
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးကို မြို့ပတ် ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ ရွာသာ၊ ကြာကန်၊ လေးအိမ်တန်းစသည့် ကျေးရွာများ အပြင် မကွေး၊ တောင်တွင်းကြီးနှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ အဓိကမှာယူရောင်းချ ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် ရောင်းချ လျက်ရှိပြီး နိုဝင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထိုင်ဝမ်ခရမ်းချဉ်သီးများ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက်ရှိသည့်အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
