မတ်ပဲ မျိုး‌ရောင်းချမှုနှင့် မတ်ပဲ စိုက်ပျိုးထွက်ရှိမှု ဈေးကွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ဆောင်းသီးနှံ မတ်ပဲ ၈၉၅၀၀ ကျော် စိုက်ဧက နှစ်စဉ်စိုက်ပျိုးကြောင်း၊ မိုးစပါး၊ နွေစပါးစိုက်ပျိုးကြပြီး ပဲမျိုးစုံကို ဆောင်းရာသီတွင်သာ စိုက်ပျိုးကြသည်။ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်နှင့် ဆီထွက်သီးနှံများကို အဓိကထား၍ နှစ်စဉ် စိုက်ပျိုးကြကြောင်း သိရသည်။ ပန်းတနော်မြို့နယ်တွင် မတ်ပဲမျိုးများကို တောင်သူများမှဝယ်ယူ၍ စတင်စိုက်ပျိုးနေပြီးဖြစ်ကြောင်းကို ဦးထွန်းဝေပဲပွဲရုံမှ သိရသည်။

          ပန်းတနော်မြို့နယ်တွင် မတ်ပဲမျိုးများကို ရန်ကုန်မှ မှာယူ၍ တောင်သူများထံ ပြန်လည်ရောင်းချပေးနေပြီး မတ်ပဲမျိုး ၁တင်းလျှင် ၉၀၀၀၀-၁၁၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအထိ တောင်သူများ ဝယ်ယူစိုက်ပျိုး နေကြကြောင်း၊  မတ်ပဲမျိုးများကို ၂လ ကျော်ကာလအတွင်း အိတ်အရေအတွက် ၅၀၀မှ ၈၀၀ အထိ ဦးထွန်းဝေပဲပွဲရုံမှ ရောင်းချပေးခဲ့ကြောင်းနှင့် ယနေ့ မတ်ပဲဈေးအနေဖြင့် ၁တင်းလျှင် ၈၈၅၀၀ ကျပ်ဈေးပေါက်လျက်ရှိကြောင်း မတ်ပဲများ လှိုင်လှိုင်ထွက်ပေါ်ပါက ဈေးပိုမိုကောင်းမွန်လာနိုင်ကြောင်းနှင့် ထွက်ရှိသော မတ်ပဲများကို တောင်သူများထံမှ ဝယ်ယူ၍ ရန်ကုန်သို့ နှစ်စဉ်တင်ပို့ရောင်းချကြောင်း သိရပါသည်။  

DOCA (ဧရာဝတီ)