ရေစကြိုုမြို့ ပွဲရုံများ၏ ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နယ်မြေအခြေအနေအရ ကုန်စည်ဒိုင် ဖွင့်လှစ်အရောင်းအဝယ်မပြုလုပ်နိုင်သော်လည်း ရန်ကုန်၊ မန္တလေးတွင် ဖြစ်ပေါ်နေသော ဈေးကွက် အခြေအနေနှင့် ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍ ပွဲစားများ စုစည်းနိုင်သည့်နေရာတွင် ဈေးနှုန်း သတ်မှတ်ပြီးနောက် မိမိတို၏ ပွဲရုံများတွင် ပဲမျိုးစုံ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်)တွင် ရေစကြိုမြို့နယ်အတွင်း မတ်ပဲသီးနှံများ လှိုင်လှိုင် ထွက် ပေါ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ အခြားသီးနှံများ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း သီးနှံများမှာ ယခုအချိန်တွင် စိုက်ပျိုးပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း၊ မတ်ပဲအသစ် တစ်တင်း လျှင် ကျပ် (၇၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ကျန်ပဲများ အရောင်းအဝယ်မဖြစ်ကြောင်း၊ ရောင်းဝယ် မှု အနေဖြင့် နိုဝင်ဘာလ (စတုတ္ထပတ်)တွင် မတ်ပဲ တစ်တင်း ဝင်အိတ် (၁၀၀)ခန့် အရောင်းအဝယ်ဖြစ် ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)