ညောင်ဦးမြို့ရှိ ပြောင်းဖူးဈေးနှုန်း

Powered by Drupal

            ညောင်ဦးမြို့ ဘုန်းဇဉ်ဈေးတွင် အသား၊ ငါး၊ အသီးအရွက်မျာ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ပြောင်းဖူးများကို အနီးအနားကျေးရွာများမှလည်းကောင်း၊ ပခုက္ကူ အင်းဝိုင်းဒေသမှလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရသည်။ ပြောင်းဖူးကိုပြုတ်၍ စားသုံးကြသလို မီးဖုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်းအမျိုးမျိုးပြုလုပ်စားသုံးကြသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ညောင်ဦးမြို့ ဘုန်းဇဉ်ဈေး၌ ရောင်းချလျက်ရှိ သော ပြောင်းဖူးဈေးနှုန်းများမှာ အကြီးတစ်ဖူးလျှင်(၅၀၀)ကျပ်၊ အလတ်တစ်ဖူးလျှင်(၃၀၀)ကျပ်၊ အသေးတစ်ဖူးလျှင်(၂၀၀)ကျပ်တို့ဖြင့် အရွယ်အစားအကြီးအသေးပေါ်မူတည်၍ ရောင်းချလျက်ရှိ ကြောင်း သိရသည်။

DOCA(မန္တလေး)