
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ သာသနာ့ ဗိမာန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၅)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော်အခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် သံဃာတော်များမှ တရားတော်များ ရွတ်ဖတ်ကာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးများ၊ ပဒေသာပင် ဆက်ကပ်လှူဒါန်းသော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တကွ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
