သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ပင်စင်လစာထုတ်(အငြိမ်းစား) ဝန်ထမ်းများအားလစဉ်စားအုန်းဆီရောင်းချပေးလျက်ရှိ”

        ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားရုံတွင် (၂၃-၁၂-၂၀၂၄)ရက်နေ့၊ နံနက် (8:၃၀)အချိန်မှစ၍ ပင်စင်လစာထုတ်(အငြိမ်းစား)ဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူပေါင်းပြီး ပင်စင်လစာထုတ်(အငြိမ်းစား)ဝန်ထမ်း တစ်ဦးလျှင်စားအုန်းဆီ (၁) ပိဿာနှုန်း ဖြင့်(၅၁၀)ဦးခန့်အား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။ ပင်စင် လစာထုတ်(အငြိမ်းစား)ဝန်ထမ်းများအား သက်သာချောင်ချိရေးအတွက် စားအုန်းဆီအပြင် ကြက်ဥ များကိုလည်း လာရောက်ရောင်းချပေးနေကြောင်းနှင့်ကြက်ဥများကို ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ညွှန်ကြားမှုဖြင့် သစ်တောရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံမှ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ရာ အငြိမ်းစားဝန်ထမ်းများအနေဖြင့်လည်း စားအုန်းဆီနှင့်ကြက်ဥများကို ဈေးသက်သာစွာ လစဉ်ဝယ်ယူရရှိနိုင်သဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ဒေးဒရဲမြို့ မြို့မဈေးတွင် စားသုံးဆီ (ဘူးသွင်း) ဆီအမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခြင်း

          ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့မဈေးရှိ စားသုံးဆီ (ဘူးသွင်း)ဆီအမျိုးမျိုး ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဈေးကွက်အတွင်းရောင်းချနေသော ဇမ္ဗူအေးမြေပဲဆီ၊ Meizan နေကြာဆီ၊ Lotus ဟင်းသီးဟင်းရွက်ဆီ၊ အမေထွားပဲဆီ၊ Duck ဟင်းသီးဟင်းရွက်ဆီ အစရှိသော ဘူးသွင်း ဆီဘူးများတွင် FDA ထောက်ခံချက်၊ ထားသိုသိမ်းဆည်းပုံ၊ ပါဝင်ပစ္စည်းဖော်ပြထားရှိမှု၊ မြန်မာဘာသာဖြင့်ဖော်ပြထားရှိမှု၊ သက်တမ်းလွန် ကုန်ဆုံးရက်၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက် နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိမှု တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ညွှန်ကြားချက်နှင့်အညီဖော်ပြထားပြီးကိုက်ညီမှုရှိကြောင်း တွေ့ရှိရသ ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော စားသုံးဆီ(ဘူးသွင်း)ဆီများကိုသာ ရောင်းချကြရန် အသိပညာပေး ဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဒီလိုလေးတွေစီမံဆောင်ရွက်ပေးတော့ပျော်တာပေါ့

     ယခုလက်ရှိစားသုံးသူများ၏ အဓိကလိုအပ်ချက်သည် အစားအသောက်ကုန်စည်နှင့် ဝန်ဆောင်မှုများကို သင့်တင့်မျှတသောဈေးနှုန်းနှင့်အဆင်ပြေစွာဝယ်ယူရရှိရန်ဖြစ် ပါသည်။ငွေကြေး ဈေးကွက်၏လှုပ်ခတ်မှုဒဏ်ကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှု့ဈေးနှုန်းဈေးကွက်မြင့်တက်ခဲ့ရပါသည်။ လက်ရှိဈေးနှုန်းဈေးကွက်၏ ရိုက်ခက်မှုကို စားသုံးသူများအခြေခံစားသုံးသူများကိုတိုက်ရိုက် ခံစားနေရပါသည်။

     တောင်ကြီးမြို့တွင် ဝက်သားတစ်ပိဿာ ၃၀၀၀၀ိကျပ် ၊အမဲသား ၂၄၀၀၀ကျပ်၊ကြက်သား(CP) ၂၀၀၀၀ိဈေးရှိသော်လည်း အခြေခံစားသုံးသူများနှင့်တိုက်ရိုက်ပတ်သက်မှု နည်းပါးပါသည်။ ကြက်ဥ တစ်လုံး ၄၀၀ိ-၄၅၀ိကျပ်၊ဆီတစ်ပိဿာ ပဲဆီ ၁၈၀၀၀ိကျပ်၊စားအုန်းဆီ၁၂၀၀၀ိ၊ဆန်တစ်ပြည် ၃၇၀၀ိ ကျပ်တို့ဖြင့် ရောင်းဝယ်နေကြရ ဈေးနှုန်းအသီးသီးတို့သည် စားသုံးသူနှင့်တိုက်ရိုက်ပတ်သက်နေ ပါသည်။ကုန်စိမ်းသီးနှံများတွင်လည်း အာလူးတစ်ပိဿာ ၉၀၀၀ိ၊ ပန်းဂေါ်ဖီ၃၅၀၀ိ ၊ပန်းမုံလာ ၃၂၀၀ိ ကျပ်ဖြင့် ဈေးကွက်ပေါက်နေသဖြင့် စားသုံးသူများ၏ နေ့စဉ်အိမ်စရိတ်အတွက်ခက်ခဲကျပ် တည်း နေရပေသည်။

          စားသုံးသူများ၏ခက်ခဲကျပ်တည်းမှုများကို ခွဲဝေဖြေသောအားဖြင့် ရှမ်းပြည်နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့သည် သက်ဆိုင်ရာအစုအဖွဲ့အသင်းအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ကြက်ဥထုတ်လုပ်ရောင်းချသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ တစ်ပတ်လျှင် (၃)ကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့်သောကြာရက်များတွင် တောင်ကြီးမြို့၊ မြို့မဈေး၊စပ်စံထွန်းဈေး၊အမှတ်(၅)ဈေး ၊အဝေရာ ကွင်းဈေး၊ရွှေညောင်ဈေး၊အေားသာယာမြို့သစ် အေးသီရိဈေးတို့တွင့် ကြက်ဥအရောင်းဒိုင် ၆ခုမှာ တစ်ခုလျှင် ကြက်ဥ ၉၀၀၀လုံးကို တစ်လုံး၃၈၀ ကျပ်ဖြင့် လိုက်လံရောင်းချ‌ပေးခဲ့ပါသည်။

     ဆီလုပ်ငန်းရှင်များအသင်းနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်၍ ပင်စင်စားဝန်ထမ်းများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် တစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ပိဿာ၁၅၀၀မှ ၁၇၀၀ခန့် နှင့် ဝန်ထမ်းမိသားစုများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် တလလျှင်ပိဿာ ၂၁၀၀၀ခန့်နှင့်အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များကိုလည်း လုပ်ငန်းအလိုက်လျှောက်ထားကို စိစစ်၍‌ ရောင်းချ ပေးလျက်ရှိကြောင်းသိရပါသည်။ထို့အပြင် ရပ်ကွက်အတွင်းရှိ စားသုံးသူမိသားစုများကိုလည်း ဆီလုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ  ကြီးကြပ်၍ အထောက်အထားစာအုပ်များ ပြုလုပ် စေပြီး မိသားစုတစ်စုလျှင် တစ်လ(၂)ကြိမ် ၊တစ်ကြိမ် တစ်ပိဿာနှုန်းဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း သိရပါသည်။

       ထို့အပြင် ပြည်ပမှတရားမဝင်ကုန်စည်များကြောင့် ပြည်တွင်းထုတ်ကုန်များဈေးကွက်နှင့် အရည်အသွေးများထိခိုက်လျှက်ရှိရာ ထိုးအားနည်းချက်များနှင့်စားသုံးသူတို့၏အကျိုးစီးပွားကို ထိန်းသိမ်း ကာကွယ်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များဖွဲ့စည်း၍ ကုန်စည် သိုလှောင်ရုံများတွင် တရားမဝင်ကုန်စည်သိုလှောင်ထားခြင်းရှိမရှိကို တောင်ကြီးမြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးရေးစီမံချက်များဖြင့်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

       ဝန်ထမ်း/ပင်စင်စားနှင့်စားသုံးသူပြည်သူများ၏ ခက်ခဲကျပ်တည်းမှုကို ခွဲဝေဖြေရှင်းပေးနေသော ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာအစုအဖွဲ့များ၏ ကောင်းမွန်သော ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုသည် စားသုံးသူများအတွက် ဝမ်းမြောက်အစီအမံများ ဖြစ်ကြောင်း ဂုဏ်ပြုရေးသားတင်ပြရပေမည်။

DOCA(ရှမ်း)

 

 

တောင်ကြီးမြို့ပေါ်ရှိ စည်ပင်သာယာဈေးများ၊ အေးသာယာဈေး၊ ရွှေညောင်ဈေးတို့တွင် ကြက်ဉအရောင်းဒိုင်များမှ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေ

    ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက်(၇:၃၀)နာရီချိန်တွင် ရှမ်းပြည်နယ်အတွင်းရှိ စားသုံးသူ ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမြင့်မားမှု မရှိစေရေးအတွက် ပြည်နယ်အတွင်းမှ ထုတ်လုပ်သောကြက်ဉများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ရောင်းချပေးရန် ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ ဉက္ကဌမှ လမ်းညွှန်မှာကြားချက်အရ ကြက်မွေးမြူရေးလုပ်ငန်းများမှ တောင်ကြီးမြို့ပေါ်ရှိ စည်ပင်သာ ယာဈေးများဖြစ်သော မြို့မဈေး၊ အမှတ်(၅)ဈေး၊ စဝ်စံထွန်းဈေး၊ အဝေရာဈေး၊ အေးသာယာမြို့မှ အေးသီရိဈေး၊ ရွှေညောင်ဈေးတို့တွင် နေ့စဉ် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)နေ့များတွင် တာဝန်ကျ ကြက်ဥဒိုင်များမှ အလှည့်ကျရောင်းချပေးသော နေရာများသို့ အမှန်တကယ်‌ရောင်းချမှု ရှိ/မရှိကို သွားရောက်၍  မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် (၁၃.၁၂.၂၀၂၄)ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ မြို့မဈေး၌ တာဝန်ကျသော ကောင်းထက်ကြက်ဥဒိုင်မှ အလုံးရေ(၂၂၈၀)လုံး၊ အမှတ်(၅)ဈေး၌ ဧရာနဒီ ကြက်ဥဒိုင်မှ အလုံးရေ(၂၁၅၀)လုံး၊ စဝ်စံထွန်းဈေး၌ ခိုင်ခိုင်ကျော် ကြက်ဥဒိုင်မှ အလုံးရေ(၂၂၄၅)လုံး၊ အဝေရာဈေး၌ တက်ချောင် ကုမ္ပဏီမှ အလုံးရေ(၄၉၀၀)လုံး၊ အေးသာယာမြို့ အေးသီရိဈေး၌ ပွင့်ကြက်ဥဒိုင်မှ အလုံးရေ (၇၃၀)လုံး၊ ရွှေညောင်ဈေး၌ မကွေးကြက်ဥဒိုင်မှ အလုံးရေ(၁၈၆၀)လုံးများကို တစ်လုံးလျှင်(၃၈၀)ကျပ် ဖြင့်ရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

                  

         

လက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက်(၁၁:၃၀) နာရီချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆေးဆိုင်များ ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဆေးပစ္စည်းများပြတ်လပ်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်းဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းရာတွင် တောင်ကြီးမြို့နယ်အတွင်း ဈေးကွက်တွင် ဆေး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်သူများ လိုအပ်သည့်ဆေးဝါးများ အလွယ်တကူဝယ်ယူရရှိစေရန် ဆေးဆိုင်များနေ့စဉ် ဖွင့်လှစ်ရောင်းချပေးရေး၊ သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့်ဆေးများနှင့် အရည်အသွေးပြည့်ဝသည့် ဆေးဝါးများကို သာရောင်းချရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချရေးတို့ကို ဆွေးနွေးခဲ့ပြီး စားသုံသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)

                  

ကျိုင်းတုံမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

           ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် ရောင်းချခြင်း ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ကျိုင်းတုံမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ပုလဲ (MPE)၊ တီစူပါလေဆာ၊ ယူရီးယား (မြင်းပျံ)၊ အစရှိသည့် ဓာတ်မြေဩဇာများကိုရောင်းချသည် ကိုတွေ့ရှိရပါသည်။  ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းတွေ့ရှိရ ပါသည်။ ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်ဝန်ထမ်းများသည် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြပါရှိရေး၊ မသမာသည့်နည်းလမ်းဖြင့် သိုလှောင်ထားခြင်း မရှိစေရေးနှင့် ပတ်သတ်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။ ထိုနောက် ဓာတ်မြေဩဇာ ရောင်းချသည့် လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သတ်၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀.၁၂.၂၀၂၄)ရက်နေ့တွင် လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ဆပ်ပြာရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆပ်ပြာရည်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)နှင့်မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေနှင့်သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)နှင့် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ဧည့်မထ(ဒေသဆန်)၊ ဧည့်မထ (နှံကောက်ဆန်)နှင့် ပေါ်ဆန်းမွှေးများကို အဓိကရောင်းဝယ်မှုပြုကြသည်ကိုတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူး များမှ ဆန်ဆိုင်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစား ရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ မှတ်ပုံတင်ရန်ကျန်ရှိသော ဆန်တန်ချိန်(၂၅)ဆံ့သို လှောင်ရုံများအား MyRoတွင် မှတ်ပုံတင်အမြန်ဆောင်ရွက်ကြရန်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် ထုတ်ပြန် ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

DOCA(ရှမ်း)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊  နံနက်(၀၉:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးသိန်း ယာဉ်အမှတ် 7J-2781  ISUZU မော်တော်ယာဥ်နှင့် ၉း၃၀ အချိန်တွင် ရေးလမ်းရှိ ဟိုင်းဝေးစတားကားဂိတ် ယာဥ်ရပ်နားစခန်းသို့ Kaung Hlyan New Asia Co,Ltd မှ  စားအုန်းဆီ (၉၂) ပေပါကို ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044 Nissan Diesel မော်တော် ယာဉ်ဖြင့် စုစုပေါင်းစားအုန်းဆီ (၁၈၂) ပေပါတို့ကို တင်ဆောင်၍ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး  ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ စုစုပေါင်း (၁၈၂) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်  ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။­

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အငယ်တန်းစာရေး)နှင့် ဝန်ထမ်းများသည် (၂၀.၁၂.၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဝေဘာဂီလမ်း၊ (ဌ)ရပ်ကွက် ၊ မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ဆန်လက်လီရောင်းချနေသော ဆန်ဆိုင်(၄)ဆိုင် ဆန်ရောင်းဝယ် ရေးဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

     ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း၊ (ရက် ၉၀) ၊ ဆင်းသွယ်၊ ဧည့်မထ ၊ကျားပျံ ၊ ဧရာဝတီပေါ်ဆန်း ၊ မနောသုခ စသည့်ဆန်များ ၏ (၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ၊ ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း မပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ