ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဖြစ်ပေါ်နေသော သစ်သီးဈေးနှုန်းအခြေအနေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းသီး၊ ထောပတ်သီး၊ ဖရဲသီးနှင့် စပျစ်သီးတို့ကို မကွေးမြို့၊ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ဇေယျာသီရိဈေးအတွင်းဖြစ်ပေါ်နေသော သစ်သီး ဈေးနှုန်းများမှာ ပန်းသီး()လုံးလျှင် (အလုံး၊ အကြီး၊ အသေး)အလိုက် ကျပ်(၂၅၀၀-၅၅၀၀) ထောပတ်သီး()လုံးလျှင် ကျပ်(၁၅၀၀-၂၀၀၀) ဖရဲသီး()လုံးလျှင် ကျပ်(၇၀၀၀) စပျစ်သီး (အလုံးကြီး မျိုး) ()ပိဿာလျှင် ကျပ်(၄၅၀၀၀)ဈေးဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။ ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းသီး ကျပ်(၅၀၀)နှင့် စပျစ်သီး ကျပ်(၂၀၀၀)ဈေးနှုန်း မြှင့်တက်လာကြောင်း၊ ဖရဲသီးဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း၊ ထောပတ်သီး မှာ ယခုတစ်ပတ်မှ စတင်၍ ဇေယျာသီရိဈေးအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ပန်းသီးနှင့် စပျစ်သီးကို မန္တလေး မြို့မှ အဓိကမှာယူရောင်းချသည့်အတွက် ယခုအချိန်တွင် သယ်ယူစရိတ် အနည်းငယ်မြင့်မားလာသည့် အတွက် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ မင်းလှမြို့နယ်အတွင်း၌ အလှူပွဲကာလဖြစ်သည့် အတွက် သစ်သီးဈေးကောင်းသော်လည်း အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ထားဝယ်မြို့ရှိ မက်မန်းသီး စျေးနှုန်း/စျေးကွက်

    မက်မန်းသီးကို စိုက်ပျိုးထွက်ရှိရာ ရှမ်းပြည်နယ်မှတစ်ဆင့် ရန်ကုန်ဈေးကွက် သို့ရောက်ရှိ လာပြီး ရန်ကုန်စျေးကွက်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ထားဝယ်မြို့သို့ ရောက်ရှိလာပါ သည်။ ထားဝယ်မြို့အတွင်းရှိ စည်ပင်သာယာစျေးနှင့် ကမ်းနားဈေး သစ်သီးအရောင်းဆိုင်များ တွင် မက်မန်းသီးအသေး တစ်ကီလိုလျှင်(၁၀၀၀၀)ကျပ်ဈေးရှိပြီး အကြီးတစ်ကီလိုလျှင် (၁၂၀၀၀) ကျပ် ကျပ်ဈေး အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျောက်ဖရုံညွှန့် ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပတ်ဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများသည် မိမိတို့ နေအိမ်ခြံဝင်းနှင့်လယ်ယာများတွင်ဟင်သီးဟင်းရွက်များ၊ သစ်သီးများစိုက်ပျိုးထားလျက်ရှိရာ ကျောက်ဖရုံပင်များကိုလည်းစိုက်ပျိုးထားကျပါသည်။ ကျောက်ဖရုံပင်များကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေ များတွင်ပိုမိုဖြစ်ထွန်းသည်။ ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကိုလည်းခံနိုင် ရည်ရှိပါသည်။

              ကျောက်ဖရုံပင်အသီးဆွတ်ခူးချိန်တွင် ကျောက်ဖရုံညွှန်များကိုလည်ဆွတ်ခူးနိုင်သည်။ ဆွတ်ခူးပြီးသော ကျောက်ဖရုံညွှန်များကို ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် ရက်ကွက် ဈေးငယ်များတွင်လာရောက် ရောင်းချကြပါသည်။ ကျောက်ဖရုံညွှန့်(၁)စည်းလျှင် (၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချကြရာ ပြည်သူများတွက် ချေကိုက်လျက်ရှိကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ အစေ့လွတ်ပန်းမာလကာသီးဈေးနှုန်း

        နေရာအနှံ့အပြားမှ တင်သွင်းလာပြီး ကုန်စိမ်း၊ ကုန်ခြောက်များကို မြိတ်မြို့ပေါ်ရှိ ဈေးပေါ် တွင်အများအပြားရောင်းချလျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများ၊ အသားငါးများ၊ ဘုရားပန်းများ စည်ကားစွာရောင်းချနေသော မြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ ထိုသို့ ရောင်းချရာတွင် ရှမ်းပြည် နယ်မှ တင်သွင်းလာသော အစေ့လွတ် ပန်းမာလကာသီး သည်လည်း အရောင်းသွက်လျက်ရှိပါသည်။ အနံ့မွှေး၍ အရသာကောင်းမွန်သော အသီးတစ်မျိုးဖြစ်သည်။ အစေ့လွတ်သောကြောင့် လူကြီး လူငယ်မရွေး ကြိုက်နှစ်သက် ကြပြီးအချဉ်ပေါင်း၊ အသုပ်များ၊ ဖျော်ရည်များတွင် ထည့်သွင်းအသုံးပြု ရောင်းချကြပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ပန်းမာလကာသီး ၁ kg လျှင် (၆၅၀၀) ကျပ်ဖြင့် ရောင်းချ၍ တစ်လုံးလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပ်သည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ အောင်မင်္ဂလာဈေးပေါ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသော စားဖို ဆောင်သီးနှံများနှင့် ဒေသတွင်းထွက်ရှိသောစိုက်ပျိုးသီးနှံများကို ရောင်းချလျက်ရှိပါသည်။ ကျန်းမာ ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း အကျိုးဖြစ်ထွန်းစေသောကြောင့် စားဖိုဆောင်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလာကြပါသည်။ ရေလုပ်ငန်းများ သာမက ဥယျာဉ်ခြံလုပ်ငန်းများလည်း လုပ်ကိုင်ကြသော ဒေသတစ်ခုပင် ဖြစ်ပါသည်။

      ကုန်စုံများရောင်းချလျက်ရှိသော မြိတ်မြို့ပေါ်ရှိ အောင်မင်္ဂလာဈေးပေါ်တွင် နိုဝင်ဘာလ ပထမပတ်တွင် ကန်စွန်းရွက်(၁)စည်း(၇၀၀)ကျပ်၊ ပဲတောင့်ရှည်(၁)စည်း(၆၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၀)သား (၆၀၀)ကျပ်၊ အာလူး(၁၀)သား(၁၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၁)စည်း(၅၀၀)ကျပ်၊ ကင်းပွန်း ချဉ်ရွက်(၁)စည်း(၅၀၀)ကျပ်၊ မန်ကျည်းရွက်(၁)စည်း(၅၀၀)ကျပ်၊ ခရမ်းသီး(၁၀)သား (၈၀၀) ကျပ်တို့ ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့တွင်ရောင်းချနေသော ပန်းကော်ဖီစျေးနှုန်းစျေးကွက်

        မြိတ်မြို့တွင် ဒေသထွက်ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးကြသလို မြိတ်ဒေသတွင်းစားသုံးရန် အခြားနေရာ(ရန်ကုန်မြို့)များမှ ဟင်းသီးဟင်းရွက်အသီးအနှံများ မှာယူလျက်ရှိပါသည်။ ဟင်းသီးဟင်း ရွက်များထဲမှ ပန်းကော်ဖီသည် ဟင်းလျာများတွင် အတော်အသုံးများတဲ့ ဟင်းသီးဟင်းရွက်အမျိုး အစားတစ်ခုဖြစ်ပြီး မြိတ်မြို့စျေးကြီးများတွင်ဝယ်ယူရရှိနိုင်သည်။  ပန်းကော်ဖီတွင်ပါဝင်သောဗီတာ မင်ဓါတ်သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ် ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက် ကင်းစေနိုင်ပါသည်။ ပန်းကော်ဖီကို အမျိုးမျိုးသောနည်းလမ်းများဖြင့် ချက်ပြုတ်ကြလေ့ရှိပြီးပန်း ကော်ဖီကြော်၊ ဟင်းချိုများအဖြစ် အဓိကပြုလုပ်စားသုံးကြသည်။

      မြိတ်မြို့ နိုဝင်ဘာလတွင် ရောင်းချလျက်ရှိသော ပန်းကော်ဖီစျေးနှုန်းမှာ တစ်ပွင့်လျှင် ၅၀၀၀ကျပ်ခန့်ရှိပြီး တစ်ခြမ်းလျှင် ၃၀၀၀ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

‌ကွမ်းသီးစျေးနှုန်းစျေးကွက်

     မြိတ်ခရိုင်မှ ထွက်ရှိသောရေထွက်ကုန်များနှင့် ရာဘာ၊ ကွမ်းသီး၊ သီဟိုဠ်များကို တင်ပို့လျက်ရှိပြီး ‌ဒေသထွက်ကုန်များထဲမှ အရေးပါသောပို့ကုန်ဖြစ်သော ကွမ်းသီးကို ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိကြပါသည်။ ကွမ်းသီးကို မြိတ်မြို့နယ်အတွင်း  ကျေးရွာများနှင့် မြို့နယ်များတွင် စိုက်ပျိုးကြပြီး မြိတ်မြို့ရှိ ကုန်သည်များတွင် ရောင်းချကြသည်။ ကွမ်းသီးကို ကွမ်းယာများတွင် အဓိကအသုံးများကြသလို ကွမ်းသီးနုကို ကွမ်းသီးပေါင်းအဖြစ် သုံးစွဲကြသည်။

   မြိတ်မြို့တွင် နိုဝင်ဘာလ၌ ကွမ်းသီးအလုံးစျေးနှုန်းများ တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်နှင့် ကွမ်းသီးအခြမ်းစျေးနှုန်းမှာ ၁၄၀၀၀ကျပ်ရှိပြီး ကွမ်းသီးအလုံးမှည့် တစ်လုံးလျှင် ၆၀ကျပ် စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးဈေးအနည်းငယ်ကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင်သာစသည့် ကျေးရွာများအပြင် မကွေး၊ မင်းဘူး၊ သရက်၊ တောင်တွင်းကြီးနှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး ()ပိဿာလျှင် ကျပ်(၂၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး အောက်တိုဘာလ(ပထမပတ်)တွင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခင်လများတွင် ခရမ်းချဉ်သီးမှာ ဒေသတွင်းထွက်ရှိမှု နည်းပါးသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းမြို့မှ မှာယူ ရောင်းချရပြီး ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများမှ ခရမ်းချဉ် သီးအသစ်များ ဈေးအတွင်းသို့ ဝင်ရောက်မှုများလာသည့်အတွက် ဈေးနှုန်းမှာအနည်းငယ်ကျဆင်းလာ ရခြင်းဖြစ် ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြည်မြို့၏ နေ့စဉ်ဝင်ရောက်လျက်ရှိသော ပြောင်းဖူးဈေးကွက်

   ပြည်မြို့၏ သစ်သီးဝလံရောင်းဝယ်မှုဈေးကွက်တွင် ပြောင်းဖူးဈေးကွက်သည်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ပြောင်းဖူးစိမ်းများအား ဈေးများသို့ ပြည်အနီးအနားဒေသများ ဖြစ်သော ဆင်မြီးဆွဲ၊ မှော်ဇာကျေးရွာများမှ ဝင်ရောက်ကြကြောင်းသိရှိရပါသည်။ ပြောင်းဖူးပြုတ်နှင့် ပြောင်းဖူးစိမ်းများအား စက်ဘီး၊ ဆိုင်ကယ်များဖြင့် ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချသလို လမ်းဘေးတွင် ပြောင်းဖူးဖုတ်ရောင်းချသူများလည်းရှိကြပါသည်။ မိုးကုန်ရာသီကာလဖြစ်သော ကြောင့် ပြောင်းဖူးများဈေးကွက်အတွင်း ပေါများထွက်ပေါ်ခြင်းမှာ ခုတ်တက်စနစ်စိုက်ပျိုးသော ကြောင့် ပြောင်းဖူးများ တစ်ခင်းပြီးတစ်ခင်း ထွက်ရှိသောကြောင့် ဈေးကွက်တွင် ပြောင်းဖူးသီးနှံကို ရာသီအချိန်ကာလမရွေး စားသုံးနေကြရပါသည်။ပြောင်းဖူးဈေးကွက်အနေဖြင့် တစ်ဖူးလျှင် (၅၀၀/ ၇၀၀)ကျပ်ဖြင့် ရောင်းချပြီး အရွယ်အစားအလိုက် ဈေးကွာခြားမှုများရှိကြောင်းလည်း တွေ့ရှိရ ပါသည်။

 DOCA(ပဲခူး)

ပြည်ဒေသထွက်ကတွတ်သီးဈေးကွက်

  ပြည်မြို့၊ ဒေသထွက်ကတွတ်သီးများ အထွက်နည်းနေ၍ ဈေးကွက်အတွင်း ယိုထိုးရောင်း ချသူများ ထွက်သမျှကိုစုဆောင်း၍ ဈေးကွက်တွင်ရောင်းချရန်အတွက် အဝယ်စချိန်ဖြစ်ပါသည်။ ယခင်က ကတွတ်သီးအထွက်ပေါ်ချိန်တွင် အလုံး (၁၀၀)ကို (၈၀၀) ခန့်ရောင်းချကြပြီး ယခုကတွတ်သီးများ ရောင်းချရာတွင် အလုံး (၁၀၀)ကို (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရှိရ ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း