
ဗောက်သီးပင်သည် အပူပိုင်းဒေသများနှင့် အအေးပိုင်းတောင်ပေါ်ဒေသများတွင်များတွင် စိုက်ပျိုးနိုင်သောအပင်ဖြစ်ကြောင်း၊ ၎င်းသီးနှံသည် ချိုချိုချဉ်ချဉ်အရသာရှိပြီး ကယ်လိုရီနည်း၍ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ် များပါဝင်သောကြောင့် ကိုယ်အလေးချိန်ကိုလျှော့ချပေးပြီး ခန္ဓာကိုယ် အတွင်းက အဆိပ်တောက် တွေးကိုပြေစေ၍ ဆီးချိုရောဂါကိုထိန်းညှိပေးကြောင်း၊ ကျောက်ကပ် ရောဂါကို ကာကွယ်ပြီး၊ နှလုံးကျန်းမာသန်စွမ်းမှုကို တိုးမြှင့်ပေး၍ ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိတုပ်ကွေးရောဂါနှင့် ကင်ဆာဆဲလ်ဖြစ်ပွားမှုကို လျော့ချပေးကြောင်း၊ ပိုတက်ဆီယမ်ဓာတ်များ သင့်တင့်မျှတစွာ ပါဝင်သောကြောင့် သွေးတိုးရာဂါကို ထိန်းညှိပေးကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာ ပါဝင်သောကြောင့် အမြင်အာရုံကို ကောင်းမွန်စေပြီး မျက်စိရေတိမ်ရောဂါနှင့် မျက်လုံးကြွက်သား ပျက်စီးတာများကို သက်သာပျောက်ကင်းကြောင်း၊ ဗောက်သီးကိုစားသုံးခြင်းဖြင့် အရိုးအဆစ်များကို ကြံ့ခိုင်သန်စွမ်းစေကြောင်း၊ အမျိုးသားများတွင် ဖြစ်သောဒူလာနှင့် အရေပြားနီမြန်းရောင်ရမ်းတာများကို သက်သာစေကြောင်း စာပေများမှ ဖတ်ရှု့သိရှိရသည်။
DOCA(မန္တလေး)
