ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကန်စွန်းဥဈေးနှုန်းဈေးကွက်”

           လူတို့သည်ကျန်းမာရေးနှင့်ညီညွတ်မျှတပြီး အဟာရဓာတ်များပါဝင်သော သီးနှံများကိုလည်း ရွေးချယ်စားသုံးလျက်ရှိကြောင်း ၊ ၄င်းသီးနှံများမှ ကျန်းမာရေးနှင့်ညီမျှပြီး အဟာရလည်းဖြစ်သော ကန်စွန်းဥများကို လူများကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိပါသည် ။ ကျောက်ဆည်မြို့ရှိ ဈေးကွက်အတွင်းသို့ ကန်စွန်းဥများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဝင်ရောက်သော ကန်စွန်းဥမျိုး များမှာ ရွှေဝါ နှင့် ငချိပ် မျိုးများဖြစ်ကြောင်း၊ ကန်စွန်းဥကို ပြုတ်စား၍သော်လည်းကောင်း၊ မီးဖုတ်စား၍သော်လည်းကောင်း၊ ပေါင်းစား၍သော်လည်းကောင်း၊ ယိုထိုးစား၍သော်လည်းကောင်း၊ မုန့်မျိုးစုံ ပြုလုပ်ရာမှာလည်း ပါဝင်ပစ္စည်းအဖြစ်လည်း အသုံးပြုကြကြောင်း ၊ ကန်စွန်းဥ စားသုံး ခြင်းဖြင့် အမြင်အာရုံကောင်းမွန်စေခြင်း ၊ သွေးဖိအားကို ထိန်းညှိပေးခြင်း ၊ အစာခြေဖျက်ရန် ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း ၊ ဗီတာမင်အေ ချို့တဲ့မှုကို ကာကွယ် ပေးခြင်း ၊ မှတ်ဉာဏ်ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိပါသည် ။ ကန်စွန်းဥသည် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သောအဆာပြေအစားအစာတစ်ခုဖြစ်ကြောင်း၊ကန်စွန်းဥဈေးနှုန်းအနေဖြင့်ကန်စွန်းဥရွှေဝါ(၁)ပိဿာလျှင် (၁၅၀၀-၂၀၀၀ )ကျပ် ၊ ကန်စွန်းဥ ငချိပ် (၁)ပိဿာလျှင်(၂၀၀၀-၂၅၀၀) ကျပ်ဈေးနှုန်းများဖြင့် စျေးကွက်အတွင်းရောင်းဝယ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)       

 

မုံရွာမြို့တွင် ရောင်းချနေသော ( မုန့်တီ၊ မုန့်ဟင်းခါး  ) မုန့်ဖက်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးတွင်  (မုန့်တီ၊မုန့်ဟင်းခါး) မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ်လည်ကောင်း တစ်နိုင်တစ်ပိုင်ဖြင့်လည်ကောင်း လုပ်ကိုင်လျက်ရှိပါသည်။ (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်များကို မုံရွာမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါးရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

         ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်းတွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်ဈေးနှုန်းများမှာ (၁)ပိဿာ လျှင် (၃၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၉၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၉၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင် ‌ရောင်းချလျက်ရှိသော ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

        နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက်ဈေးတို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-) ကျပ်မှ (၁၂)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး(အသေး) (၁)လုံး လျှင် (၄၀၀)ကျပ်နှင့် (အကြီး)(၁)လုံးလျှင်(၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ရှောက်ချိုသီးနှင့် သလဲသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ‌ရှောက်ချိုသီးနှင့် သလဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ချိုသီးများကို ကျောက်မဲနှင့် သီပေါနယ်များမှ ဝင်ရောက်လျက်ရှိပြီး သလဲသီးများကို မုံရွာမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ရှောက်ချိုသီးဈေးနှုန်းများမှာ ရှောက်ချိုသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ်ဖြင့်လည်းကောင်း၊ သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၄၀၀) ကျပ်၊ အသေး (၁)လုံး လျှင်(၇၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင် ရောင်းချနေသော ဖက်ဖယ်ရွက်၊  ဆူးပုတ်ကြီးရွက်နှင့် ကင်းပွန်းချဉ်ရွက် ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက် အသီးအရွက်များဖြစ်သည့်   ဖက်ဖယ်ရွက်၊ ဆူးပုတ်ကြီးရွက်နှင့် ကင်ပွန်းချဉ်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ဖက်ဖယ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၃၀၀)ကျပ်မှ (၅၀၀)ကျပ်၊ ဆူးပုတ်ကြီးရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၃၅၀)ကျပ်၊(၂)စည်းလျှင် (၇၀၀)ကျပ်နှင့်  ကင်းပွန်းချဉ်ရွက်ဈေးနှုန်းမှာတစ်စည်း လျှင် (၂၅၀)ကျပ်မှ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးတွင်ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်းဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်တွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ငရုတ်သီး၊ ကြက်ဟင်းခါး၊ ဘူးသီး၊ ပဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ကန်စွန်းရွက်နှင့် ချဥ်ပေါင်ရွက် စသည့်သီးနှံများ စိုက်ပျိုးကြပါသည်။ စာဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးစိမ်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မုံရွာမြို့၊ ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ငရုပ်သီးစိမ်း (၂၅)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ ငရုပ်သီးစိမ်း (၁)ပိဿာလျှင်  (၅၀၀၀)ကျပ် ဖြင့်  ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ  စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၆၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၈၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၈၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင်ရောင်းချနေသော မန်ကျည်းရွက်နှင့် ကုလားပဲရွက်ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့် မန်ကျည်းရွက်နှင့်ကုလားပဲရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်  မြသလ္လာဈေးတွင် ဖြစ်ပေါ်နေသော  မန်းကျည်းရွက်ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၄၀၀)ကျပ်မှ (၆၀၀)ကျပ်ထိရောင်းချလျက်ရှိပြီး ကုလားပဲရွက်ဈေးနှုန်းမှ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၈၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင် ရောင်းချနေသော ကန်စွန်းဥဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ 

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၃၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၆၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

     ဘူးသီးပင်သည် မြန်မာနိုင်ငံအပူပိုင်းနှင့် သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီးများအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၂၀၀-၁၇၀၀-၂၆၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၆၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအားကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း