ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၏ စက်သုံးဆီစျေးနှုန်းအခြေအနေ

         မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်း ဒေသကြီး/ ပြည်နယ်အလိုက် စက်သုံးဆီစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မကွေးမြို့တွင် စက်သုံးဆီဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချနေပြီး ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင် (92) (၁)လီတာလျှင် ကျပ်(၂၇၃၀)၊ (95) (၁)လီတာလျှင် ကျပ် (၂၈၀၅)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ် (၂၆၃၀)၊ ပရီမီယံ (ဒီဇယ်) (၁)လီတာလျှင် ကျပ်(၃၁၆၅)ဖြင့် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ (ပထမ ပတ်)နှင့်နှိုင်းယှဉ်ပါက (92) (၁)လီတာလျှင် ကျပ်(၉၅)၊ (95) (၁)လီတာလျှင် ကျပ်(၁၁၅) စျေးနှုန်း အနည်းငယ်ကျဆင်းပြီး  ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၅၅)၊ ပရီမီယံ (ဒီဇယ်) (၁)လီတာလျှင် ကျပ်(၅၅)စျေးနှုန်းအနည်းငယ်မြင့်တက်၍ စက်သုံးဆီများပြတ်လပ်မှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့နယ်၌ ခရမ်းချဉ်စိုက်ပျိုးသူ တောင်သူများ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ  ကျေးရွာများသည် မိရိုးဖလာ လယ်ယာ လုပ်ငန်းအပြင် ဥယျာဉ်ခြံမြေများတွင် သီးပင်စားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ စားသုံးမှုများ၍ ဈေးကွက်အခိုင်အမာရှိသော စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ခရမ်းချဉ်ပင်သည် စိုက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်းလွယ်သောကြောင့် တောင်သူများအားထားစိုက်ပျိုးကြသော စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်ပြီး ပွင့်ဖြူမြို့နယ် ယောစု၊ ပိန္နဲတော၊ ဒေးဒရဲ၊ ညောင်ကုန်း၊ ရွာသာကုန်း၊ ပေါက်စု၊ ချွန်းစု၊ မုန်းနားစု စသော ကျေးရွာများရှိ တောင်သူများသည် ခရမ်းချဉ်မျိုးများကို စိုက်ခင်းတစ်ခင်းလျှင် အပင်ရေ (၁၀၀၀)ခန့်  တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ခရမ်းချဉ်ပင်သည် အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်း ကြောင်း၊ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့်လွန်ကဲသောရာသီဥတု အခြေအနေမျိူးတွင် အပင်ကို သေစေနိုင်ကြောင်း၊ ခရမ်းချဉ်ပင်စိုက်ပျိုးရာတွင် မျိုးစေ့များကို အရင်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ အပင်တစ်ပင်နှင့်တစ်ပင်ကြား ()တောင်ခန့် ခွာ၍ စိုက်ပျိုးကြပြီး မြေအောက်ရေဖြင့် ရေသွင်းစိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်ပင်သည် ရေဝပ်ခြင်းကို မကြိုက်ဘဲ ရေဝပ်လျှင်အမြစ်များပုပ်၍ အပင်သေတက်ကြောင်း၊ မြေတောင်မြှောက်ပေးခြင်း၊ ဘောင် ဆယ်ခြင်းများပြုလုပ်ပေးရန်လိုအပ်ပြီး အသီးသီးချိန်တွင် အသီးအလေးချိန်ကြောင့် အပင်ယိုင်လဲမှုမဖြစ် စေရန် တိုင်ထောင်ပေးရကြောင်း၊ အပင်စိုက်ပျိုးချိန်မှ ()လခွဲခန့်အကြာတွင် ခရမ်းချဉ်သီးများစတင် ခူးဆွတ်နိုင်ပြီး ()ရက်လျှင်တစ်ကြိမ်ခန့် အလှည့်ကျခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်စတင်ခူးဆွတ်ချိန် တွင် ပိဿာချိန်(၂၀၀)ခန့်ထွက်ရှိပြီး နောက်ပိုင်းအသီးအားကောင်း၍ အသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿာချိန်(၄၀၀)ခန့်အထိထွက်ရှိကြောင်း၊ အပင်တစ်ပင်လျှင် (-)ကြိမ်ခန့် ခူးဆွတ်နိုင်ကြောင်း၊ နိုဝင်ဘာလလယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့်အထိ ဈေး ကောင်းရရှိကြောင်း သိရှိရပါသည်။ ခရမ်းချဉ်သီးများကို   အဝေးဈေးကွက်သို့ပို့ပါက ခရမ်းချဉ်သီး အစိမ်းရောင်မှအစိမ်းဖျော့၊  ထိုမှတစ်ဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ကြကြောင်း၊ သို့မှသာ လမ်းခရီးတွင် အပျက်အစီးအဆုံးအရှုံးသက်သာကြောင်း၊ အနီးဝန်းကျင်ဈေးကွက်သို့ ပို့ဆောင်ရောင်းချ မည်ဆိုပါက အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန်လိုအပ်ကြောင်း သိရှိရသည်။ ပွင့်ဖြူဒေသထွက်ခရမ်းချဉ်သီးများကို စလင်း၊ စကု၊ မင်းဘူး၊ မကွေးမြို့များသို့ တင်ပို့ရောင်းချပြီး ကုန်ကျစရိတ်နည်းပါး၍ အကျိုးအမြတ်များစွာရရှိသောကြောင့် ပွင့်ဖြူဒေသရှိ ခရမ်းချဉ်သီးစိုက်ပျိုးသူ တောင်သူများ ဝင်ငွေများစွာရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

မြင်းခြံမြို့၏ သီးနှံဈေးနှုန်းများ

          မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့နယ်တစ်ခုဖြစ်ပြီး နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ဝါ၊ ပဲတီစိမ်း၊  ပဲပုတ်၊ ကုလားပဲ စသည့်ဖြင့် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုအခါ နိုဝင်ဘာလဆန်းပိုင်းတွင် အများဆုံးအရောင်းအဝယ် ဖြစ်သော သီးနှံမှာ မြေပဲသည်သာ အများဆုံးဖြစ်ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေ သော သီးနှံဈေးနှုန်းများမှာ ပဲစဉ်းငုံ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကုလားပဲ (V2) တစ်ပိဿာလျှင် (၄၁၅၀) ကျပ်၊ ပဲဇီးကွက် တစ်ပိဿာလျှင် (၅၇၀၀  မှ  ၆၂၀၀)ကျပ် ၊ ပဲပုတ် တစ်ပိဿာလျှင် (၆၄၀၀ မှ ၆၅၀၀) ကျပ်၊ မြေပဲလုံးဆံ တစ်ပိဿာလျှင် (၈၀၀၀ မှ ၈၂၀၀ ) ကျပ်၊ ပြန့်လုံးဆံ တစ်ပိဿာလျှင်( ၈၁၀၀ မှ ၈၂၀၀ ) ကျပ်၊ ဒေသအခေါ် တပေါက်ကျ တစ်ပိဿာလျှင် (၇၈၅၀ မှ ၇၉၀၀ )ကျပ်၊ ဆီဆံ တစ်ပိဿာလျှင် (၇၆၀၀ မှ ၇၆၅၀ ) ကျပ်၊ နှမ်းညို တစ်ပိဿာလျှင် ( ၅၉၀၀ မှ ၆၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

တနင်္သာရီတိုင်းဒေသကြီးရှိ ကျွဲကောသီး စျေးနှုန်း

         တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စျေးကွက်သို့  မွန်ပြည်နယ်ဘက်မှ ထွက်သည့် ကျွဲကောသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ နိုဝင်ဘာလအတွင်းဖြစ်ပေါ်သည့် စျေးနှုန်း များ မှာကျွဲကောသီး ၁ လုံးလျှင် အလုံး(ကြီး) ၈၀၀၀ကျပ်မှ ၉၅၀၀ကျပ်  အလုံး (လတ်)  ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ အလုံး(သေး) ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်စျေးတို့ဖြင့် အလုံးအရွယ်အစား အပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုရှိကြောင်း  သိရှိရပါသည်။ စျေးကွက်အတွင်း မွန်ပြည်နယ်၊ မော်လမြိုင်ဒေသထွက် ကျွဲကောသီးများအား လူကြိုက်များကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိထန်းလျက်စျေးနှုန်းစျေးကွက်

        ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာ ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်း တောင်း မြို့နယ်များမှ အများဆုံးထွက်ရှိကြောင်း သိရသည်။

         ထန်းလျက်သည် ထန်းပေါ်ဦးထန်းလျက်၊ အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်းထန်း လျက်၊ မြေပဲထန်းလျက်၊ သံပုရာထန်းလျက်၊ ဂျင်းထန်းလျက် ဟူ၍ရှိပြီး  အုန်းထန်းလျက်နှင့် ၁ပိဿာလျှင်(၁၄၅၀၀)ကျပ်ရှိပြီး ထန်းလျက်အလုံး၁ပိဿာလျှင်(၁၀၀၀၀)ကျပ်တို့ရှိကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ချဉ်ပေါင်ရွက်စျေးနှုန်း/စျေးကွက်

     ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက် များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချဥ်ပေါင်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ဈေးတွင် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရရှိသည်။

      ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများသော အရွက်တစ်မျိုးဖြစ်သော်လည်း မိုးရာသီတွင်သာ ပေါများလှပါကြောင်း ချဉ်ပေါင်ရွက်ကို အိမ်ရှင်မများအနေဖြင့် နေ့စဉ် အရန်ဟင်းအရည်သောက် အဖြစ်ချက်ပြုတ်စားသောက်ပါကြောင်းနှင့် သိရှိရပြီးထားဝယ်မြို့၊စည်ပင်ဈေးနှင့်ကမ်းနားဈေးများ တွင်ဖြစ်ပေါ်နေသောချဉ်ပေါင်ရွက်ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်တစ်စီးလျှင်(၅၀၀)ကျပ်ဖြင့် ‌အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့အတွင်းရှိ ငါးပုတ်သင်ဈေးကွက်အခြေအနေ

      တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်းဒေသဖြစ်သည့် အတွက်ရေလုပ်ငန်းလုပ်ကိုင် သူပေါများပြီး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။  ကမ်းနီးကမ်းဝေးငါးဖမ်း လုပ်ငန်းများကို တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေများဖြင့်လည်းကောင်း၊၊ ငါးဖမ်းစက်လှေကြီးများဖြင့်လည်းကောင်း  ဖမ်းယူကြပြီး ဖမ်းယူရရှိသောငါးများကို ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျဈေးနှင့် ရပ်ကွက်ဈေးများ၊ ငါးဒိုင်များ၊  ကုမ္ပဏီများသို့လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

          ယနေ့ဈေးကွက်အခြေအနေအရ ငါးပုတ်သင် တစ်ပိဿာလျှင်(၄၅၀၀)မှ (၆၅၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ ပန်းဂေါ်ဖီစျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိသားစုများသည် မိမိတို့၏ခြံမြေများတွင် တစ်နိုင် တစ်ပိုင်စီးပွားရေးလုပ်ငန်းများအား ပြုလုပ်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြုလုပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိရာ အခြားဒေသများမှ မော်‌တော်ကားများဖြင့် အလုံး အရင်း ဝင်ရောက်လာသော ကုန်စည်များလည်းရှိသည်။ ဝင်ရောက်လာသော ကုန်စည်များအနက် ဂေါ်ဖီထုပ်နှင့်ပန်း‌ဂေါ်ဖီများသည် အများအပြားဝင်ရောက်လာသော ကုန်စည်များဖြစ်သည်။

          ပန်းဂေါ်ဖီများကို ထားဝယ်မြို့ ကမ်းနားပျံကျစျေးများ၊ ညနေစျေးများနှင့် အခြားရပ်ကွက် စျေးများတွင် ရောင်းချကြပြီး တစ်လုံးလျှင် (၀၀၀) ကျပ်အထိ စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ ဂေါ်ဖီထုပ်စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိသားစုများသည် မိမိတို့၏ခြံမြေများတွင် တစ်နိုင် တစ်ပိုင်စီးပွားရေးလုပ်ငန်းများအား ပြုလုပ်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြုလုပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိရာ အခြားဒေသများမှ မော်‌တော်ကားများဖြင့် အလုံးအရင်း ဝင်ရောက်လာသော ကုန်စည်များလည်းရှိသည်။ ယင်းကုန်စည်များအနက် ဂေါ်ဖီထုပ်သည်များသည် အများအပြားပါဝင်သည်။

          ၎င်းဂေါ်ဖီထုပ်များကို ထားဝယ်မြို့ ကမ်းနားပျံကျစျေးများ၊ ညနေစျေးများနှင့် အခြားရပ်ကွက် စျေးများတွင် ရောင်းချကြပြီး တစ်လုံးလျှင် (၃၀၀၀) ကျပ်အထိ စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ ပဲတောင့်ရှည်စျေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် တောင်ကုန်းတောင်တန်းများပေါများသည့် တိုင်းဒေသကြီးဖြစ်သဖြင့် တောင်ယာစိုက်ခင်းလုပ်ငန်းများနှင့် မိမိတို့၏ ခြံမြေများတွင် တစ်နိုင်တစ်ပိုင်လုပ်ငန်းများလုပ်ကိုင်ကြပြီး စီးပွားရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြပါသည်။ စီးပွားးဖြစ်လုပ်ကိုင်ကြသောလုပ်ငန်းများအနက် ပဲတောင့်ရှည်သီးများစိုက်ပျိုးရောင်းချခြင်း လုပ်ငန်းများအား တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသည်။

          ယင်းသို့ ရောင်းချကြသော ပဲတောင့်ရှည်သီးများအား ထားဝယ်မြို့ရှိ စျေးများနှင့် ညနေစျေးများတွင် ရောင်းချကြပြီး စျေးနှုန်းများမှ အစီးကြီးတစ်စီးလျှင် (၃၅၀၀)ကျပ်နှင့် အစည်းငယ် တစ်စီးလျှင် (၆၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း