သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့ပေါ်ရှိ SANဘက်ထရီအရောင်းဆိုင်အား စစ်ဆေးခြင်း

  ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ ၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေး အဖွဲ့များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့်  ထားဝယ်မြို့ရှိ SANဘက်ထရီ ရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်း အသုံးပြုသည့် အက် စစ်များအား သွားရောက် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် သတ်မှတ် ထုတ်ပြန်ချက်များနှင့်ကိုက်ညီမှုမရှိဘဲ တရားမဝင်တင်သွင်း သိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ရာ သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရန် ရှင်းလင်း ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးတွင် စားသောက်ကုန်အမျိုးမျိုးရောင်းချသည့်ဆိုင်များ စစ်ဆေးခြင်း

            ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးစည်ပင်သာယာဈေးအတွင်းရှိ စားသောက်ကုန်အမျိုးမျိုးရောင်းချသည့်ဆိုင်များရှိ စားသောက်ကုန်အမျိုးမျိုးတွင်  စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် အမိန့်၊ ညွှန်ကြားချက်နှင့် အညီ ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်/ တင်သွင်းရောင်းချသော ကုန်စည်များနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိနှင့် ဘေးအန္တရာယ်ရှိ/ မရှိကို ၁၆.၁၂.၂၀၂၄ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဗိုလ်တထောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဈေးအတွင်းရှိ စားသောက်ကုန်များသည် စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲရာတွင်  ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့် အချက်များပါဝင်မှုရှိ/ မရှိစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် စားသောက်ကုန်များနှင့် အခြားဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်မှုအား စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဈေးဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ စင်တာများအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ၊ နံနက် ၀၈း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှစစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ စင်တာများ၊ မုန့်တိုက်များအား စျေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ် ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော ဟင်းချိုမှုန့်များ၊ စားသုံးဆီ များ၊ ခေါက်ဆွဲခြောက်အမျိုးမျိုးအား မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲ လျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာန ဆိုင် ရာများ၏ ထောက်ခံချက်များမပါရှိသော တရားမဝင်ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ စစ်ဆေး ခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ MT ဓနသိန္ဓိ သင်္ဘောရှိ ကုန်ပစ္စည်းများ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ၁၈.၁၂.၂၀၂၄ ရက်နေ့ (၁၀:0ဝ နာရီမှ ၁၁:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် သာကေတဆိပ် ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော MT ဓနသိန္ဓိ သင်္ဘောရေယာဉ်အား တရားမဝင်ကုန်  ပစ္စည်းများ တင်‌ဆောင် ခြင်း ရှိ/မရှိ ၊ လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်းများ မရှိစေရေးတို့အတွက် ဌာနဆိုင် ရာအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင်  (ရန်ကုန်မှ ဘုတ်ပြင်း) သို့ ထွက်ခွာမည့်   MT   ဓနသိန္ဓိ သင်္ဘောတွင်  ကုန်မျိုးစုံ စသည့် ကုန်ပစ္စည်းများ တန်ချိန် (၈၇)တန် ကို တင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိပြီး တရားမဝင်ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ  သိုဝှက်သယ်ဆောင်ခြင်းမရှိပါကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်း ခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်း အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

     မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဖြေရှင်းရန်ကျန် တိုင်ကြားမှုများ၊ ဈေးကွက်အတွင်း ဦးစားပေး ကုန်စည်များ သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအခြေအနေများအား ညှိနှိုင်းဆွေးနွေး ရန်အတွက် (၁၃-၁၂-၂၀၂၄) ရက်နေ့   နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း(၉) ဦး တက်ရောက်ခဲ့ကြပါတယ်။

      မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌက အဖွင့်အမှာစကား ပြောကြားပြီး၊ အတွင်းရေးမှူးက ယခင် (၃/၂၀၂၄) စားသုံးသူရေးရာကော်မတီ အစည်အဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နှစ်၊ ဧပြီလမှ နိုဝင်ဘာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် စားသုံးသူတိုင်ကြားမှု၊ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန် တိုင်ကြားမှုများ၊ ဖြေရှင်းဆောင်ရွက်ရန် ကျန်ရှိသည့်အမှုများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရှိရပြီး အစည်းအဝေးအား နံနက် (၁၀:၃၀) နာရီအချိန် ပြီးစီးခဲ့ကြောင်း သိရှိရပါတယ်။

DOCA(မန္တလေး)

 

ဆင်မင်းဈေးအတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ၏စျေးနှုန်းများ၊ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ခြင်း

  ကုန်ဈေးနှုန်းကောက်ယူမှု လုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ထူးမြတ်အိ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်း (၁)ဦး၊   ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်း (၂)ဦး ဗဟိုစာရင်းအင်းအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဦးစီးမှူး ‌ဒေါ်တင်တင်လှနှင့် ဝန်ထမ်း (၂)ဦးတို့ ပူးပေါင်း၍  အလုံမြို့နယ်၊  ဆင်မင်းဈေးရုံးမှ တာဝန်ရှိ သူများလိုက်ပါပြီး ၁၈.၁၂.၂၀၂၄ ရက်နေ့၊ နံနက်(0၈:၀၀) အချိန်တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီလက်အောက်ရှိ ဆင်မင်းဈေး စည်ပင် သာယာရုံးသို့ သွားရောက်ပြီး အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် အခြေခံစားကုန်များ၏ (လက်လီ) ရောင်းချနေသည့် ဈေးနှုန်များ မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်း စိစစ်ဆောင်ရွက်စေရေးနှင့် ဈေးကွက်အတွင်းဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေးကော်မတီ တို့မှပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာဈေးနှုန်းအနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရပြီး စားသုံးသူ များ၏လိုအပ်ချက်များကို ရှေ့ဆက်လက်စီမံဆောင်ရွက်သွားနိုင်မည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည်ဖြစ်ပါသည်။

DOCA(ရန်ကုန်)

သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများကို လစဉ်ကွင်းဆင်းစစ်ဆေးမှုကို စတိုးများ၊ shopping mall များ၊ martနှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

    သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော  စားသုံးဆီများနှင့် ပတ်သက်၍ (၁၂-၁၂-၂၀၂၄) ရက်နေ့တွင် All Day Mart နှင့် ဟိန်းကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တို့အား စားသုံးသူရေးရာဦးစီးဌာနမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော တည်ဆဲဥပဒေညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့ကို လစဉ်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မန္တလေးတိုင်းဒေသကြီးဦးစီးမှူးလက်အောက်ရှိ ခရိုင်များတွင်လည်း လစဉ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနထောက်ခံချက်များပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီးမပါရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူကာကွယ်ရေး ဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ဆန်စပါး စိုက်ပျိူး၊ထုတ်လုပ်သူများအသင်း အလုပ်အမှုဆောင်ပြန်လည်ဖွဲ့စည်းခြင်း

    မန္တလေးတိုင်းဒေသကြီးတွင် ဆန်စပါးစိုက်ပျိူး၊ထုတ်လုပ်သူများအသင်း၏ အလုပ်အမှုဆောင်ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၃ရက် ၊နေ့လယ် (၁၄:၀၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ ကျောက်ဆည်၊မိတ္ထီလာခရိုင်များမှ ဆန်စပါးစိုက်ပျိုး၊ထုတ်လုပ်သူများအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အဆိုပါ အလုပ်အမှုဆောင်ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားတွင် တက်ရောက်လားသော ဆန်စပါး စိုက်ပျိုုး၊ထုတ်လုပ်သူများအသင်းမှ အလုပ်အမှုဆောင်အဖွဲ့များ ရွေးကောက်၍ အတည်ပြုနိုင်ရေးနှင့် အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ပြောကြားခဲ့ကြောင်း သိရသည်။         

DOCA(မန္တလေး)

         

အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

          (၁၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၉)နာရီအချိန် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ အကောက်ခွန် ဦးစီးဌာန(ရုံးချုပ်)၊ ဇေယျာသီဟအစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း နယ်မြေ၊ သီလဝါဆိပ်ကမ်းနယ်မြေနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အစည်းအဝေးအား အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေမှ ဦးဆောင် ကျင်းပခဲ့ရာ သက်ဆိုင်ရာဆက်စပ်ဌာနအဖွဲ့အစည်းများ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ BOT ဆိပ်ကမ်းများမှ တာဝန်ရှိသူများ၊ စက်သုံးဆီ ဆိပ်ကမ်း များမှ တာဝန်ရှိသူများ၊ ယာယီဆိပ်ကမ်းများမှ တာဝန်ရှိသူများ၊ ဆိပ်ကမ်းတာဝန်ခံများ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်စေရေးနှင့်ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး၊ မိမိတို့ နယ်မြေဒေသအလိုက် တရားမဝင်လမ်းကြောင်းများနှင့် နယ်မြေအခြေအနေများအား သိရှိရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူများမှ အကြံပြု သုံးသပ်တင်ပြခြင်း၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ညှိနှိုင်းအစည်းအဝေးကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့နယ်အတွင်း နေကြာသီးနှံစတင်စိုက်ပျိုးနေမှုအခြေအနေ

         ဆောင်းသီးနှံအနေဖြင့် နေကြာကို တိုက်ကြီးမြို့နယ် ဂေါ့ကျေးရွာအုပ်စု တန်ခူဆိပ် ကျေးရွာရှိ တောင်သူဦးချစ်မြိုင်၏ မြေယာတွင် ဆောင်းသီးနှံနေကြာကို (၁၅)ဧက စိုက်ပျိုးလျာထားလျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ၁၁.၁၂.၂၀၂၄ ရက်နေ့တွင် (၅)ဧက စတင်စိုက်ပျိုးနေကြောင်း နေကြာဆီသည် အခြားသောဆီအမျိုးအစားများထက် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသော ဆီအမျိုးအစားတစ်မျိုးဖြစ်ပါသည်။ နေကြာသီးနှံသည် ပြည်တွင်းစားသုံးမှုဖူလှုံရန်အတွက် တိုးချဲ့ လုပ်ဆောင်သင့်သော သီးနှံအမျိုးအစား တစ်မျိုး ဖြစ်ပြီး ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျော့ချပေးနိုင်သော အစားထိုးကုန်စည် တစ်မျိုး ဖြစ်ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ