
စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း( Myanmar Rice Online – MyRo) တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှ့ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ (သို့) စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင်/ မြို့နယ်များမှ မှတ်ပုံတင်ထားရှိသည့် အလုံးရေ (၁၈၉) လုံး မှတ်ပုံတင်ထားရှိကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်း များနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည်(၈.၇.၂၀၂၆)ရက်နေ့တွင် တိုင်းဒေသကြီး ဆန်ကုန် သည်များအသင်းနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ လုပ်ငန်းရှင်များအား ဖုန်းဖြင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် ဖြည့်သွင်းရန် ကျန်ရှိသည့် လုပ်ငန်းရှင်များ ၊ (Myanmar Rice Online Myro)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို မပျက်မကွက် မှန်ကန်စွာထည့် သွင်းပေးနိုင်ရေး၊ ရေးသွင်းသည့်အချက်အလက်များနှင့် မြေပြင်လက်ကျန် အခြေအနေများ ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)
