သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြင်းခြံမြို့နယ်ရှိ MyRO တွင်မှတ်ပုံတင်ထားသည့် လုပ်ငန်းသို့ကွင်းဆင်း

    မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်းထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်း များ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          မြင်းခြံမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံ အလုံး(၂၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ် ပြည့်မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့်လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက် ကျန်စာရင်းများ သတ်မှတ်ရက်အတွင်း မပျက်မကွက်ရေးသွင်းနိုင်ရေးအတွက် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ အမှတ်(၇)ရပ်ကွက်ရှိ‘‘ပြည့်လျှံ’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း၍ ညွှန်ကြားချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင် များအနေဖြင့် သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့ အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းရာတွင် အခက်အခဲ များရှိပါက လာရောက်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိလျှင် စီမံ ခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်ရှိ MyRO သိုလှောင်ရုံများ သက်တမ်းတိုးရေးနှင့် လစဉ် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းရေး ကွင်းဆင်း

   မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          မြင်းခြံမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံ အလုံး(၂၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ် ပြည့်မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့်လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက် ကျန်စာရင်းများ သတ်မှတ်ရက်အတွင်း မပျက်မကွက်ရေးသွင်းနိုင်ရေးအတွက် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ‘‘အောင်မြရင်’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း၍ MyRO နှင့်ပတ်သက်သောညွှန်ကြားချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းဆောင် ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်သက်တမ်းတိုး လျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လစဉ်လဆန်း (၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့် သွင်းရာတွင် အခက်အခဲများရှိပါက လာရောက်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြား ချက်များအား လိုက်နာမှုမရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ဓနစိန်တောင် မု့န်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းများကို လစဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဦးဝင်းထွန်းဦး၊ ဦးစီးမှူးသည်  ၁၉-၉-၂၀၂၅ ရက်နေ့တွင် မြင်းခြံမြို့၊အမှတ်(၁၈)ရပ်ကွက်ရှိ ဓနစိန်တောင် မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမှ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အချက်များအား အသိပညာပေး  ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

သဲသဲလှုပ် အာလူးကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး၊ ဦးစီးမှူးသည် ၁၉-၉-၂၀၂၅ ရက်နေ့တွင် မြင်းခြံမြို့၊ အမှတ်(၁၇)ရပ်ကွက်ရှိ သဲသဲလှုပ် အာလူးကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက် ၍ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်း အမှတ်အသားများကို ၂၀၁၉၊စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ စကားဝါ ဆေးအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက် များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့်လုံခြုံစိတ် ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။

            (၁၇.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြင်းခြံခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)ဦးဆောင်၍ ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ စကားဝါ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင် ရွက်ခဲ့ကြသည်။ ဈေးကွက်အတွင်းတွင် အရည်အသွေးမပြည့်မီ သည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့်ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိ စေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသောဆေးဝါးများသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ဆေးဝါးများ ကိုသာရောင်းချမှုရှိကြောင်း တွေ့ရှိရကြောင်းနှင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံး စွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်း များနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ သိုလှောင်ရုံပိုင်ရှင်မှ MyRO တွင်မှတ်ပုံတင်ထားရှိရေး လာရောက်လျှောက်ထား

   မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စားသုံးသူ ရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ဆန်စပါးလုပ်ငန်းရှင်များ၊ ဆန်ကုန် သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့်ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသောသူများအား သတ်မှတ်ပမာဏ များအလိုက် သိုလှောင်မှုများရှိပါက မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း MyRO(www.myro.com.mm)တွင် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး အသိပေးဆောင်ရွက်လျက်ရှိပါသည်။

          မြင်းခြံမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၂၀)ရှိပြီး ယခု စက်တင်ဘာလ(၁၇)ရက်နေ့တွင် မြင်းခြံမြို့ အမှတ်(၉)ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ အကယ်ဒမီဆန်ရောင်းဝယ်ရေးမှ (MyRO)တွင် မှတ်ပုံတင်ထားရှိနိုင်စေရေးအတွက် လာရောက်လျှောက် ထားရာ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)က သိုလှောင်ရုံလျှောက်ထားခြင်းနှင့်ပတ်သက်၍ လိုအပ်သည့်အချက်အလက်များ ဆောင်ရွက်ပေးခြင်းနှင့် MyRO မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စည်မျဉ်းစည်းကမ်းများ၊ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အား ရှင်းလင်းပြသ၍ လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ စတိုးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာသုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်း မှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ ပြည်တော် သာရပ်ကွက်ရှိ ‘‘ရောင်ခြည်’’စတိုးဆိုင်တွင် ရောင်းချနေသော အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် ရောင်းချနေသောအလှကုန်ပစ္စည်းများတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါဝင်မှုရှိ/မရှိ၊ ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှုများတွင် ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြမှု ရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက် များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များအား ရောင်းဝယ်မှုမပြုရန်၊ စားသုံးသူအား ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်သောကုန်စည်များနှင့် သက်တမ်လွန်ကုန်စည်များ ရောင်းချမှုများမပြုလုပ်ကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်နှင့်သုံးစွဲရန်မသင့်သော ကုန်စည်များရောင်းချခြင်းမပြုရန်၊ ဥပဒေ ပြဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များနှင့် မညီညွတ်သော ကုန်စည်များစစ်ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူမှုများ ခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်ရှိ MyRO သိုလှောင်ရုံများ သက်တမ်းတိုးရေးနှင့် လစဉ် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းရေး ကွင်းဆင်း

    မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံ အလုံး(၁၆)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့်လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ သတ်မှတ်ရက်အတွင်း မပျက်မကွက်ရေးသွင်းနိုင်ရေးအတွက် မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၈.၉.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျောက်ပန်း တောင်းမြို့ သာယာအေးရပ်ကွက်ရှိ ‘‘သန့်’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ကွင်းဆင်း၍ ညွှန်ကြားချက် များအား သိရှိလိုက်နာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်သက်တမ်းတိုး လျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းရာတွင် အခက်အခဲများရှိပါက လာရောက်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်း မြို့နယ်ရှိ MyRO တွင်မှတ်ပုံတင်ထားသည့် ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း

   မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သို လှောင်ရုံ အလုံး(၁၆)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် သက်တမ်းတိုးဆောင်ရွက်နိုင်ရေးနှင့်လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ သတ်မှတ်ရက်အတွင်း မပျက်မကွက်ရေးသွင်းနိုင်ရေးအတွက် မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၇.၉.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၃၀ နာရီအချိန်တွင် ကျောက်ပန်း တောင်းမြို့ ဈေးကွက်သစ်ရပ်ကွက်ရှိ ‘‘ဝင်းထိုက်’’ ဆန်ရောင်းဝယ်ရေးဆိုင်သို့ကွင်းဆင်း၍ ညွှန်ကြား ချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်သက်တမ်း တိုး လျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းရာတွင် အခက်အခဲများရှိပါက လာရောက် မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ ရီရီဆေးအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး

   သက်ဆိုင်ရာဌာနများ  ပူးပေါင်း မြို့နယ်တွင်း စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီ မှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့်လုံခြုံစိတ် ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတိုအတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။

      (၁၇.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်ရှိ ရီရီ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည်  အရည်အသွေးမပြည့်မီ သည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့်ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိ စေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသောဆေးဝါးများသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ဆေးဝါးများကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး ပူးပေါင်းအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့် ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ