပ် နှင့် ၃၅၈၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၉၁၇ ကျပ်၊ ပဲယင်း ၃၈၃၃ကျပ်နှင့် ၃၉၁၇ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူပေါက် စျေးနှိုင်း ယှဉ်ပါက စျေးအနည်းငယ် လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလတတိယပတ်တွင်မန္တလေးပဲကြီးပေါက်စျေး

                ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါ အဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင် များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျှက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၈၀၀၀၀ကျပ်နှင့်၅၀၀၀၀၀ကျပ်၊ပဲကြီး(လတ်) ၄၄၀၀၀၀ကျပ်နှင့်၄၇၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၅၀၀၀၀ကျပ်နှင့်၄၂၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲကြီး (ကြီး) ၈၆၈၈ကျပ်နှင့် ၉၀၅၀ကျပ်၊ပဲကြီး(လတ်)၇၉၆၄ကျပ်နှင့်၈၅၀၇ကျပ်၊ ပဲကြီး(သေး)၆၃၃၅ ကျပ်နှင့် ၇၆၀၂ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၅၀၆၈ကျပ် နှင့် ၅၄၃၀ကျပ်၊ ပဲကြီး (လတ်)၄၅၂၅ကျပ်နှင့်၄၃၄၄ကျပ်၊ ပဲကြီး(သေး)၄၁၆၃ကျပ်နှင့် ၄၃၉၄ကျပ် တို့ဖြစ်ကြောင်း သိရှိရပါ သည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး)

       နိုဝင်ဘာလတတိယပတ်ရှိ မန္တလေးကုလားပဲစျေးကျ

               ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်း ဝင်တစ်အိတ်လျှင်ကုလားပဲ(V-2) ၂၃၈၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၂၅၀၀၀ကျပ်နှင့်၂၂၈၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)၂၂၈၀၀၀ ကျပ်နှင့် ၂၃၀၀၀၀ကျပ်၊ ကုလားပဲ (929)၂၃၅၀၀၀ကျပ်နှင့် ၂၃၇၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာကုလားပဲ(V-2)၄၁၅၇ကျပ်၊ကုလားပဲ (V-7) ၃၉၃၀ကျပ်နှင့် ၃၉၈၃ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)၄၀၅၃ ကျပ်နှင့် ၄၀၈၉ကျပ်၊ကုလားပဲ (929) ၄၁၇၈ နှင့် ၄၂၁၃ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူတစ် ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၄၁၅ကျပ်၊ ကုလားပဲ(V-7) ၅၆၇၇ ကျပ်၊ကုလားပဲ (ထိုင်ဝမ်) ၅၀၆၇ ကျပ်၊ကုလားပဲ(929) ၅၂၀၉ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ် နှင့်ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်း သွားကြောင်း သိရှိရပါသည်။      

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း