ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သရက်မြို့၏ အုန်းသီး၊ ငှက်ပျောသီး ဈေးနှုန်းအခြေအနေ

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ပေါ်ရှိ အုန်းသီး၊ ငှက်ပျောသီးဆိုင်များသို့ မြို့နယ်အတွင်းရှိ ထီးရိုး၊ ရွှေပန်းကိုင်းကျေးရွာနှင့် မင်းတုန်းမြို့နယ်ရှိ ယော၊ သမ္ဗူလ၊ မြို့ဟောင်း၊ အလယ်ချောင်းကျေးရွာ၊ ကံမမြို့နယ်ရှိ ဆုံကုန်၊ ခြောက်ထောင့်ကျေးရွာများမှ ထွက်ရှိသည့် ဖီးကြမ်း ငှက်ပျော၊ ရခိုင်ငှက်ပျောသီးများနှင့် ရန်ကုန်မြို့မှ အုန်သီးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ဈေးနှုန်းအနေဖြင့် ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၂၅၀၀ -၃၀၀၀)၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ အုန်းသီးတစ်လုံးလျှင် ကျပ်(၆၀၀၀- ၆၅၀၀)၊ အုန်းသီးအခွံချွတ်တစ်လုံးလျှင် ကျပ်(၄၅၀၀-၅၀၀၀)ဖြင့် ရောင်းချကြောင်း၊ အောက်တိုဘာ လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အုန်းသီး၊ ငှက်ပျောသီး ကျပ်(၅၀၀)ဈေးနှုန်းကျဆင်း လာကြောင်း၊ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အုန်းသီးငှက်ပျောသီးရောင်းချသည့် ဈေး သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

မြင်းခြံမြို့နယ်၏ အုန်းသီးနှင့်ငှက်ပျောသီး ဈေးနှုန်းဈေးကွက်

               ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မိမိတို့ ကိုးကွယ်ယုံကြည်ရာလိုက်၍ ဘုရားပွဲ ၊ တရားပွဲ ၊ နတ်ပွဲ ၊ အလှူနှင့် မင်္ဂလာပွဲများတွင် အစဉ်အလာအရ မဖြစ်မနေသုံးစွဲနေသော ငှက်ပျောသီး ၊ အုန်းသီးဈေးကွက်သည်လည်း အနယ်နယ်အရပ်ရပ်တွင် ဈေးကွက်တစ်ခုပင် ဖြစ်တည်ရောင်း ဝယ်နေကြသည်မှာ ယနေ့ချိန်ထိပင်ဖြစ်ပါသည်။ မြင်းခြံမြို့နယ်သည် ငှက်ပျောအများစု စိုက်ပျိုးသော ဒေသတစ်ခုမဟုတ်သည့်အတွက် ငှက်ပျောအများစု စိုက်ပျိုးရာဒေသများဖြစ်သော ဟန်မြင့်မိုရ် ၊ မြစ်သား ၊ ကျောက်ဆည် ၊‌ ရွှေဘို ၊ ပုပ္ပါး ၊တောင်ငူတို့မှထွက်ရှိသော ငှက်ပျောသီးများကို မှာယူရောင်းချနေကြောင်းလေ့လာသိရှိရပါသည်။လက်တလော ကျောက်ဆည် ၊ ရွှေဘို ဖီးဂျမ်းတစ်ဖီးလျှင် ၄၀၀၀-၄၅၀၀- ကျပ် ဈေးရှိပြီး ပုပ္ပါး၊တောင်ငူ ဖီးဂျမ်း တစ်ဖီးလျှင် ၂၅၀၀-၃၀၀၀ ကျပ်ဈေးရှိပါကြောင်းနှင့် ရခိုင်ငှက်ပျော တစ်ဖီးလျှင် ၂၀၀၀-၂၅၀၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ရှိပါကြောင်း ရခိုင်ငှက်ပျောအနေဖြင့် ပုပ္ပါးသီးသည် အစေ့မပါ၍ လူကြိုက်များ တောင်ငူသီးသည် အစေ့ပါ၍ လူကြိုက်နည်းကြောင်း ဈေးနှုန်းအနေဖြင့်လည်း တစ်ဖီးလျှင် ၂၀၀-၃၀၀ ကွာခြားမှုရှိကြောင်းသိရသည်။ဈေးနှုန်းအနေဖြင့်တော့ပုံမှန်ဈေးတန်းတွင်သာရှိပါကြောင်း၊စားဖီးအနေဖြင့်ကျောက်ဆည်ရွှေသိမ်တော်သာသနာပွဲကျဖီးကျမ်း ၁ ဖီးလျှင် ၁၀၀၀ -၁၃၀၀- ၁၈၀၀ ဈေးတို့ဖြင့် ရောင်းချရပါကြောင်း၊အုန်းသီးကိုတော့ တောင်ငူ၊ ရန်ကုန်တို့မှ မှာယူရောင်းချရာ တောင်ငူ ဆွဲပွဲအုန်းသီး (၁) လုံးလျှင် ၄၇၀၀-၅၀၀၀ ကျပ်နှင့် ရန်ကုန်ဆွဲပွဲအုန်းသီး (၁)လုံးလျှင်၅၈၀၀-၆၀၀၀ကျပ်တို့ဖြင့်ရောင်းချပြီးအခွံခွာပြီးအုန်းသီးကိုတော့း ၄၀၀၀-၄၅၀၀ကျပ်ရောင်းချကြောင်းအုန်း၊ ငှက်ပျောရောင်းချသူလုပ်ငန်းရှင်တစ်ဦး၏ပြောကြားမှု အရသိရပါသည်။

DOCA (မန္တလေး)

 

                                                                            

အထက်မင်းလှမြို့၌ ကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်းမြင့်တက်လျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

            မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့် ရှိပြီး ကွမ်းစိမ်းနှင့် ကွမ်းရွက်ဝါ()မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြကြောင်းသိရသည်။ ကွမ်းရွက် ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ()ပိဿာလျှင် ကွမ်းရွက် အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၁၅၀၀၀ - ၁၇၀၀၀ -၁၀၀၀)၊ ကွမ်းသီးခြမ်း()ပိဿာလျှင် ကျပ်(၂၉၀၀၀)၊ ကွမ်းသီးစိပ်()ပိဿာလျှင် ကျပ် (၃၀၀၀၀)၊ ကွမ်းစားထုံး()လီတာ()ဘူးလျှင် ကျပ်(၂၀၀၀)၊ ကွမ်းစားနှပ်ဆေး()ထုပ် လျှင် ကျပ်(၀၀)၊ ဗမာဆေး()ထုပ်လျှင် ကျပ်(၀၀)စသည့် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

            အရောင်းအဝယ်အနေဖြင့် ()ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချ ရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ()ပိဿာမှ ()ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင်‌အောက်တိုဘာလ (ဒုတိယပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်ကျပ်(၈၀၀၀-၉၀၀၀)၊ ကွမ်းသီးခြမ်း ကျပ်(၁၀၀၀)၊ ကွမ်းသီးစိပ် ကျပ်(၂၀၀၀) ဈေးနှုန်းမြင့်တက်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ယခုအချိန်သည် ကွမ်းစိုက်ပျိုးထွက်ရှိရာဒေသများရှိ ကွမ်းခြံများ၌ ကွမ်းအထွက်နှုန်းများ လျော့နည်း လျက်ရှိသည့်အပြင် သယ်ယူစရိတ်မှာလည်း မြင့်မားလာသောကြောင့် ကွမ်းရွက်နှင့် ကွမ်းသီး ဈေးနှုန်း မှာ မြင့်တက်လာခြင်းဖြစ်ကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချ သည့် ကွမ်းဆိုင် ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဖြစ်ပေါ်နေသော သစ်သီးဈေးနှုန်းအခြေအနေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းသီး၊ ထောပတ်သီး၊ ဖရဲသီးနှင့် စပျစ်သီးတို့ကို မကွေးမြို့၊ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ဇေယျာသီရိဈေးအတွင်းဖြစ်ပေါ်နေသော သစ်သီး ဈေးနှုန်းများမှာ ပန်းသီး()လုံးလျှင် (အလုံး၊ အကြီး၊ အသေး)အလိုက် ကျပ်(၂၅၀၀-၅၅၀၀) ထောပတ်သီး()လုံးလျှင် ကျပ်(၁၅၀၀-၂၀၀၀) ဖရဲသီး()လုံးလျှင် ကျပ်(၇၀၀၀) စပျစ်သီး (အလုံးကြီး မျိုး) ()ပိဿာလျှင် ကျပ်(၄၅၀၀၀)ဈေးဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။ ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းသီး ကျပ်(၅၀၀)နှင့် စပျစ်သီး ကျပ်(၂၀၀၀)ဈေးနှုန်း မြှင့်တက်လာကြောင်း၊ ဖရဲသီးဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း၊ ထောပတ်သီး မှာ ယခုတစ်ပတ်မှ စတင်၍ ဇေယျာသီရိဈေးအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ပန်းသီးနှင့် စပျစ်သီးကို မန္တလေး မြို့မှ အဓိကမှာယူရောင်းချသည့်အတွက် ယခုအချိန်တွင် သယ်ယူစရိတ် အနည်းငယ်မြင့်မားလာသည့် အတွက် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ မင်းလှမြို့နယ်အတွင်း၌ အလှူပွဲကာလဖြစ်သည့် အတွက် သစ်သီးဈေးကောင်းသော်လည်း အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ထားဝယ်မြို့ရှိ မက်မန်းသီး စျေးနှုန်း/စျေးကွက်

    မက်မန်းသီးကို စိုက်ပျိုးထွက်ရှိရာ ရှမ်းပြည်နယ်မှတစ်ဆင့် ရန်ကုန်ဈေးကွက် သို့ရောက်ရှိ လာပြီး ရန်ကုန်စျေးကွက်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ထားဝယ်မြို့သို့ ရောက်ရှိလာပါ သည်။ ထားဝယ်မြို့အတွင်းရှိ စည်ပင်သာယာစျေးနှင့် ကမ်းနားဈေး သစ်သီးအရောင်းဆိုင်များ တွင် မက်မန်းသီးအသေး တစ်ကီလိုလျှင်(၁၀၀၀၀)ကျပ်ဈေးရှိပြီး အကြီးတစ်ကီလိုလျှင် (၁၂၀၀၀) ကျပ် ကျပ်ဈေး အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျောက်ဖရုံညွှန့် ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပတ်ဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများသည် မိမိတို့ နေအိမ်ခြံဝင်းနှင့်လယ်ယာများတွင်ဟင်သီးဟင်းရွက်များ၊ သစ်သီးများစိုက်ပျိုးထားလျက်ရှိရာ ကျောက်ဖရုံပင်များကိုလည်းစိုက်ပျိုးထားကျပါသည်။ ကျောက်ဖရုံပင်များကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေ များတွင်ပိုမိုဖြစ်ထွန်းသည်။ ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကိုလည်းခံနိုင် ရည်ရှိပါသည်။

              ကျောက်ဖရုံပင်အသီးဆွတ်ခူးချိန်တွင် ကျောက်ဖရုံညွှန်များကိုလည်ဆွတ်ခူးနိုင်သည်။ ဆွတ်ခူးပြီးသော ကျောက်ဖရုံညွှန်များကို ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် ရက်ကွက် ဈေးငယ်များတွင်လာရောက် ရောင်းချကြပါသည်။ ကျောက်ဖရုံညွှန့်(၁)စည်းလျှင် (၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချကြရာ ပြည်သူများတွက် ချေကိုက်လျက်ရှိကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ အစေ့လွတ်ပန်းမာလကာသီးဈေးနှုန်း

        နေရာအနှံ့အပြားမှ တင်သွင်းလာပြီး ကုန်စိမ်း၊ ကုန်ခြောက်များကို မြိတ်မြို့ပေါ်ရှိ ဈေးပေါ် တွင်အများအပြားရောင်းချလျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများ၊ အသားငါးများ၊ ဘုရားပန်းများ စည်ကားစွာရောင်းချနေသော မြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ ထိုသို့ ရောင်းချရာတွင် ရှမ်းပြည် နယ်မှ တင်သွင်းလာသော အစေ့လွတ် ပန်းမာလကာသီး သည်လည်း အရောင်းသွက်လျက်ရှိပါသည်။ အနံ့မွှေး၍ အရသာကောင်းမွန်သော အသီးတစ်မျိုးဖြစ်သည်။ အစေ့လွတ်သောကြောင့် လူကြီး လူငယ်မရွေး ကြိုက်နှစ်သက် ကြပြီးအချဉ်ပေါင်း၊ အသုပ်များ၊ ဖျော်ရည်များတွင် ထည့်သွင်းအသုံးပြု ရောင်းချကြပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ပန်းမာလကာသီး ၁ kg လျှင် (၆၅၀၀) ကျပ်ဖြင့် ရောင်းချ၍ တစ်လုံးလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပ်သည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ အောင်မင်္ဂလာဈေးပေါ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသော စားဖို ဆောင်သီးနှံများနှင့် ဒေသတွင်းထွက်ရှိသောစိုက်ပျိုးသီးနှံများကို ရောင်းချလျက်ရှိပါသည်။ ကျန်းမာ ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း အကျိုးဖြစ်ထွန်းစေသောကြောင့် စားဖိုဆောင်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလာကြပါသည်။ ရေလုပ်ငန်းများ သာမက ဥယျာဉ်ခြံလုပ်ငန်းများလည်း လုပ်ကိုင်ကြသော ဒေသတစ်ခုပင် ဖြစ်ပါသည်။

      ကုန်စုံများရောင်းချလျက်ရှိသော မြိတ်မြို့ပေါ်ရှိ အောင်မင်္ဂလာဈေးပေါ်တွင် နိုဝင်ဘာလ ပထမပတ်တွင် ကန်စွန်းရွက်(၁)စည်း(၇၀၀)ကျပ်၊ ပဲတောင့်ရှည်(၁)စည်း(၆၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၀)သား (၆၀၀)ကျပ်၊ အာလူး(၁၀)သား(၁၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၁)စည်း(၅၀၀)ကျပ်၊ ကင်းပွန်း ချဉ်ရွက်(၁)စည်း(၅၀၀)ကျပ်၊ မန်ကျည်းရွက်(၁)စည်း(၅၀၀)ကျပ်၊ ခရမ်းသီး(၁၀)သား (၈၀၀) ကျပ်တို့ ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့တွင်ရောင်းချနေသော ပန်းကော်ဖီစျေးနှုန်းစျေးကွက်

        မြိတ်မြို့တွင် ဒေသထွက်ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးကြသလို မြိတ်ဒေသတွင်းစားသုံးရန် အခြားနေရာ(ရန်ကုန်မြို့)များမှ ဟင်းသီးဟင်းရွက်အသီးအနှံများ မှာယူလျက်ရှိပါသည်။ ဟင်းသီးဟင်း ရွက်များထဲမှ ပန်းကော်ဖီသည် ဟင်းလျာများတွင် အတော်အသုံးများတဲ့ ဟင်းသီးဟင်းရွက်အမျိုး အစားတစ်ခုဖြစ်ပြီး မြိတ်မြို့စျေးကြီးများတွင်ဝယ်ယူရရှိနိုင်သည်။  ပန်းကော်ဖီတွင်ပါဝင်သောဗီတာ မင်ဓါတ်သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ် ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက် ကင်းစေနိုင်ပါသည်။ ပန်းကော်ဖီကို အမျိုးမျိုးသောနည်းလမ်းများဖြင့် ချက်ပြုတ်ကြလေ့ရှိပြီးပန်း ကော်ဖီကြော်၊ ဟင်းချိုများအဖြစ် အဓိကပြုလုပ်စားသုံးကြသည်။

      မြိတ်မြို့ နိုဝင်ဘာလတွင် ရောင်းချလျက်ရှိသော ပန်းကော်ဖီစျေးနှုန်းမှာ တစ်ပွင့်လျှင် ၅၀၀၀ကျပ်ခန့်ရှိပြီး တစ်ခြမ်းလျှင် ၃၀၀၀ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

‌ကွမ်းသီးစျေးနှုန်းစျေးကွက်

     မြိတ်ခရိုင်မှ ထွက်ရှိသောရေထွက်ကုန်များနှင့် ရာဘာ၊ ကွမ်းသီး၊ သီဟိုဠ်များကို တင်ပို့လျက်ရှိပြီး ‌ဒေသထွက်ကုန်များထဲမှ အရေးပါသောပို့ကုန်ဖြစ်သော ကွမ်းသီးကို ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိကြပါသည်။ ကွမ်းသီးကို မြိတ်မြို့နယ်အတွင်း  ကျေးရွာများနှင့် မြို့နယ်များတွင် စိုက်ပျိုးကြပြီး မြိတ်မြို့ရှိ ကုန်သည်များတွင် ရောင်းချကြသည်။ ကွမ်းသီးကို ကွမ်းယာများတွင် အဓိကအသုံးများကြသလို ကွမ်းသီးနုကို ကွမ်းသီးပေါင်းအဖြစ် သုံးစွဲကြသည်။

   မြိတ်မြို့တွင် နိုဝင်ဘာလ၌ ကွမ်းသီးအလုံးစျေးနှုန်းများ တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်နှင့် ကွမ်းသီးအခြမ်းစျေးနှုန်းမှာ ၁၄၀၀၀ကျပ်ရှိပြီး ကွမ်းသီးအလုံးမှည့် တစ်လုံးလျှင် ၆၀ကျပ် စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း