ပြည်ခရိုင်၊ရွှေတောင်မြို့တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

   ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး က ရွှေတောင်မြို့နယ်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအား ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့တွင် မီးသတ်တပ်ဖွဲ့ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း ဆွေးနွေးခြင်း၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းစင်ရေး၊ ဆုံးရှုံးနစ်နာမှု မဖြစ်စေရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှု သက်သေအထောက်အထားများရယူခြင်း၊ ဆုံးရှုံး နစ်နာမှုဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း တိုင်ကြားရန် နည်းလမ်းများနှင့် အလွယ်တကူတိုင်ကြားနိုင်သည့် Call Center “1535” သို့ တိုင်ကြားနိုင်ကြောင်း စသည့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင် (၅၅)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)