
ပဲတီပင်ပေါက်သည် ပဲတီစိမ်းကို အညှောင့်ဖောက်ခြင်းဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်း ရွက်တစ်မျိုးဖြစ်ကြောင်း၊ ပဲပင်ပေါက်ကို အရှေ့နှင့် အရှေ့တောင်အာရှတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးစားသုံးကြကြောင်းသိရှိရသည်။ ပဲပင်ပေါက်ကို ကြော်စားလို့ရသလို အသုပ်တွေထဲမှာ ပဲထည့်ထည့်၊ သုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဟင်းချိုချက်ပြီးတော့ပဲဖြစ်ဖြစ်၊ အချဉ် စိမ်ပြီးတော့ပဲဖြစ်ဖြစ် စားလေ့ရှိကြောင်း၊ စားလို့ကောင်းသော ပဲပင်ပေါက်ကို နေ့တိုင်း စားသုံးခြင်းဖြင့် အာဟာရဓာတ် ကြွယ်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ကြောင်း၊ ဗီတာမင်စီပါဝင်သောကြောင့် ကိုယ်ခံအားကောင်းစေ၍ ရောဂါပိုးကူးစက်မှုကနေ အထိရောက်ဆုံး ကာကွယ်ပေးကြောင်း၊ ပဲပင်ပေါက်မှာ ဆဲလ်တွေ ဖြစ်ပေါ်မှု ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာအောင် ထောက်ပံ့ပေး၍ ကြွက်သားများ ကျန်းမာသန်စွမ်းအောင် လုပ်ဆောင်ပေးသော ပရိုတင်းဓာတ်ကြွယ်ဝပါဝင်၍ အရိုးနှင့် ကြွက်သားတွေသန်မာပြီး ကိုယ်တွင်းအင်္ဂါများ ကျန်းမာစေရန်စားသုံး ပေးသင့်သည်။ ပဲပင်ပေါက်မှာ ပါဝင်သောအင်ဇိုင်းက အစာခြေစနစ်ကိုကျန်းမာစေ၍ အစာကြေစေနိုင်သလို အူနံရံတွေကို အာဟာရဓာတ်တွေ အကောင်းဆုံးစုပ်ယူနိုင်အောင် ထောက်ပံပေးခြင်းဖြင့် အမျှင်ဓာတ်ကြွယ်ဝကာ ဝမ်းချုပ်ခြင်း ကိုကာကွယ်ပေးကြောင်း၊ သွေးအားနည်းတာ၊ အစာခြေစနစ် ပြဿနာတွေ ခံစားရတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အမောမခံနိုင်တာတွေ မဖြစ်စေဖို့အတွက် ပဲပင်ပေါက်ကို စားသုံးသင့် ကြောင်း၊ ဗီတာမင်အေကြွယ်ဝ သောကြောင့်အသက် အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံကိုအထိ ရောက်ဆုံး ကာကွယ်ပေး၍ မျက်လုံးကျန်းမာစေရန် ပဲပင်ပေါက်ကို နေ့စဉ်အစား အသောက်ထဲတွင် ထည့်သွင်းစားသုံးသင့်ပေသည်။
DOCA(မန္တလေး)
