သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအား သတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီခြင်းရှိ/မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များ ဝယ်ယူရာတွင်အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် မိတ္ထီလာမြို့နယ် ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းပေါ်ရှိ စက်သုံးဆီဆိုင် (၇) ဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည် အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ၊  အရည်အသွေးပြည့်မီမှန်ကန် သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ်သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချမှုရှိသိရှိရပါသည်။

DOCA(မန္တလေး)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နေ့လယ် (၁၄:၀၀)ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ SME  လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းလုပ်ငန်းများအား စိစစ်ရမည့်အချက်များ ၊ အွန်လိုင်းမှ မှာယူသုံးစွဲရာတွင် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းမှ ကုန်စည်ဝယ်ယူရာတွင် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ (၂) မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှ ဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင်လည်း နည်းလမ်း (၅) မျိုးဖြင့် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့် နည်းလမ်း (၂) မျိုးဖြင့် ဖြေရှင်းပေးပါကြောင်း ပြောကြားခဲ့ရာ အသိပညာပေးပွဲသို့ လုပ်ငန်းရှင် (၂၀) ဦး တက်ရောက်ပြီး နေ့လယ် ( ၁၅:၀၀ ) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ရှိ Shwe Thedaw Company Limited ၏ ကိန္နရီအမှတ်တံဆိပ် ယက္ကန်းစက်ရုံ( အောင်ချမ်းမြအဆင့်မြင့်ချည်ချောအထည်လုပ်ငန်း ) သို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နံနက် (၁၀:၀၀) ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်း မြို့နယ်၊ အမှတ်(၁)အောင်မင်္ဂလာရပ် သဲတောမြို့ ရှိ Shwe Thedaw Company Limited ၏ ယက္ကန်းစက်ရုံအား ချည်ထည်များသွင်းကုန်လိုင်စင်ရရှိရေးအတွက် လုပ်ငန်းများအမှန်တကယ် ဆောင်ရွက်နေခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းရာတွင် Shwe Thedaw Company Limited ၏ ကိန္နရီအမှတ်တံဆိပ် ယက္ကန်းစက်ရုံ ( အောင်ချမ်းမြ အဆင့်မြင့်ချည်ချောအထည်လုပ်ငန်း ) သည် လုပ်သားအင်အား (၁၅၀) ဦးဖြင့် စက်ယက္ကန်းစင် (၂၀)နှင့် လုပ်သားအင်အား (၈၅၀) ဦးခန့်ဖြင့် ဘေးတန်းလုပ်ငန်းခွဲ စက်ယက္ကန်းစင် (၅၁၃) စင်၊ စုစုပေါင်း (၅၃၃) စင်ဖြင့် လည်ပတ်လျက်ရှိရာ တစ်နှစ်လျှင် ကျားဝတ်ပုဆိုးကွင်းပေါင်း (၃၃၆၀၀၀၀) ကွင်းထုတ်လုပ်ပြီး၊ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော အလားအလာရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊  ယခုအခါ ကုန်ကြမ်းတင်သွင်းခွင့်မရသဖြင့် လုပ်သားများ အလုပ်အကိုင်ရရှိရေးအတွက်သာ ရှေးရှု့၍ ထိန်သိမ်းလည်ပတ်နေရသဖြင့်  လက်ကျန်ကုန်ကြမ်းများဖြင့် စက်ရုံစွမ်းအားပြည့်လည်ပတ်နိုင်ရေး အခက်အခဲဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

 

 

မလှိုင်မြို့နယ်အတွင်းရှိ ရေသန့်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ် တာဝန်ခံသည်  စျေးကွက်အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မလှိုင်မြို့နယ်အတွင်း Chit Mate ရေသန့်လုပ်ငန်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

     ရေသည်လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့်သွင်းလိုကြောင်း တင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်အတွင်းရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

       စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများအား ခရိုင်အတွင်းရှိ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နေ့လယ် (၁၄:၀၀) ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။

      ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ခရိုင်၊ တိုင်းစားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခများ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပေးဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ရမည်းသင်းခရိုင်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ရုံးရှိ ဝန်ထမ်းများသည် ပျော်ဘွယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချနေသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား ဆွေးနွေးခဲ့ရာ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့်ဘိလပ်မြေတို့ကို စက်ရုံများမှတိုက်ရိုက်ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အပါချီအမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၁၁၂၀၀) ကျပ်၊ အယ်ဖာအမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၁၀၈၀၀) ကျပ်၊ ကြံ့နှစ်ကောင် အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၁၀၈၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပြီး၊ ဒီဇင်ဘာလ ပထမပတ်တွင်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ကုန်အဝင်နည်းသည့်အတွက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအားရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၁၆.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်းရှိ ဆန်ဆိုင် (၃) ဆိုင်အား ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင် ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး / ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  ဆန်ဂိုဒေါင်၊ ဆန်ဆိုင်ကြီးများအား ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဆန်လက်ကျန်နှင့်ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေး၊ ဆန်ဈေးနှုန်းမြင့် တက်ရောင်းချခြင်းရှိ/မရှိနှင့် ဆန်များကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ဆန်ဈေးနှုန်းမြင့်တင် ရောင်းချမှုမပြုလုပ်ရန် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့ခရိုင်အတွင်းရှိ မုန့်ဟင်းခါး/ခေါက်ဆွဲ လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ မိတ္ထီလာမြို့နယ် တာဝန်ခံသည် မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းရပ်ကွက်ရှိ မုန့်ဟင်းခါး/ခေါက်ဆွဲလုပ်ငန်းသို့   ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံသည့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော မုန့်ဟင်းခါး/ခေါက်ဆွဲများတွင် ကြာရှည်ခံ ဆေးဝါးများ၊ တားမြစ်ဆေးဝါးများ သုံးစွဲခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

သာစည်မြို့နယ်၊ တမာကုန်းကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

   မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်၊ တမာကုန်းကျေးရွာတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက်(၁၀:၃၀)နာရီချိန်တွင် စားသုံးသူကာကွယ် ရေးအသိပညာ ပေးဟောပြောဆွေးနွေးခဲ့ပါသည်။

   ဟောပြောပွဲတွင် စားသုံးသူရေရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး(ဒု-ကြီးကြပ်ရေးမှူး)မှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံးသူအခွင့််အရေး နစ်နာ ဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများ ဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ( ၄၈ ) ဦးတက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီးဟောပြောပွဲကို နံနက်(၁၁၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအကျိုးရလဒ်

 2024ခုနှစ် နိုဝင်ဘာလအတွင်းရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးခန်းမတွင်ပြုလုပ်သောအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်‌ရေး အလုပ်ရုံးဆွေးနွေး ပွဲကျင်းပခဲ့ရာ လေ့လာသူတစ်ဦးအဖြစ်တက်ရောက်ခဲ့ပြီး သိမြင်ခဲ့ရသည့် အတွေ့အကြုံ အတွေးအမြင် နှင့်သက်ဆိုင်ရာဌာနများ၏ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်‌ရေး ကူညီပံ့ပိုးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအစီအမံများကို တဆင့်ပြန်လည်မျှဝေချင်ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲတွင်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်ပတ်သက်၍ ပို့ကုန်မြှင့်တင်ရေးမူဝါဒအရ အမျိုးသားပို့ကုန်မဟာဗျူဟာကို 2013ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး(2015-2019) ခုနှစ်စီမံကိန်းဦးစားပေးကဏ္ဍ(11)ခုနှင့် စတင်ခဲ့ပြီး ဘဏ္ဍရေးဝန်ဆောင်မှု၊ ကုန်သွယ်မှုသတင်း အချက်အလက်၊ အရည်အသွေးစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် ထိုက်သင့် သည့် အစီအမံများစသည်(National Export Strategy-NES) ကိုအကောင်အထည်ဖော်ဆောင်ရွက် နေကြောင်းသိခဲ့ရပါသည်။

          NES (2020-2025)တွင် တိုးမြှင့်ရွေးချယ်ထားသည့်ကဏ္ဍများမှာ ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့်တန်ဖိုးမြင့်ထုတ်ကုန်များ၊ သစ်တော ထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာ၊ ခရီးသွားလုပ်ငန်းစသည်ဖြင့် တိုးမြှင့်တင်ပို့နိုင်ရေး စီးပွားရေးသံမှူးများမှ ကုန်သွယ်ဖက်နိုင်ငံများ၊ နည်းပညာနှင့်သတင်းအချက်အလက်၊ ဈေးနှုန်း ဈေးကွက်(ပြည်တွင်းပြည်ပ)အခြေအနေများ ဖြန့်ဝေခြင်း ဆောင်ရွက်နေသလို တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာ့ထွက်ကုန်များ အရည်အသွေးတိုးတက်ရန်နှင့် နည်းပညာများဖလှယ်ခွင့်အတွက်ကုန်စည်ပြပွဲများ ၊ ဈေးရောင်းပွဲတော်များ၊ အလုပ်ရုံဆွေးနွေးပွဲများ အခါအားလျော်စွာ ကျင်းပပေးနေကြောင်း သိရှိခဲ့ရပါသည်။

          ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့်ပတ်သက်၍ နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို သိမ်းဆည်းမှုပြုလုပ်မည်အဟုတ်ပဲ ထိုက်သင့်သော ကင်းလွတ်ခွင့်၊ လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျော့မှုနှင့်ကူညီပံ့ပိုးမှုများပေးနေပါကြောင်းသိရပါသည်။ နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် အဖွဲ့ဝင် အဖြစ် လျောက်ထားရန်လိုကြောင်း သို့မှသာအသိအမှတ်ပြု၍ ထိုက်သင့်သောအကျိုးခံစားခွင့် ရရှိမည်ဟုသိရပါသည်။

          ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဖွံ့ဖြိုးမှုဇုန်အလိုက်ဖွံ့ဖြိုးမှုဇုန်(၁)အနေဖြင့် အခွန်ကင်းလွတ်ခွင့် ၇ နှစ်သတ်မှတ်၍ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသောမြို့နယ်ဇုန်(၂)တွင် ဝင်ငွေကင်းလွတ်ခွင့် ၅ နှစ်နှင့်ဖွံ့ဖြိုး မှုနည်းသောဇုန်(၂)တွင် ဝင်ငွေကင်းလွတ်ခွင့် ၃ နှစ်သတ်မှတ်၍ ကင်းလွတ်ခွင့်ပြုထားကြောင်းသိရပါ သည်။ နိုင်ငံတဝှမ်း ဥပဒေ စည်မျဉ်းစည်းကမ်းနှင့်အညီ ရင်းနှီးမြှုပ်နှံလိုသောလုပ်ငန်းရှင်များကို ကြိုဆိုမည်ဖြစ်ပြီး ယခုလက်ရှိ ဘိလပ်မြေထုတ်လုပ်မှု ကုမ္ပဏီ ၇ ခုရှိရာ ၅ ခုလည်ပတ်လျှက်ရှိပြီး ဒေသဖွံ့ဖြိုးရေးအတွက်ဟိုပုံးဒေသ ကျောက်နီစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး သံမဏိတူဖော်ခြင်းလုပ်ငန်း၊ ဆီထုတ်လုပ်မှုလုပ်ငန်း၊ ပြည်ပပို့ကုန်မြင့်တင်ဖို့အတွက် အခြောက်ခံစက်ရုံ၊ အအေးခန်းစက်ရုံ၊ တန်ဖိုးမြင့်ထုတ်ကုန်စက်ရုံများ ရင်းနှီးမြှုပ်နှံမှုများကို နည်း ပညာလုပ်ငန်းဆိုင်ရာ ဖြေလျော့မှုများနှင့်အဖက်ဖက်မှ ကုန်စည်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနေ ကြောင်း သိရပါသည်။

          စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပတ်သက်၍အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင် ဖွံ့ဖြိုးတိုးတက်စေရန်မိမိတို့ဌာနမှ ကူညီဆောင်ရွက်ပေးနေကြောင်း ငွေရေး ကြေးရေးအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်အမြင် ပုဂ္ဂလိကဘဏ်များနှင့် ပါချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။ ချေးငွေကူညီပံ့ပိုးတိုးမြှင့်မှုရယူနိုင်ရန် SME တွင်မှတ်ပုံတင်မှသာ အကျိုးခံစားခွင့်ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ပြည်ပပို့ကုန်များ အရည်အသွေး ပြည့်မှီတင်ပို့နိုင်နေပြီး ဆက်လက်တိုးချဲ့တင်ပို့နိုင်ရေးအတွက် နည်းပညာအထောက်အကူပြု၊ ငွေကြေးစီမံခန့်ခွဲမှု၊ ထုတ်ပိုးမှု၊ ပြည်ပဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများနှင့် စက်မှု ထုတ်ကုန်လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များပြည်ပဈေးကွက်တို့ ဖောက်နိုင်ရန် သိရပါသည်။

          စိုက်ပျိုးရေးဦးစီးဌာနနှင့်ပတ်သက်၍ စိုက်ပျိုး‌ရေးထွက်ကုန်များ အရည်အသွေးမြင့်တင်ပို့နိုင် ရေးအတွက် အစားအစာဘေးကင်းလုံခြုံရေး၊ မိမိစိုက်ပျိုးထုတ်လုပ်သည့် သီးနှံအရည်အသွေး ကောင်းမွန်ပြီး ကုန်သွယ်ဖက်နိုင်ငံများသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များ နှင့်ကိုက်ညီစေရန်လိုက်နာကျင့်သုံးသင့်သလို မိမိစိုက်ပျိုးထုတ်လုပ်သည့်ဒေသနှင့် သဘာဝပတ်ဝန်း ကျင်ကို အစဉ်ရှင်သန်တိုးတက်သင့်ကြောင်းနှင့် မိမိလုပ်ငန်းနှင့်ဆက်စပ်ပတ်သက်သည့် ထုတ်လုပ်မှု ပတ်ဝန်ကျင်တစ်ခုလုံး ကျန်းမာပျော်ရွင်စေရန် ကူညီဆောင်ရွက်ရမည်ဟုသိရပါသည်။ မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍လက်ဖက် 1452 တန် ထောပတ်သီး 11933 တန် တင်ပို့နိုင်ခဲ့ ကြောင်းကုန်စည်ထုတ်ပိုးမှု ပတ်သက်၍ မန္တလေးနှင့်ရပ်စောက်မြို့နယ်များ တွင်ဂျပန်နည်းပညာ အသုံးပြု၍ ထုတ်ပိုးမှုစက်ရုံ(17)ရုံလည်ပတ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။ မြေယာအသုံးချရေး ဥပဒေ၊ မျိုးစေ့ဥပဒေ၊ မြေဩဇာနှင့်ပိုးသတ်ဆေးစသည်တို့၏ သိသင့်သိထိုက်သည်များကို အပြန် အလှန် ဆွေးနွေးမေးမြန်းခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်၍စားသုံးသူကာကွယ်ရေးဥပဒေပါ သိကောင်းစရာများ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ မိမိတို့ထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် အဓိကကျသည့် ကုန်ညွှန်းအမှတ်အသားနှင့်သက်ဆိုင်သည့် ဥပဒေ၊ ညွှန်ကြားချက်ပေးများ၊ စီးပွားရေးလုပ်ငန်းရှင် များမှ ကုန်စည်ဝန်ဆောင်မှုအပေါ်တွင်အာမခံချက်ပေးခြင်း၊ ၎င်းအာမခံချက်အပေါ်စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ စားသုံးသူအန္တရာယ်ဖြစ်စေမည့်ဖြစ်စဉ်ဖြစ်ရပ်အပေါ် တားမြစ်ချက် များ၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် တိုင်ကြားနိုင်သည့်သတင်းအချက်အလက်များကို မှတ်သားသိရှိရပါသည်။ ထို့အတူ Online Shop လုပ်ငန်းရှင်းများမှတ်ပုံတင်ခြင်း ပြုလုပ်ဆောင်ရွက် ရမည်ဖြစ်ပြီး လွန်ခဲ့သောနှစ်များကပင်စားသုံးသူများအနေဖြင့် Online Shop ရောင်းဝယ်မှု၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍နစ်နာမှုများရှိခဲ့ပြီး ဖြစ်စဉ်ဖြစ်ရပ်များကို ရှာဖွေဖော်ထုတ်ရာတွင် ပစ်မှု ကျူးလွန်သူ၏ကွင်းဆက်များ ဖော်ထုတ်မရပဲ စားသုံးသူနစ်နာမှုများကို ကာကွယ်ရန်အတွက် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး ကုန်သွယ်မှုလမ်းကြောင်းများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းဆွေးနွေး ပြောကြားမှုကို လေ့လာသိရှိခဲ့ရပါသည်။

          သတင်းကောင်းတစ်ရပ်အနေဖြင့် နာနတ်သီးနှင့်ပဲပုပ်စိုက်တောင်သူများအနေဖြင့် မြန်မာ့ ကုန်သွယ်မှုမြှင့်တင်‌ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့တို့အခြေပြစာချုပ်(Protocol)ချုပ်ခဲ့ပြီး တိုးမြှင့်တင်ပို့နိုင်တော့မည်ဖြစ်ပြီး မက္ကဒေး မီးယားနှင့်ထောပတ်သီးတို့ကိုလည်း တင်ပို့နိုင်ရေးဆက်လက်ညှိနှိုင်းထား ကြောင်းသိခွင့်ရခဲ့ပါ သည်။အရည်သွေးမြင့် မြန်မာထုတ်ကုန်များပြည်ပဈေးကွက်ချိတ်ဆက်နိုင်ရေးအတွက် တနေရာ တည်းတစုတစေပြနိုင်ရေးဆောင်ရွက်ပေးရန် ရောင်းအားမြှင့်တင်ရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် မြန်မာပို့ကုန်လုပ်ငန်းရှင်းများစွမ်းဆောင်ရည်မြှင့်တင်ပေးစေရန် ရည်ရွယ်၍ မြန်မာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဗဟိုဌာနကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိကြောင်းလည်း သိရ ပါသည်။ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာနှင့်ပို့ကုန်အရည်အသွေးမြှ င့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တိုင်း ဒေသကြီး၊ ပြည်နယ်များနှင့်နေပြည်တော်ရှိကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရုံးများနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်းများကိုအသိပေးခဲ့ပါသည်။

မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များနှင့်ပြည်ပဝယ်လက်များအကြား ကုန်သွယ်မှု လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများပိုမိုတိုးမြှင့်နိုင်ရေး  Digital e-commeuce. Platfoxm) ကို 2023-2024 ခုနှစ်တွင် တည်ဆောက်လျက်ရှိပါသည်။ commeuce. Platfoxm တွင် အဖွဲ့ဝင် အဖြစ်စာရင်းသွင်းပြီး Digital Trade Office တစ်ခုတည်ထောင်ပြီး Online ရုံးခန်း တစ်ခု သဖွယ်မိမိထုတ်ကုန်များကိုကြော်ငြာခြင်း၊ Customer များနှင့် ချိတ်ဆက်နိုင်ခြင်း     မြန်မာကုန်စည်

ဈေးနှုန်းဈေးကွက်နှင့် မိမိကုန်စည်များကို အဝင်အထွက်၊ လက်ကျန်အခြေအနေများကို Inventory Control System သုံးစွဲခွင့်ကို မိမိဖုန်းဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။

          တရားမကြောင်းအရ ဖြေရှင်းနိုင်ပြီး မူပိုင်ခွင့်ဆိုင်ရာ အင်ဂျင်စီသို့ အယူခံဝင်နိုင်ကြောင်း တီထွင်မှုဆိုင်ရာ မူပိုင်ခွင့် ဥပဒေအရ အခန်း(25)ခန်း ပုဒ်မ(118)ခု အရမှတ်ပုံတင်သက်တမ်း ၂၀ နှစ် အသိလျှောက်ထားနိုင်ပြီး တရားမကြောင်းအရ ဖြေရှင်းနိုင်ကြောင်း စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေအရ အခန်းပေါင်း(၂၄)ခန်းပုဒ်မ(102)ခုဖြင့် မူပိုင်ခွင့်လျှောက်ထားနိုင်ပြီး မိမိဝင်ဖန်တီး ထား သောစာပေအနုပညာ-ညာကာပစ္စည်းများကို အလွဲသုံးနစ်နာမှုများအတွက်မူပိုင်ခွင့် ဆိုင်ရာ အေဂျင်စီ သို့အယူခံဝင်၍ ပြစ်မှုကြောင်း တရားမကြောင်းအရ ဖြေရှင်းနိုင်ကြောင်းသိရပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် 2024ခုနှစ် ဇန်နဝါရီလ ၂၅ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (20/2024) ဖြင့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ခြင်း ဗဟို‌ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် 2023ခုနှစ် ဧပြီလ (၁)ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (1/2023) ဖြင့် အဖွဲ့ဝင်(၁၈)ဦးပါမူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီဖြင့် မူပိုင်ခွင့်လုပ်ငန်းဆိုင်ရာများကို ဥပဒေအမိန့် ညွှန်ကြားချက်များ ဖြင့်ဆောင်ရွက်လျှင်ရှိကြောင်းသိရပါသည်။

          လေ့လာသူတစ်ဦးအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲမှရရှိသောကုန်သွယ်မှုမြှင့် တင်ရေးလုပ်ငန်း စဉ်များနှင့်ဆက်သွယ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက် အလက်များ၊ စက်မှုထုတ်ကုန်များတန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပို့ကုန်မြှင့်တင်နိုင်‌ရေး နည်းလမ်းကောင်း များ၊စိုက်ပျိုးရေးထွက်ကုန်များ တန်ဖိုးမြှင့်ပို့ကုန်ဖြစ်ရေး၊ စိုက်နည်းစနစ်၊ ထုတ်ပိုးမှု စနစ်၊ ရိတ်သိမ်း ချိန်လွန်နည်းပညာများ၊ စားသုံးသူရေးရာဦးစီးဌာန၏ပို့ကုန်များတွင် ပါဝင်သင့်သောပို့ကုန်သွင်းကုန် နှင့်Online Sales လက်မှတ်လျောက်ထားခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်း များနှင့်ပို့ကုန် သွင်းကုန်လိုင်စင်များလျောက်ထားရာတွင် သိသင့်သိထိုက်သောလုပ်ငန်းစဉ်များနှင့် Online Sales လျောက်ထားရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ 2025 ဇန်နဝါရီ (၁)ရက်မှစတင်၍ လျောက်ထားလိုသည့်လုပ်ငန်းရှင်များကို စားသုံးသူရေးရာဦးစီးဌာနမှမြေမြင် ကွင်းဆင်းစစ်ဆေး ပြီးမှသာ အတည်ပြုချက်ဖြင့်လျောက်ထားနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

မူပိုင်ခွင့်နှင့်ပတ်သက်၍ပြောင်းလဲတိုးတက်လာသောစီးပွားရေးလုပ်ငန်းအဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန် ခေတ်မှီကောင်းမွန်သောမူပိုင်ခွင့်များ၏လုပ်ငန်းစဉ်များကိုလည်း လက်ခံကျင့်သုံး သင့်ကြောင်းနှင့်မူပိုင်ခွင့်ဦးစီးဌာနကို 2020ပြည့်နှစ် ဒီဇင်ဘာ 23ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ 1995ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့တွင်လည်းကောင်း အရှေ့တောင်

အာရှနိုင်ငံများအဖွဲ့(ASEAN)သို့ 1997 ခုနှစ်ဇူလိုင်လ(23)ရက်နေ့တွင်လည်းကောင်း ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့(WTPO)သို့ 2001ခုနှစ် မေလ(၁၅)ရက်နေ့တွင်လည်းကောင်း အဖွဲ့ဝင်အဖြစ်ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟုသိရပါသည်။

          ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေတွင် အခန်း(24)ခန်းပုဒ်မ (106)ခု ပါဝင်၍ (10)နှစ် တစ်ကြိမ် သက်တမ်းတိုးနိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်များ မိမိလုပ်ငန်းအတွက်နစ်နာခဲ့လျှင် ပြစ်မှု ကြောင်း တရားမကြောင်းအရဖြေရှင်းနိုင်ကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ အရ အခန်း(24)ခန်း ပုဒ်မ(၈၇)ခုပါဝင်၍ (၅)နှစ်တစ်ကြိမ် သက်တမ်းတိုးပြီး (15)နှစ်သက်တမ်းဖြင့် မိမိလုပ်ငန်း အတွက်နစ်နာခဲ့လျှင် ကုန်ညွှန်းအမှတ်အသား ဆိုင်ရာအချက်အလက်များ၊ Oniline Sales ဆိုင်ရာ လမ်းညွှန်းချက်များ ပို့ကုန်သွင်းကုန်ဆိုင်ရာ ဖြေလျော့မှုများနှင့်လိုင်စင်လျှောက်ထားမှုများ မူပိုင်ခွင့် ဆိုင်ရာဥပဒေနှင့်အကျိုးကျေးဇူးများ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းရှင်းများ လုပ်ငန်းခွင် နည်းပညာထုတ်လုပ်မှုထုတ်ပိုးမှု ကုန်စည်ဆိုင်ရာကန့်သတ်ချက်များ ဆက်သွယ်ဆောင်ရွက်ရမည့် ဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်ပုံ နည်းလမ်းများကို စီးပွားရေးလုပ်ငန်းရှင်များအတွက် ထပ်ဆင့် မျှဝေရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ