ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့၏ ပန်းဂေါ်ဖီစျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိသားစုများသည် မိမိတို့၏ခြံမြေများတွင် တစ်နိုင် တစ်ပိုင်စီးပွားရေးလုပ်ငန်းများအား ပြုလုပ်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြုလုပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိရာ အခြားဒေသများမှ မော်‌တော်ကားများဖြင့် အလုံး အရင်း ဝင်ရောက်လာသော ကုန်စည်များလည်းရှိသည်။ ဝင်ရောက်လာသော ကုန်စည်များအနက် ဂေါ်ဖီထုပ်နှင့်ပန်း‌ဂေါ်ဖီများသည် အများအပြားဝင်ရောက်လာသော ကုန်စည်များဖြစ်သည်။

          ပန်းဂေါ်ဖီများကို ထားဝယ်မြို့ ကမ်းနားပျံကျစျေးများ၊ ညနေစျေးများနှင့် အခြားရပ်ကွက် စျေးများတွင် ရောင်းချကြပြီး တစ်လုံးလျှင် (၀၀၀) ကျပ်အထိ စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ ဂေါ်ဖီထုပ်စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိသားစုများသည် မိမိတို့၏ခြံမြေများတွင် တစ်နိုင် တစ်ပိုင်စီးပွားရေးလုပ်ငန်းများအား ပြုလုပ်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြုလုပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိရာ အခြားဒေသများမှ မော်‌တော်ကားများဖြင့် အလုံးအရင်း ဝင်ရောက်လာသော ကုန်စည်များလည်းရှိသည်။ ယင်းကုန်စည်များအနက် ဂေါ်ဖီထုပ်သည်များသည် အများအပြားပါဝင်သည်။

          ၎င်းဂေါ်ဖီထုပ်များကို ထားဝယ်မြို့ ကမ်းနားပျံကျစျေးများ၊ ညနေစျေးများနှင့် အခြားရပ်ကွက် စျေးများတွင် ရောင်းချကြပြီး တစ်လုံးလျှင် (၃၀၀၀) ကျပ်အထိ စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ ပဲတောင့်ရှည်စျေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် တောင်ကုန်းတောင်တန်းများပေါများသည့် တိုင်းဒေသကြီးဖြစ်သဖြင့် တောင်ယာစိုက်ခင်းလုပ်ငန်းများနှင့် မိမိတို့၏ ခြံမြေများတွင် တစ်နိုင်တစ်ပိုင်လုပ်ငန်းများလုပ်ကိုင်ကြပြီး စီးပွားရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြပါသည်။ စီးပွားးဖြစ်လုပ်ကိုင်ကြသောလုပ်ငန်းများအနက် ပဲတောင့်ရှည်သီးများစိုက်ပျိုးရောင်းချခြင်း လုပ်ငန်းများအား တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသည်။

          ယင်းသို့ ရောင်းချကြသော ပဲတောင့်ရှည်သီးများအား ထားဝယ်မြို့ရှိ စျေးများနှင့် ညနေစျေးများတွင် ရောင်းချကြပြီး စျေးနှုန်းများမှ အစီးကြီးတစ်စီးလျှင် (၃၅၀၀)ကျပ်နှင့် အစည်းငယ် တစ်စီးလျှင် (၆၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ကြက်ဥဈေးနှုန်း

       တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြပြီး ဥစားကြက်၊ အသားတိုးကြက် မွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။

      ထားဝယ်မြို့ပေါ်ရှိ ကြက်ဥအကြီး တစ်လုံးလျှင် (၄၅၀ ကျပ်မှ ၅၀၀(နှင့် ဥငယ်တစ်လုံးလျှင် (၃၅၀ ကျပ်မှ ၄၀၀)ကျပ်ထိ ရရှိကြောင်း ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ကြက်ဥ အရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ငါန်းဇွန်မြို့နယ်၏ အောက်တိုဘာလ နောက်ဆုံးပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

          ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၉၅)ကျပ်၊ 95 Octance(၂၉၉၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၄၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၇၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

         စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃၁-၁၀-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance(၂၈၁၅)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၅၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင် အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၃၅)ကျပ်၊ 95 Octanceတွင် (၄၀)ကျပ်၊ ရိုးရိုးဒီဇယ် တွင်(၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၀)ကျပ်တို့ အသီးသီးဈေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရ သည်။

DOCA (မန္တလေး)

မြိတ်မြို့ပေါ်ရှိ ပျားလိမ္မော်ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် သစ်သီးဝလံများကို စိုက်ပျိုးလျက်ရှိပြီး ဒေသ တွင်းစားသုံးရန်နှင့် အခြားဒေသများသို့တင်ပို့ရောင်းချရန် ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်း စိုက်ပျိုးသီးနှံများမှ ပျားလိမ္မော်သည် မြိတ်ခရိုင်တွင် စိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက် ရန်ကုန်နှင့် တောင်ကြီးမြို့တို့မှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။  ပျားလိမ္မော် အလုံးငယ်၍ အရသာကောင်း သောကြောင့် လူကြိုက်များ လျက်ရှိကြောင်း သိရှိရပါသည်။

     တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ သစ်သီးအရောင်းဆိုင်များ၌ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့တွင် ရောင်းချနေသောစျေးနှုန်းအရ ‌ ပျားလိမ္မော် (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ သခွားသီးဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဒေသထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် စိုက် ပျိုးသီးနှံများကို တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိပါသည်။ သခွားသီးသည်အများအားဖြင့် တနင်္သာရီ မြို့မှ ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိသည်။ ယခုဆောင်းဦး အစတွင် လတ်ဆတ်သော စားဖိုဆောင်သီးနှံများ အများအပြားရောင်းချလျက်ရှိရာမှ သခွားသီးသည်လည်း အရောင်းသွက်သောသီးနှံတစ်ခုဖြစ်ပါသည်။

      မြိတ်မြို့ပေါ်ရှိစျေးများတွင် သခွားသီးဈေးနှုန်းစုံစမ်းချက်အရ အောက်တိုဘာလတွင် အကြီး တစ်လုံး (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာမှ ယခုနိုဝင်ဘာလ ပထမပတ်တွင် အကြီးတစ်လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိသည့်အတွက် ကျပ် (၅၀၀)ခန့် ဈေးနှုန်း ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

ကျောက်ပန်းတောင်းမြို့နယ်၏ အောက်တိုဘာလ နောက်ဆုံးပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

        ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၅၀)ကျပ်၊ 95 Octance(၂၉၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၀၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၃၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

        စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃၁-၁၀-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance(၂၈၁၅)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၅၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၀)ကျပ်ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင် အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၃၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ် တွင် (၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၀)ကျပ်တို့ အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရ သည်။

DOCA (မန္တလေး)

ရေထွက်ကုန် ပုဇွန်ခြောက်စျေးနှုန်း စျေးကွက်

     မြိတ်ခရိုင်သည် ပင်လယ်ရေပတ်လည်ဖြင့်ဝန်ရံလျက်ရှိပြီး ရေထွက်ကုန်ပစ္စည်းများ အဓိက ထွက်ရှိသော ဒေသတစ်ခုဖြစ်သည်။ ‌ရေထွက်ကုန်များထဲမှ ပုဇွန်ခြောက်သည် စျေးကောင်းရလျက် ရှိပြီး ဒေသထွက်လက်ဆောင်ပစ္စည်းအဖြစ် ထင်ရှိလျက်ရှိပါသည်။ ပုဇွန်ခြောက်ပြုလုပ်ရာတွင် ပုဇွန် များကို သန့်ရှင်း၍အပူဖြင့် ခြောက်သွေ့စေခြင်းဖြင့် ရရှိသော ထုတ်ကုန်ဖြစ်ပြီး အစားအသောက် အတွက်သာမက စီးပွားရေးအတွက်လည်း အရေးကြီးသော ကုန်ပစ္စည်းတစ်မျိုး ဖြစ်သည်။

     မြိတ်ခရိုင်တွင် ပုဇွန်ခြောက်ထုတ်လုပ်မှုသည် ရိုးရာနည်းဖြင့် အများအားဖြင့် လုပ်ဆောင် ကြပြီး အရည်အသွေးနှင့် အရသာကို ပိုမိုကောင်းမွန်လျက်ရှိသည်။ မြိတ်ခရိုင်တွင် ပုဇွန်ခြောက်သည် မိသားစုစီးပွားရေး၊ ဒေသခံ ငါးဖမ်းသမားများ၏ အဓိကဝင်ငွေတစ်ရပ်အဖြစ်လည်း အရေးကြီးပြီး၊ ဒေသအတွင်း စားသောက်ကုန်များတွင် ထည့်သွင်းအသုံးပြုမှုများပြားသည်။ မြိတ်ခရိုင်တွင် ပုဇွန် ခြောက် တစ်ပိဿာလျှင်(၁၂၅၀၀၀) ကျပ်နှင့် (၄၀) ကျပ်သား လျှင် (၄၁၃၀၀)ကျပ်ဖြင့်ရောင်းချ လျက်ရှိပြီး ရန်ကုန်နှင့် အခြားဒေသများသို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊ မြိတ်ဒေသထွက် ငပိစျေးနှုန်းစျေးကွက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည့်အပြင် သဘာဝပင်လယ်နှင့် တောင်တန်းများဖြင့် ဝန်းရံလျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငပိထုတ်လုပ်မှုတို့ဖြင့် နာမည်ကျော်နေသောဒေသတစ်ခုဖြစ်သည်။ မြိတ်ခရိုင်အတွင်းရှိ ငပိလုပ်ငန်းသည် ဒေသခံများ၏ အသက်မွေးမှုများထဲမှ အရင်းအမြစ်တစ်ခုဖြစ်ပြီး မိမိတို့ဖမ်းသည့် ဂွေး (ပုဇွန် ငယ်)များကို သဘာဝနည်းလမ်းဖြင့် သန့်ရှင်းစွာအသုံးပြုပြီး ငပိထုတ်ကုန် စီးပွားရေးအဖြစ် ထုတ်လုပ်ရာတွင် ထင်ရှားပါသည်။ မြိတ်ဒေသ၏ ငပိများမှာ သန့်ရှင်းမှုကောင်း၊ အရသာအထူးရှိသဖြင့် ပြည်တွင်းဈေးကွက်နေရာ အနံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ငပိလုပ်ငန်းသည် မြန်မာ့ရိုးရာ အစားအစာ တစ်ခုအဖြစ်သာမက ဒေသခံအဖွဲ့အစည်းများ၏ လူမှုယဉ်ကျေးမှုဘဝ ဆက်နွယ်နေသော အရေးပါသောလုပ်ငန်းတစ်ရပ် ဖြစ်သည်။ ငပိအမျိုးအစားပေါ်မူတည်၍ စျေးနှုန်းကွဲပြားလျက်ရှိကြောင်း သိရှိ ရပါသည်။ မြိတ်ခရိုင်တွင် နိုဝင်ဘာလအတွင်း ငပိတစ်ပိဿာစျေးနှုန်းမှာ ၁၀၀၀၀ ကျပ်၊ ပသျူးငပိ (မျှင် ငပိ) တစ်ပိဿာစျေးနှုန်းမှာ ၁၁၀၀၀ ကျပ် ဖြစ်ပြီး အကောင်းစား ပသျူးငပိ (မျှင်ငပိ) တစ်ပိဿာ စျေးနှုန်းမှာ စျေးနှုန်းမှာ ၁၅၀၀၀ကျပ်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း