သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရတနာ(တိုက်ကြီး)စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံနှင့် ပူးပေါင်းအဖွဲ့အစည်းများမှ ၁၇.၁၂.၂၀၂၄ နံနက်(၉:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ပြည်လမ်းရှိ ရတနာ(တိုက်ကြီး)စက်သုံးဆီအရောင်းဆိုင်တွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ် သောကြာ နေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျှက်ရှိရာ သတ်မှတ်ဈေးနှုန်းဖြင့်သာ ဖြန့်ဖြူးရောင်းချ ပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီ သိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် စက်သုံးဆီဝင်ရောက်နိုင်မှုအခြေအနေများ စက်သုံး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/ မရှိတို့အား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

မှော်ဘီမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

မှော်ဘီမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်သို့ (၁၆.၁၂.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်တွင် စိုက်ပျိုးရေးဆေးမျိုးစေ့နှင့်ဓါတ်မြေဩဇာ အရောင်းဆိုင် (၂) ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ပါဝင်သောအဖွဲ့များသည် မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ မမူနှင့် ပြည်လမ်းမပေါ်ရှိ အစဉ်ရှယ် ဓါတ်မြေဩဇာအရောင်းဆိုင်များတွင် ဓါတ်မြေဩဇာဈေးနှုန်းများ သတ်မှတ်ရည်ညွှန်း ဈေးနှုန်း အတိုင်းရောင်းချခြင်းရှိ/မရှိ၊ ရောင်းချခွင့် လိုင်စင်ရှိ/မရှိ၊ လိုင်စင်သက်တမ်း ကုန်ဆုံးခြင်း ရှိ/မရှိ၊ လုပ်ငန်းရှင်များအနေဖြင့် ဓါတ်မြေဩဇာနှင့်မျိုးစေ့စသည့် တစ်မျိုးခြင်းအလိုက် ရောင်းချခွင့်လိုင်စင်များပြုလုပ်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ဓါတ်မြေဩဇာနှင့် သက်တမ်းလွန် မျိုးစေ့များ ရောင်းချခြင်း မပြုလုပ်ရန်လည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကံမမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေး ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ (၁၃-၁၂-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကံမမြို့အမှတ်(၁၊၂၊၃၊၄)ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကံမမြို့နယ်တာဝန်ခံမှ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်း လွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန်၊ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း တင်သွင်းရောင်းချ ခြင်းမပြုရန်၊ ဆေးဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးများပြတ်လပ်မှု မရှိစေ‌ရေး တို့အား အသိပညာပေးဆွေးနွေးခဲ့ပြီး ဆေးဝါးဈေးနှုန်းကောက်ယူခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

 

ကံမမြို့၊ မြို့မစည်ပင်ဈေး၌ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၁၇-၁၂-၂၀၂၄) ရက်နေ့နံနက်(၁၁း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကံမမြို့၊ မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်(၃)ဆိုင်တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ စားသုံးသူများဘေးကင်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရ မည့် အချက်များအား မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိပါက စားသုံးသူ ကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် ကုန်စည်များနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းကို အသေးစိပ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

ကံမမြို့၌ စားသုံးသူပြည်သူများအတွက် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုအား ကြပ်မတ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၆.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကံမမြို့၊ အမှတ်(၁၊၂၊၃၊၄)ရပ်ကွက်များရှိ ဆီဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်ရဲ တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အဖွဲ့စုံဖြင့်  ‌ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

 ထိုသို့ ကြပ်မတ်ဆောင်ရွက်ရာတွင် ကံမမြို့၊ အမှတ်(၃၊၄)ရပ်ကွက်ရှိ မျိုးဆီဆိုင်နှင့် လှိုင်ဆီ ဆိုင်သို့လည်းကောင်း၊ အမှတ်(၁၊၂)ရပ်ကွက်ရှိ ရွှေတိုးဆီဆိုင်နှင့် ဟိန်းဆီဆိုင်သို့လည်းကောင်း စားသုံးသူပြည်သူများအတွက် စားအုန်းဆီရောင်းချပေးနေမှုအား ‌ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          DOCA(မကွေး)

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များ ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်းဦးစီးမှူးရုံးမှ ဦးဇော်ဇော်လတ် (ဒုတိယဦးစီးမှူး) ဦးဆောင်၍ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့်ကုန်ပစ္စည်းများ ရောင်းချနေသော Time Store ဆိုင်နှင့် ရွှေပြည်သစ်ဆိုင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်နှင့် ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ကံမမြို့တွင် အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၃-၁၂-၂၀၂၄)ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက်  အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်တာဝန်ခံက Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် အမိန့်ကြော်ငြာစာများကိုလည်းကောင်း၊ Online စနစ်ဖြင့် ရောင်းချ ရာတွင် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက ဆက်သွယ်တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြား ရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline (1535) သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူး ရုံးတွင် လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များဖြင့် ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)

 

စားအုန်းဆီရောင်းချဖြန့်ဖြူးသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးက ၁၂.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်အတွင်း စားအုန်းဆီရောင်းချလျက်ရှိသော ဆီလက်ကားကိုယ်စားလှယ်(၂၀)ဦးနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း အိမ်ထောင်စုအလိုက်ရောင်းချမှုအခြေအနေများ၊ လက်လီ၊လက်ကားဖြန့်ဖြူးမှုအခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းဒေသကြီးဦးစီးမှူးက “စားအုန်းဆီများဖြန့်ဖြူးရာတွင် မြို့နယ်အလိုက် ညီညွတ်မျှတမှုရှိစေရန်၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်”၊ တိုင်းဒေသကြီးအတွင်း ခွဲဝေပေးထားသော စက်မှုလုပ်ငန်းသုံးဆီများအား မိမိလုပ်ငန်းတွင်သာအသုံးပြုရန်၊ အခြားတိုင်းဒေသကြီးများမှ စီးဝင်နေသောဆီများရှိပါက ဝယ်ယူရောင်းချခြင်းမပြုလုပ်ရန်နှင့် ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်သောကြောင့် မှန်မှန်ကန်ကန် ဆောင်ရွက်စေလိုကြောင်း မှာကြားဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

ကံမမြို့ပေါ်ရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအားအသိပညာပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၇.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကံမမြို့ပေါ်၌ ဆန်ရောင်းချ နေသော လက်လီ၊ လက်ကား အရောင်းဆိုင်(၆)ဆိုင်သို့ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် အလို့ငှာ ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် MyROတွင် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန် ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အသိပညာပေးခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MyROတွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့နှင့် နောက်ပိုင်းတွင် www.myro. com.mm၌ မှတ်ပုံတင်လျှောက်ထားမှု မရှိသည်ကို စိစစ်တွေ့ရှိရပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ကြောင်း ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် ဈေးနှုန်းများ အတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူ ပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများ ပြည်သူများသို့ ရောင်းချစေရေး အသိပညာပေး ပြောကြားခဲ့ပြီး ရောင်းချသည့်ဈေးနှုန်းနှင့် လက်ကျန်စာရင်းများကောက်ယူခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

 

သရက်မြို့ပေါ်ရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်များအားအသိပညာပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် သရက်မြို့ပေါ်ရှိ ဆန်ရောင်းချနေသော လက်လီ၊ လက်ကား အရောင်းဆိုင်(၁၉)ဆိုင်သို့ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် အလို့ငှာ ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် MyROတွင် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်း နှင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန် ထားသည့် ဈေးနှုန်းများအတိုင်းရောင်းချစေရေး အသိပညာပေးခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်(၁၉)ဆိုင်တို့အား My ROတွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့နှင့် နောက်ပိုင်းတွင် www.myro. com.mm ၌ မှတ်ပုံတင်လျှောက်ထားမှု မရှိသည်ကို စိစစ်တွေ့ရှိရပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် ဈေးနှုန်းများ အတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူ ပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများ ပြည်သူများသို့ ရောင်းချစေရေး အသိပညာပေးပြောကြားခဲ့ပြီး ရောင်းချသည့်ဈေးနှုန်းနှင့် လက်ကျန်စာရင်းများကောက်ယူခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ