ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

               သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ် (၃၁.၁၀.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၈၀၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၇၀၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၄၅၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၉၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၇၆၀ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၆၇၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၃၈၀ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၉၉၀ ကျပ် ဖြစ်ကြောင်း၊ ယခုတစ်ပတ်သောကြာနေ့တွင် စက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၉၀ ကျပ် တက်ပြီး  ဒီဇယ်(ရိုးရိုး) မှာ ၇၅ ကျပ် တက်ပါကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၀ ကျပ်တက်ပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၅ ကျပ် တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၃၁.၁၀.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

        ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၃၁.၁၀.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၉၄၀၀၀) ကား (၁၀၀) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၇၅၀၀၀) ကား (၂၅) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၅၆၇၅၀)  ကား (၃၂) စီးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်တုန်းမြို့နယ်မှ မွေးမြူထွက်ရှိသော ငါးတန် ဈေးနှုန်း ဈေးကွက်

         ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် ငါးတန်များအရောင်းအဝယ်ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ် ငါးရောင်းဝယ်ရေးဒိုင် ဒေါ်အမာထံ သိရသည်။ ညောင်တုန်းမြို့နယ်မှ ငါးတန်များ စက်တင်ဘာလ ဒုတိယပတ်မှ အောက်တိုဘာလ ၃၀ ရက်နေ့ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ် ကောင်းမွန်နေ ကြောင်းသိရသည်။

       အဆိုပါဒေသတွင် နေ့စဉ် ငါးတန်ပိဿာချိန် ၃၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်ကနေထွက်တဲ့ ငါးတန်တွေကို ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုများပြားလျက်ရှိသည်။  ညောင်တုန်းမြို့နယ်တွင် ငါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များက ဒေသထွက်ငါးတန်များကိုဝယ်ယူပြီး ရောင်းတမ်းဝင် သည့် အနေအထားထိ ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချနေကြောင်း၊ အဆိုပါဒေသမှ ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ကျပ်ဖြင့် ပေါက်ဈေးရှိကြောင်း၊ မြစ်ငါးတန် ၁ပိဿာဈေးအနေဖြင့် ၁ပိဿာ ၂၂၀၀၀ကျပ်ဖြင့် ဈေ0းကွက်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ရန်ကုန်သို့ တစ်နေ့လျှင် ငါးတန်ပိဿာချိန် ၅၅၀၀ တင်ပို့နေကြောင်း တစ်လလျှင် ပျမ်းမျှ ငါးတန် ပိဿာချိန် ၁၂၀၀၀၀ခန့် တင်ပို့နိုင်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၃၁.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၇၄၂ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၂၅ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၃၅၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၂၅ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၈၆၀ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ကျပ်၊ ပဲခူး(အနောက်) ရှယ်စ ၃၉၄၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၄၅ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၉၃ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၂ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၉၄၃ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ကျပ်၊ ဧရာဝတီတိုင်း ရှယ်စ ၃၅၈၃ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၈၅၄ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၄၈၅ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၄၀ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၆၂၀နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ ကျပ်၊ တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။         

          ၃၁.၁၀.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေစုစုပေါင်း (၄၉၆၅၅)အိတ်ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာမှာ အနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပန်းဂဏန်း ဈေးနှုန်း

     ကျွန်းလှမြို့နယ်တွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များသည်လည်း မြင့်တက်လျက်ရှိကြောင်း၊ ပင်လယ်အစားအစာများဖြစ်သည့် ပန်းဂဏန်း၊ ပုဇွန်ထုတ်၊ ရေဘဝဲ နှင့် ပြည်ကြီးငါးများကို  ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ  တစ်ဆင့် ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံ ရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းသော်လည်း ရောင်းအားကောင်း လျက်ရှိကြောင်းသိရသည်။

      ယခု အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ပန်းဂဏန်း ဈေးနှုန်းများ အနေဖြင့် ပန်းဂဏန်း လက်လီဈေး(၁)ပိဿာလျှင်(၅၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်၊ ပန်းဂဏန်း၊ ရေဘဝဲ နှင့် ပြည်ကြီးငါး အရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီဈေးနှုန်းအခြေအနေ

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး အောက်တိုဘာလ စတုတ္ထပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၇၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု အောက်တိုဘာလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၉၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၂၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊  နှမ်းဆီသန့်ဈေးနှုန်းမှာ ယခင်ပတ် နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင် များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှိဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း အောက်တို ဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၂၈၅၈) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၉၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၅၆၆) ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၀၈၈)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု အောက်တိုဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၂၈၉၃)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၉၈၉)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၄၁)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၁၇၆)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ် လီတာလျှင် (၃၄)ကျပ်၊ 95 တစ်လီတာလျှင်(၃၉)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၇၅)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)PHSD တစ်လီတာလျှင်(၈၈)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် အောက်တိုဘာလ နောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

 

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၈၁၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၉၀၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၀၄၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု ၂၀၂၅ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၈၄၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၉၄၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၁၃၀)ကျပ် ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၄၀)ကျပ် ၊  ဒီဇယ် (ရိုးရိုး)တစ်လီတာလျှင် (၇၅)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၉၀)ကျပ်  ဈေးနှုန်း မြင့်တက် လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

ငါးကြီးချဉ်နှင့် ငါးသေးချဉ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်တွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့် တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကြောင်း နှင့် ဒေသထွက်ရေချိုငါးများကို  ငါးချဉ်များပြုလုပ်၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ ငါးကြီးသားချဉ်ပြုလုပ်သည့် ငါးများကို သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ငါးကြင်း၊ ငါးတို တို့ဖြင့် လည်းကောင်း ငါးသေးချဉ်ပြုလုပ်သည့် ငါးမှာ ငါးဗျက် နှင့် ငါးရှည်(ခေါ်)ခိုင်သင်းကြည်ငါးများဖြင့် သာပြုလုပ်ရောင်းချကြောင်းသိရသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြီးချဉ် (၁)ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၉၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း ငါးသေးချဉ်(၁)ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးချဉ်များကို ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ နံနံပင် တို့ဖြင့် ကြော်စား၍လည်းကောင်း ၊ အစိမ်းအတိုင်း နံနံပင် ငရုပ်သီးစိမ်း ကြက်သွန်နီတို့ဖြင့်  သုပ်စား၍လည်းကောင်း စားသောက်အသုံးပြုကြသဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  ငါးချဉ် ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော  ကြက်သားဈေးနှုန်း

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူ၍ မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုး  ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ အောက်တိုဘာလ နောက်ဆုံးပတ် မွေးမြူရေးကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ ကြက်အမြစ်သီးသန့် တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုး တို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိခဲ့ပြီး တန်ဆောင်တိုင်အနားနီ၍ ကြက်သားဈေး ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သားသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း