သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျေးလက်ပြည်သူများထံ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးမှုအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၆.၁.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်အတွင်းရှိ ဘိဿလွန်အုပ်စု၊ ဘိဿလွန် ရွာ နှင့် ကရင်တောရှိ ပြည်သူများအား လစဉ်အိမ်ထောင်စုအလိုက် ဆီထုတ်ပေးသည့်အကြိမ်ရေနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချမှုများ၊ ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှု အခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ကျေးရွာရှိ အိမ်ထောင်စုအရေအတွက်အတိုင်း ပြည့်စုံစွာ ရောင်းချမှု ရှိ/မရှိတို့ကို ဆီအသင်းမှတာဝန်ရှိသူများနှင့်အတူပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA (ဧရာဝတီ)

စားအုန်းဆီခွဲတမ်းရရှိသောဆိုင်များအား မှန် ( ၆ ) မှန်ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း

                   (၂၈-၂-၂၀၂၆)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ စားအုန်းဆီခွဲတမ်းရရှိသော ဆိုင်များအနေဖြင့် ပြည်သူများအား ရောင်းချရာတွင် မှန် ( ၆ ) မှန်ဖြင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီခွဲတမ်းရရှိသော ဆိုင်များအနေဖြင့် ပြည်သူများအား ရောင်းချရာတွင် လက်ကားစာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်နှင့် အချိန်အတွယ်နှင့် အရည်အသွေးမှန်ကန်မှုများ ရှိစေရန်အတွက် စစ်ဆေးခဲ့ကြကြောင်းသိရှိရပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူအကြားအငြင်းပွာမှုမရှိစေရန် ဆီဖြန့်ဖြူးခြင်းနှင့် ဆီဝယ်ယူရန် သတ်မှတ်စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်၍ လွပ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် ကွင်းဆင်း၍ စစ်ဆေးဆောင် ရွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

  DOCA(စစ်ကိုင်း)

ဟင်္သာတမြို့နယ် ပဒေသာစျေးနှင့် ဌေးဝင်းစျေး အတွင်း မျှင်ငါးပိနှင့် ငရုတ်သီးမှုန့်များတွင် ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာဝန် ခံသည် ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍(၂၆.၁.၂၀၂၆)ရက်နေ့ နံနက် (၀၉:၃၀) နာရီ အချိန်တွင် ဟင်္သာတမြို့နယ် ပဒေသာဈေးနှင့်ဌေးဝင်းဈေးအတွင်းရှိ စားသောက်ကုန်စည်များ၊ ဓါတု ဆိုးဆေး အသုံးပြုနိုင်သော မျှင်ငါးပိ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်နှင့် ငံပြာ ရည်၊ ငါးပိတို့ကို  နမူနာကောက်ယူစစ်ဆေးခြင်းနှင့် မြေပြင်သိမ်းဆည်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် ဟင်္သာတမြိုနယ် ပဒေသာဈေးနှင့် ဌေးဝင်းဈေး အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ ၊  Date လွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဓါတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ တချို့သော ကုန်စုံဆိုင်များတွင် အများပြည်သူများ စာသုံး ရန် မသင့်သော ဓါတုဆေးပါရှိသည့် မျှင်ငါးပိနှင့် ငရုတ်သီးမှုန့်များအားတွေ့ရှိခဲ့ပြီး ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ပြန်လည်သိမ်းဆည်း    ဖျက်ဆီးဆောင် ရွက်မှုတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ့်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေး လုပ် ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်   အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည် တို့ကို အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မေဇင်ဇင် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်

     ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၇.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၅) ရပ်ကွက်ရှိ ချယ်ရီငါးရံ့ခြောက်ဖုတ် လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံက ငါးရံ့ခြောက်ဖုတ် လုပ်ငန်းထုတ်လုပ်ပုံအဆင့် ဆင့်နှင့် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံမှ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်လုပ်သော ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့်ရေးသား ဖော်ပြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ ၊ လှည်းဆိပ်ကျေးရွာရှိ “၉၉၉” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၆.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် လှည်းဆိပ်ကျေးရွာရှိ ဦးအောင်စိုး ပိုင်ဆိုင်သော “၉၉၉” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံက ဈေးကွက်မရောက်မီ ကုန်စည်ဖြစ်သော မုန့်ဖတ်များ ထုတ်လုပ်နေမှု အခြေအနေ၊ ဓာတုဆေးဝါးများ အသုံးပြုမှု မရှိစေရေး၊ တစ်နေ့ထုတ်လုပ်မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ လုပ်သားအင်အား အသုံးပြုမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်း

    ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဖြစ်သော မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်၊စိုက် ပျိူးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၂၇.၁.၂၀၂၆) ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များကို ကွင်း ဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်၊ ကုန်စည်ကို တရား ဝင်ကုမ္မဏီများမှတဆင့် ဝယ်ယူရောင်းချမှု့ရှိ/မရှိ၊ အမိုနီယမ် နိုက်ထရိတ် ပါဝင်သောဓာတ်မြေဩဇာများ ရောင်းချမှုမရှိစေရေး၊ ဘေးအန္တရာယ်ရှိသော တရားမဝင်ကုန်စည်များ ရောင်းချမှုမရှိစေရေးအ တွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များနှင့် တရားဝင်ဝယ်ယူဖြန့်ဖြူးရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပါ ကြောင်းကွင်းဆင်းစစ်ဆေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် Online Sale ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက် စားသုံးသူရေးရာ မြို့နယ်တာဝန်ခံရုံးတွင် Online Sale ရောင်းချသူ လုပ်ငန်းရှင် (၄)ဦးအား Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။

      Online Sale စနစ်ရောင်းချခြင်းဆိုသည်မှာ လူ့အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များကို Social Media ဖြစ်သော Facebook ၊ Youtube ၊ Viber တို့တွင် Online စနစ်ဖြင့်ကြေငြာ၍  စားသုံးသူပြည်သူများထံသို့ ဝန်ဆောင်မှုစနစ်ဖြင့်ရောင်းချပေးသောလုပ်ငန်းစဉ်ဖြစ်ပါသည်။ ထိုသို့ရောင်းချရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်လျှောက်ထားရောင်းဝယ်ရမည်ဖြစ်ကြောင်း၊ အသိပညာပေးခဲ့ ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ ဖြေရှင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟုသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးဦးစီးမှူးမှ အွန်လိုင်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ထားဝယ်ခရိုင် ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

               ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် (၉း၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အွန်လိုင်းလိုင်စင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ထားဝယ်ခရိုင် ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးရာတွင် ‌ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ အွန်လိုင်းလိုင်စင်လျှောက်ထား ခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်အလက်များအား ရှင်းလင်းမေးမြန်းခဲ့ရာ တိုင်းဒေသ ကြီးဦးစီးမှူးမှ လိုအပ်သည်များအား ရှင်းလင်းဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များနှင့် တာဝန်များအကြောင်းများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ခရီးသွားဝန်ဆောင်မှုကဏ္ဍအား ကွင်းဆင်းစိစစ်

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဇန်နဝါရီလ (၂၆) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် အမှတ်(၂) ရပ်ကွက် ၊(၂) လမ်းရှိ (စိုးရာဇာ) ကျိုက်လတ်-ရန်ကုန် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းသို့ ခရီးသွားဝန်ဆောင်မှုနှင့်ပက်သက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၃) ပုဒ်မ (၂၆) ၊ ပုဒ်မခွဲ များအရ ဝန်ဆောင်မှုနှင့် ပက်သက်၍ အချက်အလက်များကို စားသုံးသူသိရှိစေရေန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း၊ စသည်တို့ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့ပါက စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကိုပါ ထပ်ဆင့်ရှင်းလင်းခဲ့သည်ဟု ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC (19/2025-2026) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meetingဖြင့်တက်ရောက်

              ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ MC (19/2025-2026) အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

            ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်း‌ရေးမှူးမှ အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး MC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လည်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ