ဓနုဖြူမြို့နယ် ပဲတီစိမ်း မျိုးရောင်းချမှုနှင့် ပဲတီစိမ်း ထွက်ရှိရောင်းဝယ်မှု အခြေအနေ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဈေးကွက်တွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလမှစ၍  ပဲတီစိမ်းမျိုးများကို ရန်ကုန်မှမှာယူပြီး တောင်သူများကို မျိုးအနေဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  ပဲတီစိမ်းသီးနှံများကို ဆောင်းရာသီတွင် တောင်သူများ စိုက်ပျိုးကြပြီး ဓနုဖြူမြို့နယ် အတွင်း ကျေးရွာများတွင် ၁၂၄၁ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စာရင်းများအရ သိရသည်။

            လက်ရှိတွင် ပဲပွဲရုံများမှ ပဲမျိုးသန့်များကိုသာ ရန်ကုန်မှ မှာယူရောင်းချနေကြပြီး မြို့နယ်အတွင်းတွင် ပဲမျိုးအသန့်မရှိသည့်အတွက်ကြောင့် ရန်ကုန်မှ Export ပဲသန့်များကို မှာယူရောင်းချရသဖြင့် အနည်းငယ် ဈေးကောင်းမွန်နေကြောင်း၊ ပဲတီစိမ်း မျိုးသန့် ယခုနှစ်မှာ အားနည်းသဖြင့် ပဲသန့်ကိုသာ စိုက်ပျိုးနိုင်ရန် ရောင်းချပေးနေရကြောင်း  ပွဲရုံပိုင်ရှင်မှ ရှင်းပြသည်။  ဒေသတွင်း စိုက်ပျိုးသော ပဲတီစိမ်းများ စတင်ထွက်ပေါ်နေသော်လည်း အနည်းငယ် သာဝယ်ယူလျက်ရှိကြောင်း၊ ရောင်းချသော ပဲတီစိမ်းသန့် ရေဆင်း၁၄ နှင့် ဝါးခယ်မ အတိုပဲတီစိမ်း  တို့ဖြစ်သည်။ တောင်သူများ ပဲတီစိမ်းကို စတင်စိုက်ပျိုးချိန်တွင် မိုးအနည်းငယ်ရွာ၍ အပင်များပျက်စီးသဖြင့် ထပ်မံ၍ မျိုးများဝယ်ယူစိုက်ပျိုးရကြောင်း မျိုးဈေးအနေဖြင့် ပဲတီစိမ်းမျိုးသန့် ရေဆင်း၁၄ အသစ် ၁တင်း လျှင် ငွေကျပ် ၁၄၀၀၀၀ကျပ် နှုန်းဖြင့်လည်းကောင်း၊ ဝါးခယ်မ အတိုမျိုးအနေဖြင့် ၃ တင်းလျှင် ၆၈၀၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချရပြီး ပဲတီစိမ်းမျိုးသန့် ရေဆင်း၁၄ မျိုးကို ရောင်းချနိုင်မှုအနေဖြင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ၁တင်းခွဲ အိတ်အရေအတွက် ၁၅၀ ခန့်နှင့် ဝါးခယ်မ အတိုမျိုးကို ၅၀၀ အိတ်နီးပါး ရောင်းချပေးခဲ့ရကြောင်း သိရသည်။ ဒေသစိုက်ပျိုးထွက်ရှိသော ပဲတီစိမ်းဈေးအနေဖြင့် ၁တင်းလျှင် ၁၁၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)