
ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၅ ခုနှစ်၊အောက်တိုဘာလ၂၅ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ စာဖတ်ပြည်သူ(၁၀)ဦးအား SMEဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍အသိပညာပေး
ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်တာ၀န်ခံမှ SMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံ၍ထုတ်လုပ်သော ကုန်စည်များအရည်အသွေး ကောင်းမွန်စေပြီးပြည်တွင်း၊ ပြည်ပဈေးနှုန်းဈေးကွက်ရရှိမှုအခြေအနေများ၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာများရရှိစေရေးအတွက် မိမိဌာန နှင့် သက်ဆိုင်ရာဌာနများမဖွင့်လှစ်သောသင်တန်းများ တက်ရောက်နိုင်ရေးဆောင်ရွက်ပေးမှု အခြေ အနေများကိုဆွေးနွေးဟောပြောခဲ့ပါသည်။
ထို့ပြင်SMEလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်လုပ်သောကုန်ပစ္စည်းများတွင် မိမိတို့ဌာနမှသတ် မှက်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေ များကိုလည်းအသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ဧရာဝတီ)
