ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့မှ မုန့်ဟင်းခါး(မုန့်ဖတ်)ဈေးနှုန်း

       ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် မုန့်ဟင်းခါး(မုန့်ဖတ်) လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြကြောင်းသိရသည်။မုန့်ဟင်းခါး(မုန့်ဖတ်) များကို အနီးအနားကျေးရွာရပ်ကွက်များမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်ဟင်းခါးရောင်းချနေသူများ၊ ရခိုင်မုန့်တီရောင်းချသူများ၊ အလှူ၊ မင်္ဂလာ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ တတိယပတ်တွင် ရောင်းချလျက်ရှိသော မုန့်ဟင်းခါး၊ မုန့်တီ မုန့်ဖတ်ဈေးနှုန်းများမှာ မုန့်ဖတ်(၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အောင်ဆန်းရပ်ကွက်တွင် မုန့်ဖတ်လုပ်ကိုင်ရောင်းချသူ ဦးသန်းဦးထံမှ သိရသည်။

DOCA (ပဲခူး)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၆၀၆၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၄၂၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၅၀၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၀၀၊ အကြီးမှာ ကျပ် ၁၃၀၀၊ ရှယ်မှာ ကျပ် ၁၇၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ် ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်အထက် ဈေးအနည်းငယ်ကျသွားပြီး မြင်းခြံနှင့် မုံရွာကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတူညီနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ဒေသထွက် ဂန္ဓမာပန်းဈေးကွက်

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ကျေးရွာများဖြစ်ကြသော မှော်ဇာ၊ သန္ဓပင်၊ တောင်လုံးညိုကျေးရွာများတွင် ဂန္ဓမာပန်းများကို အများအပြားစိုက်ပျိုးကြသည်။ ဂန္ဓမာပန်းတွင် အမျိုးကွဲပေါင်းများစွာရှိပြီး ပန်းပွင့်ပုံစံ၊ အရွယ်အစားပေါ်မူတည်ပြီး အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါ သည်။ ပြည်ဒေသတွင်  ခေါ်ဝေါ်သော ဂန္ဓမာပန်းများစွာထဲမှ ဂန္ဓမာစံပါယ်ဖြူ၊ ဂန္ဓမာစံပါယ်ဝါ၊ ဂန္ဓမာဗူဖောင်းမျိုးများကို စိုက်ပျိုးရောင်းချကြသည်။ ပြည်မြို့၊ ဈေးကွက်များအပြင် အနီးအနားရှိ ကျေးရွာများသို့လည်း ရောင်းချကြောင်းသိရသည်။

     ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် ယခင်နှစ်ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် (၂၀၀၀-၂၅၀၀)ကျပ်ရှိခဲ့ရာ ယခုနှစ် အောက်တိုဘာလတွင် ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် (၄၀၀၀-၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်းသိရသည်။

DOCA (ပဲခူး)

ကန့်ဘလူမြို့နယ်၏ ရာသီစာ မုန်လာဥဖြူ ဈေးနှုန်း၊ဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

    ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် မြို့ပေါ်ရပ် ကွက်များတွင် မုန်လာဥဖြူများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ထွက်ရှိသည့်မုန်လာဥဖြူ များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း ၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း မုန်လာ ဥဖြူအကြီး(၃)ဥပါတစ်တွဲလျှင် (၆၀၀)ကျပ်၊ မုန်လာဥဖြူ(အသေး)(၃)ဥပါတစ်တွဲလျှင် (၅၀၀)ကျပ်တို့ ဖြင့်ရောင်းချကြောင်း၊ ရာသီပေါ်သီးနှံဖြစ်သည့်အတွက် မုန်လာဥဖြူများ ရောင်းအားကောင်းလျက် ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူ တစ်ဦးထံမှသိရှိရပါသည်။

 DOCA(စစ်ကိုင်း)

ပြည် ဂျင်း(ချင်း)ဈေး အနည်းငယ်ကျ

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချနေသော ဂျင်း(ချင်း)များကို မန္တလေးမြို့မှလည်းကောင်း၊ ရှမ်းပြည်နယ် အောင်ပန်းမှလည်းကောင်း ဝယ်ယူရ ကြောင်း၊ ဂျင်း(ချင်း)များကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြု ကြသလို ဓါးလှီးဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ တတိယပတ်တွင် ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသည့် ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက်ကား(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင် (၅၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပြည်မြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် ဓါးလှီးဂျင်းလုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ ဓါးလှီးဂျင်းဈေးနှုန်းမှာ လက်လီ (၁)ပိဿာလျှင် (၅၅၀၀) ကျပ်နှင့် လက်ကား တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဩဂုတ်လ၊ တတိယ ပတ် ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင်း ဂျင်းတက် (၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးကျလာကြောင်း ဂျင်းတက်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA (ပဲခူး)

သစ်တော်သီးအကြောင်းသိကောင်းစရာ

       သစ်တော်သီးသည်မိုးရာသီကာလသစ်သီးဝလံတစ်မျိုးဖြစ်ပြီး မြန်မာပြည်ရာသီဥတု၏ မိုးလယ်ကာလမှစ၍ ဆောင်းဦးရာသီအထိ တွေ့ရပါသည်။ သစ်တော်သီးကို အ‌‌ရောင်အသွေးနှင့် ပုံသဏ္ဍာန်တို့ ပေါ်မူတည်၍  ယေဘုယျအားဖြင့် အာရှသစ်တော်သီးနှင့် ဥရောပသစ်တော်သီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အာရှသစ်တော်သီးသည် အရွယ်အစားမကြီးမားပဲ လုံးဝန်းကာ အပေါ်ယံ အခွံတွင် အစက်အပြောက်များပါရှိပါသည်။ ဥရောပသစ်တော်သီးများကမူ မှည့်လာ သည်နှင့်အမျှ တဖြေးဖြေးပျော့ ပျောင်းလာပြီး အရည်ရွှမ်းလာကြပါသည်။ မြန်မာနိုင်ငံတွင် သစ်တော်သီးကို သရေစာ အချိုပွဲအနေဖြင့်စားသုံးလေ့ရှိပါသည်။ သစ်တော်သီးသည် မိုးလယ်မှစ၍‌ ဆောင်းဦးရာသီစာ သစ်သီး ဖြစ်သည့်အလျောက်မိုး‌‌အေး၊ ဆောင်းအေးသောရာသီဥတု များတွင်ဖြစ် တက်သည့် ချွဲထခြင်း၊ အအေးမိခြင်းတို့အတွက် ချိုချိုချဉ်ချဉ် သစ်တော်သီးစားခြင်းသည် ဘေးဥပါဒ်လုံးဝမှ မရှိနိုင်ကြောင်း သိရှိရပါသည်။ သစ်တော်သီးဈေးနှုန်းများအနေဖြင့် အလတ်စား တစ်လုံးလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ အကြီး တစ်လုံးလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်ထိ‌ ရောင်းချကြောင်း သိရှိပါသည်။ 

DOCA (ပဲခူး)

ပြည်မြို့ပြောင်းဖူးဈေးကွက်

       ဇွန်လတတိယပတ်တွင် ပြည်မြို့နယ်ထွက် ပြောင်းဖူးများကိုရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချမှုရှိပြီး ပြည်မြို့နယ်အတွင်းရောင်းချနေသော‌ပြောင်းဖူးများကို ပုတီးကုန်း၊သဲကုန်း မြို့နယ်များမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ပြောင်းဖူးစိမ်း တစ်ဖူးလျှင်အကြီး၊အသေးပေါ်မူတည်၍ ရောင်းချလျက်ရှိပါသည်။ ပြောင်းဖူးအဖြူ တစ်ဘူးလျှင် (၈၀၀-၁၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပြီး သကြားပြောင်းအစိမ်းတစ်ဖူးလျှင် အကြီး၊ အသေးပေါ်မူတည် ၍(၇၀၀-၈၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)

ပြည်မြို့တွင် ရောင်းချနေသော လိမ္မော်သီးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ဈေးများနှင့် အသီးရောင်းချသည့်  ဆိုင်များတွင် လိမ္မော်သီးများရောင်းချနေကြောင်း တွေ့ရှိရသည်။ ပျားလိမ္မော်၏ အရသာသည် ခံတွင်း ရှင်းပြီး အချိုဓါတ်ရရှိ၍ အရည်ရွှမ်းသည်။ ဗီတာမင် C ဓါတ်ရရှိသောကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပျားလိမ္မော်သည် ဗီတာမင်များစွာပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်သောကြောင့် လူအများက ဝယ်ယူစားသုံးကြပါသည်။

      ယခုအောက်တိုဘာလ၊ တတိယပတ်တွင် ရောင်းချနေသော ပျားလိမ္မော်သီး ဈေးနှုန်းများမှာ (၂၅)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ်၊ (၁)ပိသာလျှင် (၂၄၀၀၀)ကျပ် တို့ဖြင့် ရောင်းချနေကြောင်း သိရသည်။ ပျားလိမ္မော်သီးများကို ရှမ်းပြည်၊ တောင်ကြီးရှိ လိမ္မော်ခြံ များနှင့် ကုန်သည်များဆီမှ တစ်ဆင့် ဝယ်ယူ၍ ပြန်လည်ရောင်းချနေကြောင်း သိရသည်။

DOCA (ပဲခူး)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ပိန်းပန်းနှင့် ပိန်းပန်းပင်ဈေးနှုန်းများ

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဘုရားပန်းအမျိုးမျိုး ဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ သပြေပန်းအငုတ်၊ သပြေပန်း အခက်များနှင့် အာစီယံသပြေတို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှမှာယူ ရောင်းချကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် ရောင်းချနေသော ပိန်းပန်းနှင့် ပိန်းပန်း ပင်ဈေးနှုန်းများမှာ နဂါးမောက်ပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ (၅)ပွင့်လျှင် (၂၂၀၀)ကျပ်၊ နဂါးမောက်ပိန်းပန်း(၁)ပင်လျှင် (၇၀၀၀)ကျပ်၊ ယိုးဒယားပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ ယိုးဒယား ပိန်းပန်း(၁)ပင်လျှင် (၁၅၀၀၀)ကျပ်နှင့် ဗမာပိန်းပန်း(၁)ပွင့်လျှင် (၃၀၀)ကျပ်၊ ဗမာပိန်းပန်း(၁)ပင် လျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်မျိုးစုံ ရောင်းချသူများထံမှ သိရှိရပါသည်။    

DOCA(စစ်ကိုင်း)      

ပြည်ဒေသထွက် သီးမွှေးငှက်ပျော

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာ၊ တောင်သူ ဦးဇော်ဝင်း၏ ဥယျာဉ်ခြံမြေထဲတွင် သီးမွှေးငှက်ပျောများ စိုက်ပျိုးထားကြောင်းသိရသည်။ စိုက်ပျိုး ထားသော မျိုးများမှာ သီးမွှေးဝါနှင့် သီးမွှေးစိမ်းတို့ဖြစ်ကြသည်။ မြေသားနက်ရှိုင်း၍ ရေစီးဆင်းမှု ကောင်းသော မြေဖြစ်သောကြောင့် ငှက်ပျောပင်များနှာ ကြီးထွားမှုဖွံ့ဖြိုးကြောင်း သိရသည်။ အသီး ခိုင်များမှာ ကြီးလွန်းသောကြောင့် အပင်ကို ဝါးများဖြင့် ကျားကန်ထောက်ပေးထားရသည်။

          ငှက်ပျောပင်သည် နိုင်ငံတကာ ဈေးကွက်တွင် အရေးပါဆုံးမျိုးဖြစ်ကြောင်းသိရသည်။ ငှက်ပျောတစ်ဖီးလျှင် အသီး (၂၀ - ၂၅)လုံးပါကြောင်းသိရသည်။ ငှက်ပျောတစ်ခိုင်လျှင် (၇-၈)ဖီးပါရှိ သည်။ သီးမွှေးဝါမှာ မှည့်လျှင် အဝါရောင်ရှိပြီး သီးမွှေးစိမ်းမှာ နဂိုအရောင်မပျက် မှည့်ပြီး ချိုသည်။ ထွက်ရှိလာသော သီးမွှေးများကို ဈေးကွက်တွင်  တစ်ဖီးလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA (ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း