ဈေးဟောင်းရှိ ငရံ့ပတူရွက်၊ ကြက်တက်ရွက်၊ မြင်းခွာရွက်နှင့် ပျဉ်းတော်သိမ်းရွက်ဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်၊ မြင်းခွာရွက်နှင့် ပျဉ်းတော်သိမ်းရွက်များ  ရောင်းချလျက်ရှိကြောင်း သိရသည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀) ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀) ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ မြင်းခွာရွက် (၁)ပုံ လျှင် (၃၅၀) ကျပ် မှ (၅၀၀)ကျပ်၊ ပျဉ်းတော်သိမ်းတစ်စည်းလျှင် (၂၀၀)ကျပ်မှ (၃၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)