အရောင်းသွက်သည့်မန္တလေးကျောက်ဖရုံသီးစျေးကွက်

Powered by Drupal

             စျေးကွက်အတွင်းသို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်ကျောက်ဖရုံသီးများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့်စျေးနှုန်းများမှာကျောက်ဖရုံသီးတစ်လုံးလျှင်အလုံး(ကြီး)   ၃၅၀၀ ကျပ်နှင့် ၅၀၀၀ကျပ်၊  အလုံး(လတ်)  ၂၅၀၀ ကျပ် နှင့် ၃၀၀၀ ကျပ်၊ အလုံး (သေး) ၁၈၀၀ ကျပ်နှင့်၂၀၀၀ ကျပ်စျေး၊ ကျောက်ဖရုံသီးအားလေးစိတ်ထိုး၍  တစ်စိတ်လျှင် ၅၀၀ ကျပ်နှင့် ၇၀၀ ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ ကျောက်ဖရုံသီးမှာယိုလုပ်ငန်းလုပ်ကိုင်သူများမှဝယ်ယူမှုများပြားသည့်အတွက်အရောင်းသွက်လျက်ရှိကြောင်း သီရိမာလာ စျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA  (မန္တလေး)