သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “မခိုင်” အမှတ်တံဆိပ် ကြက်ဥခေါက်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ..၂၀၂ ရက်နေ့တွင် “မခိုင်” အမှတ်တံဆိပ် ကြက်ဥခေါက်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အမျိုးသားဆေးဝါးဥပဒေဆိုင်ရာ(Good pharmacy practice) သင်တန်းအခမ်းအနားဖွင့်လှစ်

     စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပူးပေါင်းဖွင့်လှစ်သည့် ကောင်းမွန်သော ဆေးဝါး ရောင်းချမှု ကျင့်စဉ်နှင့်အမျိုးသားဆေးဝါးဥပဒေဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စစ်ကိုင်းမြို့ ကုတင်၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အစားအ‌သောက်နှင့် ဆေးဝါးကြိးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆေးဆိုင် (၆၀)ဆိုင်မှ ဆေးဆိုင်ပိုင်ရှင်နှင့် ဆေးဝါးရောင်းချသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ  တက်ရောက်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့်  ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အဖွင့်အမှာစကား ပြောကြားပြီး ဆက်လက်၍ အမျိုးသားဆေးဝါးဥပဒေအရ တားမြစ်ချက်များ၊  မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ကြည့်ရှုစစ်ဆေးနည်း၊ဆေးဝါးအမျိုးအစားများ(၃) မျိုးရှိပါကြောင်း၊ ၎င်းတို့မှာ (၁)ဆရာဝန် ညွှန်ကြားချက်မလိုသော ဆေးဝါးများမှာ-ဓါတ်ဆားထုပ်များ၊ အားဆေး၊ အဖျားပျောက်ဆေး၊ သာမန်အကိုက်အခဲပျောက်ဆေး စသည့်ဆေးဝါးများကို ဝယ်ယူရရှိပါကြောင်း၊(၂) ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ  သုံးစွဲရမည့် ဆေးဝါးများမှာ_ ငှက်ဖျားရောဂါ၊တီဘီ ၊ ခုခံကျရောဂါ ကုသဆေးများ၊ သွေးတိုးကျဆေးများ၊ နှလုံးရောဂါတွင် သုံးသောဆေးများ၊ ဆီးချို၊ သွေးချိုထိန်းဆေးများ၊ ထိုးဆေးများ၊ ကာကွယ်ဆေးများ၊ ရင်ကျပ်ရောဂါကုသဆေး၊ သန္ဓေတားဆေး စသည့်ဆေးဝါးများကို စနစ်တကျ ရောင်းချ ပါကြောင်း၊ (၃) ထိန်းချုပ်ဆေးဝါးများမှာ အိပ်‌ဆေးများကို စနစ်တကျ ဝယ်ယူသုံးစွဲရမည် ဖြစ်ပါကြောင်း၊ ပြည်သူများဆေးဝါးဝယ်ယူ သုံးစွဲရာတွင် သိရှိရမည့် အချက်များနှင့် ပြည်သူ တို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် စပ်ဆေးတွဲများသုံးစွဲလျှင် ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ သတင်းပေးပို့ ရမည်ဖြစ်ပြီး စသည့်အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့ နံနက် (၁၀ : ၃၀ )အချိန် တွင်လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့် ဆေးဝါးဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဆေးနှင့်ဆေး ပစ္စည်းများပြတ်လပ်ခြင်း၊ စပ်ဆေးများနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများနှင့် ဆေးဝါးဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိကြောင်း၊  ဆေးများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသောကုမ္ပဏီများထံမှ မှာယူရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဆေးဝါးမှတ်ပုံတင်ပါရှိသော ဆေးဝါးများသာဝယ်ယူရောင်းချကြရန် အသိပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

 

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(Online)သင်တန်းဖွင့်လှစ်ဆောင်ရွက်

       ၂၀၂၅ ခုနှစ်၊ဩဂုတ်လ(၁၁)ရက်နေ့၊နံနက် (၁၀:၃၀အချိန်မှစတင်၍ ညနေ(:၃၀)အချိန် ထိစားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေး(Online) သင်တန်းဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံးရှိ အရာထမ်းဝန်ထမ်း(၁)ဦး နှင့်အမှုထမ်းဝန်ထမ်း(၁၁)ဦး၊စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲ ဒေါ်ဖြိုးသော်ဆက်(ဦးစီးအရာရှိ)က Onlineဖြင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာအကြောင်း သိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပို့ ချခဲ့ပါသည်။ ဆက်လက်၍ ခေတ္တပြည်နယ် ဦးစီးမှူးက ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုပြစ်ဒဏ်များ အားလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံက မြန်မာနိုင်ငံခရီးစရိတ်နည်းဥပဒေ အကြောင်း သိကောင်းစရာများအားလည်းကောင်း ဘာသာရပ်အလိုက်   သင်ကြားပို့ချပေးခဲ့ပါသည်။

          ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(Online)သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်၍ ဌာန၏ပင်မလုပ်ငန်းဖြစ်သော စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အပံ့များရရှိကြောင်းနှင့်ဝန်ထမ်းများသိရှိလိုက်နာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ကယား)

 

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက် ”

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို လစဉ်အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် အ.မ.က ပေကုန်းကျောင်းတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စားသုံးသူအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာ ကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက တက်ရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်များဖြစ်သော ကလေးများ ဗလငါးတန်နှင့် ပြည့်ဝစေရန် စာဖတ်ကြစေလိုကြောင်း၊ နည်းပညာများတိုးတက်နေပြီဖြစ်သော  ခေတ်ကာလတွင် Phone များအသုံးပြု၍ ဂိမ်းများဆော့နေမည့်အစား အသိပညာရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှု့ခြင်းဖြင့် အသိပညာများ တိုးတက်လာမည်ဖြစ်ကြောင်း ဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ယခုလိုမိုးတွင်းကာလအချိန် တွင် ကလေးများကျန်းမာရေးကို ဂရုစိုက်ကြစေလိုကြောင်း၊ ကလေးများအသိပညာများ တိုးတက်စေရန် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရန် အစားအစာများကို ရွေးချယ် ဝယ်ယူကြစေလိုကြောင်း ကလေးများသည် စားသုံးသူအခွင့်အရေးများရှိကြောင်း စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းပေးနေပြီဖြစ်ကြောင်း ကလေးများ၏ အသက်အရွယ်နှင့်ညီသော ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဖြိုးခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နမ့်ကွတ်၌ စားသုံးသူကာကွယ်ရေးအကြောင်းအသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း( ၃ )ဦးသည် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)နမ့်ကွတ်၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း( ၂၀၀ )ဦးကို စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒုတိယဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာတွင် ကျောင်းသား/ကျောင်းသူ များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲ ခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေး ထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှု များဝယ်ယူရာ တွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှ ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT Ooredoo Atom Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိ လိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းများပါတစ်ပါတည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

ကယားပြည်နယ် ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ( ၁၂ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးမှ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့်ပတ်သက်၍ အသင်းအဖွဲ့ မရှိ သေးသဖြင့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းစေလိုပါကြောင်း လမ်းညွှန်မှု ပြုလာသဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဆီကြိတ်ခွဲ ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေအားလည်းကောင်း၊ ဈေးနှုန်း ဈေးကွက်နှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေအားလည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြ သော ဆီစက်လုပ်ငန်းရှင်များမှ ယခုလက်ရှိ ဆီစက်လုပ်ငန်းရှင်များပြန်လည်ဝင် ရောက်လည်ပတ်မှု နည်းပါးသဖြင့် လည်ပတ်နေသော ဆီစက်လုပ်ငန်းရှင်များဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီကြိတ်ခွဲထုတ်လုပ်မှုနှင့်ပတ်သက်၍ ကုန်ကြမ်းများကို လွိုင်ကော်မြို့ နယ်၊လောပိတနှင့်သတ္တဗလူကျေးရွာများတွင်အများဆုံးဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဈေးနှုန်း ဈေးကွက်များအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် လွိုင်ကော်မြို့ နယ်တွင်သာ ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား နံနက်‌(၁၁:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

ကန့်ဘလူမြို့ အမှတ်(၁)(အ.လ.က)ခွဲကျောင်းရှိ ဆရာ/မနှင့် ကျောင်းသား/သူများအား စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၁)(အ.လ.က)ခွဲကျောင်းရှိ ဆရာ/မ များနှင့် ကျောင်းသား/သူများကို အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

         တာဝန်ခံဦးမျိုးဝင်းသန်းက ဟောပြောဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာ ပေးဟောပြောဆွေနွေးခြင်း၊ Online မှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့် အချက်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ကိုမှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၊ လုပ်ငန်းရှင်များ အနေဖြင့် Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များကို ဟောပြောဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

 

“ ခရမ်းမြို့နယ်ဈေးကွက်အတွင်းဩဂုတ်လဒုတိယအပတ်တွင်ဖြစ်ပေါ်နေသောအခြေခံ စားသောက်ကုန်များ၏ဈေးနှုန်းအခြေအနေများမြေပြင်ကွင်းဆင်းစစ်ဆေး”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း၊ ဈေးပြင်ပရပ်ကွက်များရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့   ဩဂုတ်လ(၁၂) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်သောင်း သောင်းဆန်ဆိုင်၊ ဒေါ်ခင်သန်း၏ ကုန်ခြောက်ဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဒေါ်မြသန်း၊ ဒေါ်စန္ဒီလင်း၊ ဒေါ်ဥမ္မာ၊ ဒေါ်ဖြူတို့၏ ကုန်ခြောက်ဆိုင်များ၊ ဦးအောင်အောင်၏ ကြက်သားဆိုင်၊ ဒေါ်တင်တင်လှ၏ အမဲသားဆိုင်၊ ဦးကျော်မင်း၊ ဒေါ်ကေသီတို့၏ ဆိတ်သားဆိုင်၊ ဒေါ်ခင်ဟန်၊ ဒေါ်သန္တာတို့၏ ငါးမျိုးစုံဆိုင်၊ ဒေါ်ခိုင်၏ ငါးပိဆိုင်၊ ဒေါ်မေကို၏ ကြက်ဥ၊ ဘဲဥဆိုင်နှင့် ဦးကျော်လွင်၏ ဝက်သားဆိုင်တို့တွင် ရောင်းချနေသော ကုန်ပစ္စည်းဈေးနှုန်းများအား ကောက်ခံခဲ့ရာတွင် ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် သိသာစွာကွာခြားမှုမရှိဘဲ စားအုန်းဆီဈေးနှုန်း အနည်းငယ်မြင့်တက်လာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ  (အ.လ.က)ခွဲ ကျောင်း ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျောင်းဆရာ/ဆရာမများနှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍  ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့်ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ရောင်းချသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသည့်ကုန်စည်များ စသည်တို့ကို ရောင်းချ ရန် အသိပညာပေးပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စားသုံးသူ၏အခွင့်အရေး များပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ